အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ နောက်ဆုံးသောဘုရင်  သီပေါမင်း
event_note ခေတ်ကာလများပြပုံ

၁ ဇန်နဝါရီ ၁၈၅၉

မြန်မာပြည်၏ နောက်ဆုံးသောဘုရင် သီပေါမင်း

room India

people King Mindon King Thibaw Laungshe Queen

Read in English

သီပေါမင်း (၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်- ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သည်။ လောင်းရှည်မိဖုရားမှ ဖွားမြင်သည့် မင်းတုန်းမင်း၏ ၄၁ ဦးမြောက် သားတော် ဖြစ်သည်။ သီရိပဝရ ဝိဇယာနန္တယ သတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏ (၁၁)ဆက်မြောက် ဘုရင် ဖြစ်သည်။ ၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် နန်းတက်ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ နန်းချခြင်း ခံရကာ နယ်နှင်ဒဏ် ခံနေရစဉ် ၁၉၁၆ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့၊ အသက် ၅၇ နှစ် အရွယ်တွင် နတ်ရွာစံသည်။ အငြင်းပွားဖွယ် ရွေးချယ်မှုများဖြင့် နန်းတက်လာပြီး အငြင်းပွားခံရဆုံးသော ဘုရင် ဖြစ်သော်လည်း လွတ်လပ်ရေးကို ထိပါးခြိမ်းခြောက်ခံနေရချိန်တွင် တိုင်းပြည်ကို ခေတ်မီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲရန် ရေကုန်ရေခမ်း ကြိုးစားသည့် အစိုးရတစ်ရပ်၏ အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဓါတ်ပုံ၏ အောက်ခြေတွင် သီပေါမင်း ကိုယ်တိုင် ရေးထိုးသည့် လက်မှတ်ကို မြင်နိုင်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်