အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်တွင် နေထိုင်ခဲ့ဖူးသော ကမ္ဘာကျော် နိုင်ငံခြားသားများ
event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၉၂၂

မြန်မာပြည်တွင် နေထိုင်ခဲ့ဖူးသော ကမ္ဘာကျော် နိုင်ငံခြားသားများ

Read in English

၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် အသက် ၁၉ နှစ် အရွယ်သာ ရှိသေးသော အဲရစ်ဘလဲ (Eric Blair၊ နောင်တွင် ကလောင်အမည် ဂျော့အိုဝယ်လ် - George Orwell အမည်ဖြင့် ထင်ရှားလာခဲ့သူ) သည် မြန်မာနိုင်ငံ၊ ပြည်နယ်အဆင့် ပုလိပ်သင်တန်းကျောင်း တက်ရောက်ရန် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ သူသည် မြန်မာပြည်တွင် ငါးနှစ်ကြာ နေထိုင်ရင်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ (မြောင်းမြမြို့နှင့် တွံတေးမြို့)၊ ရန်ကုန်မြို့ (အင်းစိန်နှင့် သန်လျင်မြို့)၊ မော်လမြိုင်မြို့နှင့် ကသာမြို့များတွင် တာဝန်ကျခဲ့သည်။ များမကြာမီတွင် သူသည် ဗြိတိသျှနယ်ချဲ့စနစ်ကို စက်ဆုပ်လာခဲ့ပြီး ကိုလိုနစ်ခေတ် လူနေမှုဘဝ အကြောင်း အတွင်းကျကျ ဝေဖန်ထားသော စာအုပ်တစ်အုပ် ဖြစ်သည့် မြန်မာပြည် နေ့ရက်များ (Burmese Days) ကို ရေးသားခဲ့သည်။ 

မြန်မာပြည်တွင် နေထိုင်ခဲ့ဖူး၍ နောင်တွင် ကမ္ဘာကျော်လာသူများတွင် နိုင်ငံရေးရာ ဘောဂဗေဒပညာရှင် ဂျေအက်စ်ဖာနီဗယ်လ် (J. S. Furnivall)နှင့် ချီလီလူမျိုး ကဗျာဆရာ နိုဗယ်ဆုရှင် ပါဘလိုနေရူဒါ (Pablo Neruda)တို့ ဖြစ်ပါသည်။ 

ဖော်ပြပါဓာတ်ပုံမှာ အဲရစ်ဘလဲ (ဂျော့အိုဝယ်လ်) မြန်မာပြည်တွင် ရှိစဥ်က ရိုက်ကူးခဲ့သည့် သိရှိရသမျှ တစ်ခုတည်း ဖြစ်သည့် ဓါတ်ပုံ ဖြစ်သည်။ ထိုခေတ်အခါက မန္တလေးပုလိပ်ရုံး ထမင်းစားဆောင်ရှေ့တွင် ရိုက်ကူးထားသောပုံ ဖြစ်ပြီး ဝဲဘက်မှ တတိယမြောက်နေရာ မတ်တပ်ရပ်နေသူမှာ အိုဝယ်လ် ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်