အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျင်မခါနာကလပ်
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၂၇ - 1950s

ဂျင်မခါနာကလပ်

Read in English

ဟယ်လ်ပင်လမ်းပေါ်ရှိ ဂျင်မခါနာကလပ်သည် စစ်တွင်းက ပျက်စီးသွားခဲ့သည်။ ကလပ်ကို ပိတ်သိမ်းလိုက်သည့် ၁၉၅၀ ပြည့်နှစ်များ မတိုင်မီအထိ ရန်ကုန်မြို့၏ ထိပ်တန်း လူမှုရေးကလပ်နှစ်ခုထဲမှ တစ်ခု အဖြစ် ရပ်တည်ခဲ့သည်။ (ကျန်တစ်ခုမှာ ပဲခူးကလပ် ဖြစ်သည်။) ၁၉၂၇ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့ ဂျင်မခါနာကလပ်သည် ပထမတန်း ခရစ်ကတ်ကစားပွဲကို မာလီဘုန်း ခရစ်ကတ်အသင်း (Marlyebone Cricket Club)နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ဂျော့အိုဝဲလ် (George Orwell)သည် ထိုကလပ်မှ စားသောက်ဆိုင်၏ ပုံမှန်ဖောက်သည် ဖြစ်သည်။ ယနေ့တွင် ရေကူးကန်ကို မြေဖို့လိုက်ပြီ ဖြစ်သော်လည်း အဆောက်အဦမှာမူ ရန်ကုန်ကလေးဆေးရုံကြီးဝင်းထဲတွင် ရှိနေပါသေးသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်