အမေ့ခံအတိတ်
အမေ့ခံအတိတ်

King Mindon

မင်းတုန်းမင်းကြီး၏ အသည်းကျော် သမီးတော် နောင်မွန်မင်းသမီး

နတ်မောက် နောင်မွန်မင်းသမီးသည် မင်းတုန်းမင်းနှင့် သရစိမ်းမိဖုရားတို့၏ သမီးတော် တစ်ပါး ဖြစ်သည်။ သီရိသုမလ္လာဒေဝီဘွဲ့ အပ်နှင်းခံရကာ နောင်တွင် သီရိပဒုမ္မာဒေဝီဘွဲ့ ချီးမြှောက်ခံရသည်။။ ၁၈၅၉ ခုနှစ် မန္တလေးနန်းတော်တွင် မွေးဖွားခဲ့ပြီး ကိုလိုနီခေတ်အတွင်း ရန်ကုန်မြို့တွင် ကံကုန်ခဲ့သည်။ ဤသည်မှာ မင်းသမီး အသက် ၂၀ ကျော်အရွယ် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလတွင် မန္တလေးနန်းတော်၌ ရိုက်ကူးထားသောပုံဖြစ်သည်။

အပြည့်အစုံ ဖတ်ရန်

အမရပူရနေပြည်တော်

၁၇၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဘိုးတော်ဘုရားမင်းကြီးသည် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ အလောင်းဘုရား၏ ပဉ္စမမြောက် သားတော် ဖြစ်သော ဘိုးတော်ဘုရားတွင် တရားဝင် မိဖုရား ၅၃ ဦးနှင့် သားတော် သမီးတော် ၁၂၀ ဦး ရှိပြီး သက်တော် ၃၈ နှစ်တွင် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ ထိုစဉ်က ကုန်းဘောင်မင်းဆက်၏ သက်တမ်းမှာ...

အပြည့်အစုံ ဖတ်ရန်

ကင်းဝန်မင်းကြီး

ကင်းဝန်မင်းကြီး ဦးကောင်း (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် - ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ ရက်)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိ သုခမိန်တစ်ဦး သာမက သံတမန်တစ်ဦးလည်း ဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို...

အပြည့်အစုံ ဖတ်ရန်

၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့ရောက် မကွေးမြို့စားနှင့် ဆာအာသာဖယ်ယာ

ပုံမှာ ၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့၌ ဆာအာသာဖယ်ယာနှင့် မကွေးမြို့စား တွေ့ဆုံနေပုံကို ရေးဆွဲထားသော ရေဆေးပန်းချီ ဖြစ်သည်။ မင်းတုန်းမင်းကြီး (၁၈၅၂-၁၈၅၃ ခုနှစ်) သည် နန်းတက်ခါစ အစောပိုင်းကာလများက ဒုတိယ အင်္ဂလိပ်-မြန်မာစစ် အတွင်း၌ သိမ်းပိုက်ခံခဲ့ရသော အောက်မြန်မာပြည်ကို ဗြိတိသျှတို့ထံမှ ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးသည် သူ၏ သြဇာအာဏာကြီးသော ဝန်ကြီးများထဲမှ...

အပြည့်အစုံ ဖတ်ရန်

မင်းတုန်းမင်းတရား၏ ပြုပြင်ပြောင်းလဲမှုများ

မင်းတုန်းမင်း မဟာမုနိဘုရားတွင် အလှူပြုနေပုံ။ မြန်မာတို့က မင်းတုန်းမင်းသည် သာသနာကို များစွာ အကျိုးပြုသည့် ဒါယကာတော်၊ နောက်ဆုံးသော မင်းကောင်းမင်းမြတ်ဟု မှတ်ယူကြသည်။ သူ အုပ်စိုးခဲ့စဉ် ၁၈၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ပိဋကတ်သုံးပုံကို ပြန်လည် အတည်ပြု သန့်စင်ရန် တိုင်းတပါးမှ ရဟန်းတော်များ အပါအဝင် ရဟန်းတော် အပါးရေ ၂၄၀၀ ကျော် တခမ်းတနား တက်ရောက်ခဲ့သည့်...

အပြည့်အစုံ ဖတ်ရန်

"အမိကလေး"

၁၈၅၅ ခုနှစ်က ဗြိတိသျှလူမျိုး ကိုးလ်စ်ဝါ့သီဂရန့် (Colesworthy Grant) က ရေးဆွဲခဲ့သော “အမိကလေး” ၏ ရေဆေးပန်းချီ ဖြစ်သည်။ အမိကလေးသည် ပြည်မြို့ စစ်ကဲကြီး (မြန်မာဘုရင်များ လက်ထက်က တပ်တစ်စု၏ ဒုတိယခေါင်းဆောင်) ၏ သမီးငယ် ဖြစ်သည်။ ကိုးလ်စ်ဝါ့သီဂရန့်သည် ၁၈၅၅ ခုနှစ်က အမရပူရ နေပြည်တော်နှင့် မင်းတုန်းမင်း၏ နန်းတော်သို့ ရောက်ရှိလာသော...

