အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား
event_note ခေတ်ကာလများပြပုံ

၁၈၇၂ - ၁၉၆၃

ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား

people King Mindon King Thibaw Prince of Pyinmana

Read in English

၁၈၇၈ ခုနှစ်က ပျဉ်းမနားမင်းသားသည် နန်းတက်ရန် လျာထားခြင်း ခံရသော မင်းသားတစ်ပါး ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင်လည်း ယင်းအား ဂျပန်တို့က “မြန်မာဘုရင်” အဖြစ် တင်မြှောက်ရန် စဉ်းစားခဲ့ကြသေးသည်။ ၁၈၇၂ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်း၏ သားတော်၊ သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သည်။ မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းတက္ကသိုလ် (Dehra Doon) တွင် ပညာသင်ကြားခဲ့သည်။ မင်းတုန်းမင်း၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော သားတော် ဖြစ်သည်။ နာဆာ (NASA) က ရုပ်မြင်သံကြားဂြိုလ်တု လွှင့်တင်သောနှစ်၊ ဘီတဲလ်စ်အဖွဲ့ (The Beatles) အဖွဲ့ ပထမဆုံး သီချင်းခွေ ထွက်ရှိသော ၁၉၆၃ ခုနှစ်တွင် ကံကုန်သွားခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်