အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြင်ကွန်းမင်းသား
မြင်ကွန်းမင်းသား၏ သားတော်များကို ပါရီမြို့တွင် ၁၈၉၀ ပြည့်နှစ် ဝန်းကျင်က တွေ့ရစဉ်။ နယ်နှင်ဒဏ်ခံနေရသည့်ကာလ ၁၉၁၀ ပြည့်နှစ်များအတွင်း ဆိုင်ဂုံမြို့၌ ယင်းတို့နှစ်ဦးစလုံး ကွယ်လွန်အနိစ္စရောက်သည်။
မြင်ကွန်းမင်းသား၏ သားတော်များကို ပါရီမြို့တွင် ၁၈၉၀ ပြည့်နှစ် ဝန်းကျင်က တွေ့ရစဉ်။ နယ်နှင်ဒဏ်ခံနေရသည့်ကာလ ၁၉၁၀ ပြည့်နှစ်များအတွင်း ဆိုင်ဂုံမြို့၌ ယင်းတို့နှစ်ဦးစလုံး ကွယ်လွန်အနိစ္စရောက်သည်။

event_note ခေတ်ကာလများပြပုံ

၂ သြဂုတ် ၁၈၆၆

မြင်ကွန်းမင်းသား

room Viet Nam

people King Mindon Kanaung Prince Prince of Myingun

Read in English

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မြင်ကွန်းမင်းသားသည် ဖခမည်းတော် မင်းတုန်းမင်းကို ပုန်ကန်တော်လှန်ခဲ့သည်။ ဦးရီးတော် အိမ်ရှေ့မင်းသား ဖြစ်သော ကနောင်မင်းသားနှင့် အခြားသော မှူးကြီးမတ်ရာများ လုပ်ကြံခံခဲ့ရသည်။ ထိုတော်လှန်ပုန်ကန်မှုသည် ရက်သတ္တပတ် အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီး သွေးထွက်သံယိုများစွာ ဖြစ်ခဲ့ပြီးမှသာ အဆုံးသတ်ခဲ့သည်။ ကနောင်မင်းသားသည် မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ယင်းကွယ်လွန်ခဲ့ခြင်းသည် တပ်မတော်နှင့် အခြားသော တိုင်းပြည်၏ အဖွဲ့အစည်းများကို ခေတ်မီအောင် ကြိုးပမ်းအားထုတ်မှုများအပေါ် အထိနာစေခဲ့သည်။ မြင်ကွန်းမင်းသားကြီး၏ ယခုပုံမှာ ဆိုင်ဂုံမြို့ (Saigon) တွင် ရိုက်ကူးထားသောပုံ ဖြစ်ပြီး ၁၉၂၁ ခုနှစ်၌ ဆိုင်ဂုံမြို့တွင်ပင် ဆုံးပါးသွားခဲ့သည်။ မြင်ကွန်းမင်းသား၏ သားတော်များပုံမှာ ၁၈၉၀ ပြည့်နှစ်ဝန်းကျင်က ပါရီမြို့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ သူတို့သည်လည်း ၁၉၁၀ ပြည့်နှစ်များက ဆိုင်ဂုံမြို့တွင် ပြည်နှင်ခံရစဥ်ပင် ဆုံးပါးသွားခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်