အပြည့်အစုံ ဖတ်ရန်

မြန်မာ-အမေရိကန် ဆက်ဆံရေး၏ မိုးသောက်ချိန်

၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်း (ဝဲဘက်) က အမေရိကန်နိုင်ငံ ၁၄ ဆက်မြောက် သမ္မတ ဖရန်ကလင်ပိရက်စ် (Franklin Pierce) (ယာဘက်) ကို သဝဏ်လွှာ ရေးသားပေးပို့ခြင်းမှ မြန်မာ-အမေရိကန် ဆက်ဆံရေး တရားဝင် အစပြုခဲ့သည်။ ထိုသဝဏ်လွှာ ပေးပို့စဥ်က မင်းတုန်းမင်းသည် မန္တလေးမြို့တော်သစ်ကို တည်ဆောက်ပြီးကာစ ဖြစ်ပြီး ခေတ်မီပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန် ကောင်းနေစဉ် ဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး ပညာသင်ယူဖူးသည့် မြန်မာကျောင်းသား

အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကန် ပြည်ထောင်စုသို့ ပထမဦးဆုံး ရောက်ဖူးသော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်မီ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။ ဤဓါတ်ပုံမှာ ၁၈၆၅ ခုနှစ်ဝန်းကျင်က အင်ဒီယားနားပြည်နယ်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ နောက်ဆုံးသောဘုရင် သီပေါမင်း

သီပေါမင်း (၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်- ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သည်။ လောင်းရှည်မိဖုရားမှ ဖွားမြင်သည့် မင်းတုန်းမင်း၏ ၄၁ ဦးမြောက် သားတော် ဖြစ်သည်။ သီရိပဝရ ဝိဇယာနန္တယ သတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏...

အပြည့်အစုံ ဖတ်ရန်

ကနောင်မင်းသားကြီး လုပ်ကြံခံရမှု

၁၈၆၆ ခုနှစ် သြဂုတ်လတွင် ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း လမ်းကြောင်းသည်လည်း ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် အိမ်ရှေ့စံမင်းသား ဖြစ်သည်။ မင်းတုန်းမင်းကြီး၏ ညီတော်ရင်း ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် အတူယှဉ်တွဲ ဆောင်ရွက်နေသူ ဖြစ်သည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦးသား လက်တွဲကာ တိုင်းပြည်၏ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ စီးပွားရေးစနစ် ဖွံ့ဖြိုးလာရန်၊ မိမိတို့၏ လွတ်လပ်ရေး...

အပြည့်အစုံ ဖတ်ရန်

မြင်ကွန်းမင်းသား

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မြင်ကွန်းမင်းသားသည် ဖခမည်းတော် မင်းတုန်းမင်းကို ပုန်ကန်တော်လှန်ခဲ့သည်။ ဦးရီးတော် အိမ်ရှေ့မင်းသား ဖြစ်သော ကနောင်မင်းသားနှင့် အခြားသော မှူးကြီးမတ်ရာများ လုပ်ကြံခံခဲ့ရသည်။ ထိုတော်လှန်ပုန်ကန်မှုသည် ရက်သတ္တပတ် အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီး သွေးထွက်သံယိုများစွာ ဖြစ်ခဲ့ပြီးမှသာ အဆုံးသတ်ခဲ့သည်။ ကနောင်မင်းသားသည် မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ယင်းကွယ်လွန်ခဲ့ခြင်းသည် တပ်မတော်နှင့် အခြားသော...

အပြည့်အစုံ ဖတ်ရန်

သံချက်ဝန်ဦးမြူ

ဤရှားရှားပါးပါး ဓါတ်ပုံတွင် သံချက်ဝန် ဦးမြူကို မြင်ရသည်။ သံချက်ဝန် ဦးမြူ (နောင်တွင် မင်းကြီးမင်းလှ မဟာစည်သူကျော် ဘွဲ့ခံ) သည် အဝနန်းတွင်းရှိ မှူးမတ်မျိုးနွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီမြို့တွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် ပြင်သစ်ပြည် ဗဟိုဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း (École Centrale des...

အပြည့်အစုံ ဖတ်ရန်