အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၇၆၀ ခုနှစ်က ရန်ကုန်မြို့
event_note ခေတ်ကာလများပြပုံ

၁၇၆၀

၁၇၆၀ ခုနှစ်က ရန်ကုန်မြို့

Read in English

ရန်ကုန်မြို့ဟောင်းသည် ကျွန်းတကျွန်းနှင့် တူသည်။ ရေပြင်ကို ကျော်ဖြတ်ကာ မြောက်ဘက်သို့ ချွန်ထွက်နေသော အငူစွန်းကလေးတွင် ဆူးလေဘုရားကို တွေ့မြင်နိုင်သည်။ မြို့ကို ၁၂ ပေမြင့်သော ကျွန်းလုံးခံတပ်ဖြင့် ကာရံထားသည်။ ဝင်ပေါက်၊ ထွက်ပေါက်များစွာ ရှိပြီး ရွှေတိဂုံဘုရားရှိရာသို့ ဦးတည်သွားသည့် အုတ်လမ်းနှစ်လမ်း (ရွှေတိဂုံဘုရားလမ်းနှင့် ဝန်ကြီးလမ်း) ရှိသည်။ (လမ်းတစ်လျှောက်သည် တောနက်ကာ ကျားအန္တရာယ် ရှိသည်။) မြို့ဟောင်းတွင် (ပေါ်တူဂီ) ရိုမန်ကက်သလစ် ဘုရားကျောင်းနှင့် အာမေးနီးယန်း ဘုရားကျောင်းများ ရှိသလို ဗလီ၊ မြို့အုပ်အိမ်နှင့် တရားရုံး တစ်ရုံးလဲ ရှိသည်။ အာမေးနီးယန်းသင်္ချိုင်းမှာ မြို့အပြင်ဘက်နားတွင် ရှိသည်။ ခန့်မှန်းခြေအရ ယနေ့ ယောမင်းကြီးလမ်း (ယောက်လမ်း) အနီးတွင် ဖြစ်နိုင်သည်။ ခေတ်သစ်ရန်ကုန်မြို့၏ မြေအောက်တွင် တည်ရှိနေသည့်အရာများကို ကြည့်ခွင့်ရမည်ဆိုလျှင် ထူးခြား စိတ်ဝင်စားဖွယ်ရာကောင်းပေမည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်