အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၄၇

ဦးအောင်ဆန်းနှင့် ပန်ဒစ်နေရူးတို့၏ သမိုင်းဝင် တွေ့ဆုံပွဲ

room India

people General Aung San Pandit Nehru

Read in English

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည် လွတ်လပ်ရေး အတွက် ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်မြို့ (London) သို့ အသွားတွင် ဒေလီမြို့ (Delhi) ၌ ရပ်နားစဥ် ပန်ဒစ်နေရူး (Pundit Nehru) နှင့် တွေ့ဆုံခဲ့သည်။  

ပန်ဒစ်နေရူးသည် ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ထားသော အပူပိုင်းဒေသ ဝတ်စုံမှာ သမိုင်းတွင် အအေးဆုံး ဆောင်းတွင်းကို ရင်ဆိုင်နေရသည့် လန်ဒန် ရာသီဥတုနှင့် မကိုက်ညီကြောင်း မှန်းဆမိသဖြင့် ကုတ်အင်္ကျီ ကောင်းကောင်း တစ်ထည်နှင့် ပိတ်စအထူသားဖြင့် ချုပ်ထားသော ယူနီဖောင်းနှစ်စုံကို ဗိုလ်ချုပ်အောင်ဆန်းအား လက်ဆောင်ပေးခဲ့သည်။ ၁၉၄၆-၁၉၄၇ ခုနှစ်များက အင်္ဂလန် ဆောင်းရာသီသည် ရာစုနှစ် ၃ စု အတွင်း အအေးဆုံးသော ဆောင်းရာသီ ဖြစ်ပြီး အပူချိန်သည် အနုတ် ၂၁ ဒီဂရီ ဆယ်လ်စီးရပ်စ်ထိ ကျဆင်းသွားကာ လောင်စာ မလုံလောက်သောကြောင့် နိုင်ငံ အနှံအပြား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ပန်ဒစ်နေရူးသည် မြန်မာပြည်၏ မိတ်ဆွေတော်ကြီး တစ်ယောက် ဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်များမှ သူ သေဆုံးသည့် ၁၉၆၄ ခုနှစ် အထိ မြန်မာပြည်သို့ အကြိမ်ကြိမ် အလည်အပတ် လာရောက်ခဲ့သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်