
ဧပြီ ၁၉၅၅
၁၉ ၅၅ ခုနှစ် ဘန်ဒွန်းညီလာခံသို့ အသွား
room Myanmar
people ဦးနု Pandit Nehru U Ba U President Nasser Pham Van Dong Sardar Muhammad Naim Chou Enlai Chen Yi
၁၉၅၅ ခုနှစ် ဧပြီလ တွင် ကျင်းပခဲ့သော ဘန်ဒွန်းအစည်းအဝေးများသည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထိုသည်သာမက အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ သွားမည်သူများအားလုံး ရန်ကုန်တွင် မဖြစ်မနေ တစ်ထောက်နားခဲ့ရသည်။ ဖော်ပြပါဓာတ်ပုံမှာ အစိုးရအိမ်တော်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ပုံတွင် ပါဝင်သူများမှာ (ဝဲမှယာသို့) မြောက်ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး နောင်တွင် ဝန်ကြီးချုပ် ဖန်ဗန်ဒွန် (Pham Van Dong)၊ အာဖဂန် နိုင်ငံခြားရေး ဝန်ကြီး ဆာဒါမူဟာမက်နိမ် (Sardar Muhammed Naim)၊ တရုတ် ဝန်ကြီးချုပ် ကျိုးအန်လိုင် (Chou Enlai)၊ သမ္မတကြီး ဒေါက်တာဘဦး၊ အိန္ဒိယဝန်ကြီးချုပ် နေရူး (Nehru)၊ အီဂျစ် သမ္မတနက်ဆာ (Nasser)၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချန်ရိ (Chen Yi) နှင့် ဝန်ကြီးချုပ် ဦးနုတို့ ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်