အမေ့ခံအတိတ်
အမေ့ခံအတိတ်
အမရပူရနေပြည်တော်
North end of the bridge 1855
North end of the bridge 1855

One of the first photographs ever taken in Myanmar
One of the first photographs ever taken in Myanmar

A street in Amarapura in 1855, when it was still the capital under King Mindon.
A street in Amarapura in 1855, when it was still the capital under King Mindon.

event_note ခေတ်ကာလများပြပုံ

၁၃ မေ ၁၇၈၃

အမရပူရနေပြည်တော်

people King Mindon King Bodawpaya Alaungpaya

Read in English

၁၇၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဘိုးတော်ဘုရားမင်းကြီးသည် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ အလောင်းဘုရား၏ ပဉ္စမမြောက် သားတော် ဖြစ်သော ဘိုးတော်ဘုရားတွင် တရားဝင် မိဖုရား ၅၃ ဦးနှင့် သားတော် သမီးတော် ၁၂၀ ဦး ရှိပြီး သက်တော် ၃၈ နှစ်တွင် အမရပူရ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ ထိုစဉ်က ကုန်းဘောင်မင်းဆက်၏ သက်တမ်းမှာ ၂၅ နှစ်မျှသာ ရှိသေးပြီး တန်ခိုးအာဏာ အထွတ်အထိပ် ရောက်နေချိန် ဖြစ်သည်။ 

အမရပူရ သည် ပါဠိစကားလုံး ဖြစ်ပြီး “ထာဝရမြို့တော်”ဟု အဓိပ္ပါယ် ရသည်။ “အမရ” ဟူသည် လက်တင်စကားလုံး “immortalis” သို့မဟုတ် “immortal” ၏ ရင်းမြစ်တူ ဝေါဟာရ ဖြစ်ပြီး “ပူရ” မှာ ဂျာမန်စကားလုံး “burg”၊ အင်္ဂလိပ်စကားလုံး “borough” သို့မဟုတ် “bury” ၏ အဆက်အနွယ်ဖြစ်သည်။

ကုန်းဘောင်မင်းတို့သည် ယိုးဒယားပြည် (Siam) ကို အခါခါ ကျူးကျော်ဖျက်ဆီးသကဲ့သို့ တရုတ်ချင်မင်းဆက်၏ တပ်များကိုလည်း နှိမ်နှင်းနိုင်ခဲ့သည်။ ရခိုင်ပြည် (Arakan)၊ မဏိပူရပြည် (Manipur)၊ အာသံပြည် (Assam)၊ ဂျိန်းတိယပြည် (Jaintia)၊ ကချာပြည် (Cacher) တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ မဏိပူရပြည်နယ်၊ ယနေ့ခေတ် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သုံ့ပန်းထောင်သောင်းချီကို ဧရာဝတီမြစ်ဝှမ်းဒေသသို့ ခေါ်ဆောင်လာကြသည်။

သမိုင်းအထောက်အထားများ အရ ထိုခေတ်ကာလတွင် ဧရာဝတီ မြစ်ဝှမ်းဒေသနှင့် ရှမ်းပြည်မှ သာမန်ပြည်သူပြည်များ၏ လူနေမှုဘဝမှာ သိသာစွာ တိုးတက်လာကြောင်း သိရသည်။ အကြောင်းမှာ လူဦးရေ တိုးပွားလာခြင်း၊ ဒေသတွင်းကုန်သွယ် စီးပွားရေး အားကောင်းလာခြင်းအပြင် စစ်နိုင်၍ သိမ်းဆည်းရမိသော ပစ္စည်းဥစ္စာများကြောင့် ဖြစ်သည်ဟု သိရသည်။ ၁၉ ရာစု အစောပိုင်းတွင် တရုတ်ပြည်နှင့် ကုန်သွယ်ခြင်း (မြန်မာပြည်မှ လက်ဖက်နှင့် ဝါဂွမ်း တင်ပို့ပြီး တရုတ်ပြည်မှ ပိုးထည်နှင့် ငွေထည်များ တင်သွင်းမှုများ)သည် အမရပူရ၏ တိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးသကဲ့သို့ ဘုရင့်ဘဏ္ဍာ ပိုမိုချမ်းသာကြွယ်ဝလာစေခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပြီး စစ်လျော်ကြေး မြောက်မြားစွာပေးလိုက်ရခြင်းကြောင့် ကြီးပွားတိုးတက်မှုများအားလုံး ရုတ်တရက် ရပ်တန့်ပြိုလဲခဲ့ရတော့သည်။ (လျော်ကြေး ပမာဏကို အတိအကျ တွက်ချက်ရန် ခက်ခဲသော်လည်း ယနေ့ ငွေကြေးတန်ဖိုးဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံချီမည်ဟု ခန့်မှန်းရသည်။) 

မင်းတုန်းမင်းသည် ၁၈၅၇ ခုနှစ်တွင် အမရပူရမှ မန္တလေးမြို့သစ်သို့ ပြောင်းရွှေ့ နန်းစိုက်သည်။ သို့နှင့် မန္တလေးမြို့သည် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို ကျရှုံးပြီး ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ကာကုန်းဘောင်မင်းဆက်ကို ဆုံးခန်းတိုင်စေခဲ့သည့် နောက်ဆုံးမြို့တော် ဖြစ်ခဲ့သည်။ 

ထိုစဉ် ကမ္ဘာတစ်ဝှမ်းတွင် အောက်ပါ ဖြစ်ရပ်များ ဖြစ်ပွားလျက်ရှိသည်။ တရုတ်ပြည်တွင် တိုင်ပင်တော်လှန်ရေးကြီး အရှိန်ကောင်းနေပြီး နီပေါပြည်သည် တိဘက်ပြည်ကို ကျူးကျော်စစ်ထိုးသည်။ အော်တိုဝါ (Ottawa) နှင့် ဒဲလက်စ် (Dallas) တို့ကို မြို့ကြီးများအဖြစ် တရားဝင် ပေါင်းစည်းလိုက်ကြသည်။ ဘက်ဆီမာ (Bessemer)သည် သူ၏ စတီးပြုလုပ်ပုံ နည်းလမ်းကို မှတ်ပုံတင်သည်။ ချားလ်စ်ဒစ်ကင်းစ် (Charles Dickens)သည် “Hard Times” အမည်ရှိ လုံးချင်းဝတ္ထုကို ပုံနှိပ်ထုတ်ဝေလိုက်သည်။ ခရိုင်မီးယား (Crimea) တွင် ရုရှားတို့ စစ်ရှုံးသွားခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်