အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်
event_note ခေတ်ကာလများပြပုံ

၁၃ ဒီဇင်ဘာ ၁၈၅၉ - ၁၉၂၅

မြန်မာပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်

people Queen Supayalat King Thibaw

Read in English

စုဖုရားလတ် (၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်-၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်) သည် အသက် ၁၉ နှစ် အရွယ် ဖြစ်သော ၁၉၁၆ ခုနှစ်တွင် သီပေါမင်း၏ နန်းမတော်အရှင် မိဖုရားခေါင်ကြီး ဖြစ်လာသည်။ နန်းစံသည့် ၇ နှစ်ကာလအတွင်း တော်ဝင်အာဏာကို (အထူးသဖြင့် နန်းတွင်းအသုံးစရိတ်ကို) လျှော့ချရန် အားထုတ်ကြသော ပြုပြင်ပြောင်းလဲရေး နန်းတွင်းမှူးမတ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ ဘုရင်၏ မိဖုရားနှင့် ကိုယ်လုပ်တော် အရေအတွက်ကို ကန့်သတ်ရန်လည်း အားထုတ်ခဲ့သည်။ သူမအား အပြောင်းအလဲကို ဆန့်ကျင်သော၊ လင်ယောက်ျား အပေါ် နိုင်လိုထက်မင်း ပြုသော၊ အကျင့်စာရိတ္တ ပျက်ပြားသော အာဏာရှင် အဖြစ် ဗြိတိသျှတို့က ဝါဒဖြန့်ခဲ့သည်။ များသောအားဖြင့် သီပေါမင်းနှင့် မိဖုရားတို့၏ အမည်ဆိုးဖြင့် ကျော်ကြားမှုသည် ဗြိတိသျှတို့ မြန်မာပြည်အား စစ်အင်အားဖြင့် ဝင်ရောက်စွက်ဖက်ရန်နှင့် နယ်ချဲ့ရန် အကြောင်းပြခြင်းနှင့် ဆက်စပ်နေတတ်သည်။ ဥပမာ - သီပေါမင်းဆိုလျှင် ဂျင် အရက်သောက်ကာ မူးနေတတ်သော ယစ်ထုပ်ကြီး အဖြစ် ပုံဖော်ခံရသော်လည်း အမှန်တကယ်တွင် သီပေါမင်းသည် အရက်သေစာကို တစ်စိုးတစိမျှပင် သောက်သုံးခဲ့ခြင်း မရှိသည်မှာ သေချာသလောက် ရှိသည်။ 

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားသည့်အချိန်တွင် စုဖုရားလတ်သည် အသက် ၂၆ နှစ်အရွယ်ရှိပြီး တတိယမြောက် သမီးတော် ရင်သွေး လွယ်ထားရချိန် ဖြစ်သည်။ သီပေါမင်းနှင့် အတူ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ ပြည်နှင်ခံရပြီး အိန္ဒိယပြည်တွင် ၁၈၈၅-၁၉၁၉ ခုနှစ် အထိ နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ရာ ၁၉၂၅ ခုနှစ် မကွယ်လွန်ခင် အထိ ရန်ကုန်မြို့ ချာချီလမ်း (ယနေ့ ကိုယ့်မင်းကိုယ့်ချင်းလမ်း) တွင် နေထိုင်ခဲ့သည်။ သူမ၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား ခြေတော်ရင်းတွင် မြုပ်နှံထားသည်။ လွန်ခဲ့သောနှစ် အနည်းငယ်က ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ စုဖုရားလတ်၏ နေအိမ်ဟောင်းကို အထပ်မြင့်တိုက် ဆောက်ရန် ဖြိုချလိုက်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်