အမေ့ခံအတိတ်
အမေ့ခံအတိတ်

Alaungpaya

၁၈၈၁ ခုနှစ်က ပဲခူးမြို့ရှိ ရွှေသာလျောင်းဘုရား

ရွှေသာလျောင်း လျောင်းတော်မူဘုရား ဆင်းတုတော်၏ သက်တမ်းမှာ ရာစုနှစ် အတော်ကြာမြင့်နေပြီဟု ယုံကြည်ရပါသည်။ မွန်တို့၏ မြို့တော် ပဲခူးမြို့ကို အလောင်းဘုရား သိမ်းယူဖျက်ဆီးပစ်ပြီး မြို့ကိုလည်း လူအများက စွန့်ခွာသွားကြသဖြင့် ၁၇၅၇ ခုနှစ်တွင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော် တည်နေရာကို မသိကြတော့ပေ။ ၁၈၈၀ ပြည့်နှစ်တွင် တောကြီးမျက်မည်းတစ်နေရာ၌ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ပြင်ဆင်မွမ်းမံခဲ့သည်။

အပြည့်အစုံ ဖတ်ရန်

အမရပူရနေပြည်တော်

၁၇၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဘိုးတော်ဘုရားမင်းကြီးသည် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ အလောင်းဘုရား၏ ပဉ္စမမြောက် သားတော် ဖြစ်သော ဘိုးတော်ဘုရားတွင် တရားဝင် မိဖုရား ၅၃ ဦးနှင့် သားတော် သမီးတော် ၁၂၀ ဦး ရှိပြီး သက်တော် ၃၈ နှစ်တွင် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ ထိုစဉ်က ကုန်းဘောင်မင်းဆက်၏ သက်တမ်းမှာ...

အပြည့်အစုံ ဖတ်ရန်

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၁)

၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် တစ်ဖြစ်လဲ ဝီလီယံခံတပ် (Fort William) ၏ ဘုရင်ခံချုပ် လော့ဒ်ဝီလီယံအမ်းဟတ်စ် (Lord William Amherst - နောင်တွင် ရခိုင်နယ်စား အမ်းဟတ်စ်)  သည် အင်းဝနေပြည်တော်ကို တရားဝင် စစ်ကြေညာသည်။ ထိုစစ်ပွဲမှာ နှစ်နှစ်ကျော် ကြာခဲ့ပြီး ဗြိတိသျှစစ်သမိုင်းကြောင်းတွင် ကုန်ကျစရိတ်အများဆုံး (ယနေ့ခေတ်...

အပြည့်အစုံ ဖတ်ရန်