အမေ့ခံအတိတ်
အမေ့ခံအတိတ်

Pandit Nehru

မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်

၂၀ ရာစုနှစ် မြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် အရေးကြီးဆုံးသော နေ့များထဲမှ တစ်နေ့၊ အရေးကြီးဆုံးနေ့တစ်နေ့ဟုပင်ဆိုနိုင်ပါသည်။ ၁၉ ၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ယူကေဝန်ကြီးချုပ် ကလီမန့်အက်တလီ (Clement Attlee) သည် အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။ “ဓနသဟာယအဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်သို့ အလျင်အမြန် ရွေ့လျားရန်”...

အပြည့်အစုံ ဖတ်ရန်

လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေး ရသည်။ ထိုအချိန်တွင် တိုင်းပြည်မှာ အပိုင်းပိုင်းကွဲနေပြီး တစ်ဆက်တည်းမှာပင် ပါကစ္စတန်နိုင်ငံအသစ် ပေါ်ပေါက်လာခဲ့သည်။ များမကြာမီပင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာနိုင်ငံသည် ဓနသဟာယနိုင်ငံများ ပြင်ပ၊ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံအဖြစ် မရှိသေးပါ။ ထို့ကြောင့်...

အပြည့်အစုံ ဖတ်ရန်

ဦးအောင်ဆန်းနှင့် ပန်ဒစ်နေရူးတို့၏ သမိုင်းဝင် တွေ့ဆုံပွဲ

ဖဆပလ ခေါင်းဆောင်ကြီးသည် မြန်မာပြည် လွတ်လပ်ရေးအတွက် ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်မြို့သို့ ခရီးထွက်စဉ်က ဖြစ်သည်။ ပန်ဒစ်နေရူး (Pandit Nehru) သည် ဦးအောင်ဆန်း လန်ဒန်ဆောင်းရာသီတွင် ဝတ်ဆင်ရန် နွေးနွေးထွေးထွေးရှိသည့် အဝတ်အစားတစ်စုံနှင့် ကုတ်အင်္ကျီ တစ်ထည်ကို မိမိ၏ အပ်ချုပ်ဆရာအား ချုပ်လုပ်စေသည်။ ၁၉၄၆-၁၉၄၇ ခုနှစ်...

အပြည့်အစုံ ဖတ်ရန်

အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ၏ နှစ်နိုင်ငံကြား အလည်အပတ် ခရီးစဉ်များ

၂၀၁၂ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉ ၄၇-၄၈ ကတည်းက နှစ်နိုင်ငံအကြီးအကဲများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလည်အပတ်လာရောက်ခဲ့သည့် ခရီးစဉ် တစ်ဒါဇင်ထဲမှ တစ်ခုဖြစ်လေသည်။  ဖော်ပြပါပုံနှစ်ပုံမှာ ၁၉၅၁ ခုနှစ်က ရိုက်ကူးခဲ့သည့် အိန္ဒိယနှင့် မြန်မာ ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ...

အပြည့်အစုံ ဖတ်ရန်

၁၉ ၅၅ ခုနှစ် ဘန်ဒွန်းညီလာခံသို့ အသွား

၁၉၅၅ ခုနှစ် ဧပြီလ တွင် ကျင်းပခဲ့သော ဘန်ဒွန်းအစည်းအဝေးများသည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထိုသည်သာမက အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ သွားမည်သူများအားလုံး ရန်ကုန်တွင် မဖြစ်မနေ တစ်ထောက်နားခဲ့ရသည်။ ဖော်ပြပါဓာတ်ပုံမှာ အစိုးရအိမ်တော်တွင်...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ရောက် နေရူးနှင့် နက်ဆာ

၁၉၅၅ ခုနှစ်က ဘက်မလိုက် (ကြားနေဝါဒ) ခေါင်းဆောင်များ ဖြစ်ကြသည့် အိန္ဒိယမှ ပန်ဒစ်နေရူး (Pandit Nehru) နှင့် အီဂျစ်မှ ဂမဲလ်အဗ်ဒဲလ် နက်ဆာ (Gamal Abdel Nasser) တို့ (ဦးနုနှင့်အတူ) ရန်ကုန်မြို့ ကုန်သည်လမ်းမပေါ် လမ်းလျှောက်ထွက်နေကြသည့် ပုံရိပ်ဖြစ်သည်။ ပထမဆုံးအကြိမ် အာရှ အာဖရိက ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ဘန်ဒေါင်းသို့အသွားခရီးလမ်းတွင် ရန်ကုန်မြို့၌...

အပြည့်အစုံ ဖတ်ရန်

၁၉၅၅ ခုနှစ်က ဘန်ဒေါင်းတွင် ကျင်းပခဲ့သော အာရှ-အာဖရိကန်နိုင်ငံများ ထိပ်သီးညီလာခံ

၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ အာရှ-အာဖရိကန်ညီလာခံကို ကျင်းပခဲ့သည်။ “ဘန်ဒေါင်းညီလာခံ”ဟု လူသိများသည်။ ညီလာခံ ဦးဆောင်ကျင်းပသူများတွင် မြန်မာနိုင်ငံ အပါအ၀င်ဖြစ်ပြီး  အိန္ဒိယ၊ ပါကစ္စတန်၊ စီလုံနှင့် အင်ဒိုနီးရှားတို့လည်း ပါ၀င်သည်။ အနောက်ကမ္ဘာဘက်ခြမ်းမှ မဟုတ်သော လွတ်လပ်ရေးရပြီးကာစ ၂၉ နိုင်ငံမှ ခေါင်းဆောင်များက တစ်ကမ္ဘာလုံး၏ လူဦးရေထက်၀က်ကျော်...

အပြည့်အစုံ ဖတ်ရန်