အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၅၄

ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်

room China

people ဦးနု Mao Zedong

Read in English

ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးတွင် (၁၉၆၇ ခုနှစ်တွင် ဘေဂျင်း (Beijing) အစိုးရက ထောက်ခံအားပေးခဲ့သော ကွန်မြူနစ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း အပါအဝင်) အတက်အကျ များစွာ ရှိခဲ့သည်မှာ မှန်သော်လည်း လွတ်လပ်ရေး ရရှိချိန်ကပင် စတင်ကာ မြန်မာခေါင်းဆောင်ကြီးများ အားလုံးနီးပါးသည် အရှေ့ဘက်အရပ်မှ အင်အားကြီးမားသော အိမ်နီးနားချင်းဆီသို့ အလည်အပတ် အခေါက်ပေါင်းများစွာ သွားခဲ့ဖူးကြသည်။

ဖော်ပြပါပုံမှာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ်က မော်စီတုန်း (Mao Zedong) နှင့် တွဲ၍ ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဦးသန့်၊ ဗိုလ်မှူးအောင်ကြည်၊ ဦးမြင့်သိန်းနှင့် ဦးဝင်းဖေတို့ လိုက်ပါခဲ့ကြသည်။ ဥက္ကဌကြီးမော်သည် ပွင့်ပွင့်လင်းလင်း ဒဲ့ထိုးပြောတတ်သည့် ဦးနုကို (“ကျွန်တော်တို့က အင်အားကြီးနိုင်ငံတွေကို ကြောက်ရပါတယ်” ဟု ပြောခဲ့ပုံ) အံ့အားသင့်ခဲ့ပါလိမ့်မည်။ ပုံထဲတွင်တော့ နှစ်ဦးသား သင့်မြတ်နေပုံကို တွေ့ရသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်