အမေ့ခံအတိတ်
အမေ့ခံအတိတ်
မင်းတုန်းမင်း လှူဒါန်းခဲ့သော ရွှေတိဂုံဘုရား ထီးတော်
event_note ခေတ်ကာလများပြပုံ

၁၈၇၁

မင်းတုန်းမင်း လှူဒါန်းခဲ့သော ရွှေတိဂုံဘုရား ထီးတော်

people King Mindon Myoza of Popa Sir Ashley Eden

Read in English

၁၈၇၁ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ အပါအဝင် အောက်မြန်မာပြည် တစ်ခုလုံးကို သိမ်းယူထားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ကော်မရှင်နာမင်းကြီး ဆာအက်ရှ်လေအီဒင် (Sir Ashley Eden) က မင်းတုန်းမင်း အနေဖြင့် ထီးတော်သစ်ကို လှူဒါန်းမည် ဆိုပါက လှူဒါန်းနိုင်သည်၊ သို့သော် ဗြိတိသျှ အာဏာပိုင်များမှ တစ်ဆင့်ခံ လှူဒါန်းပေးမည်ဟု မလျှော့တမ်း ပြောသည်။ လှူဒါန်းနိုင်မည့်ပုံစံမှာ ထီးတော်ကို ဗြိတိသျှတို့က မင်းတုန်းမင်းထံမှ လက်ခံရယူကာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကို လွှဲပြောင်းပေးမည်ဟု ဖြစ်သည်။ မင်းတုန်းမင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကပ်လှူပါက မြန်မာပြည် တစ်ပြည်လုံးကို မင်းအာဏာ သက်ရောက်နေဆဲ ဖြစ်သည့် သဘောသက်ရောက်ကြောင်း ဗြိတိသျှတို့က ယုံကြည်ခဲ့ကြသည်။ 

သံဖြင့် ပြုလုပ်ထားသော ထီးတော်ကို ရွှေအလေးချိန် ပေါင် ၄၀၀ ကျော်ဖြင့် ရွှေချထားပြီး စိန်နှင့် အခြား အဖိုးတန်ကျောက်မျက်များစွာဖြင့် စီခြယ်ထားသည်။

ပုံတွင် ရွှေတိဂုံစေတီတော်တွင် ထီးတော်သစ် ကပ်လှူရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည့် ပုပ္ပါးမြို့စား ဦးဆောင်သော မင်းတုန်းမင်း၏ မှူးမတ်များကို တွေ့မြင်နိုင်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်