အမေ့ခံအတိတ်
အမေ့ခံအတိတ်

Prince of Kanaung

ဘဝရှင် မင်းတုန်းမင်းတရား၏ ပြုပြင်ပြောင်းလဲမှုများ

မင်းတုန်းမင်းကို မြန်မာတို့က သာသနာကို များစွာ အကျိုးပြုသည့် ဒါယကာတော်၊ နောက်ဆုံးသော မင်းကောင်းမင်းမြတ်ဟု မှတ်ယူကြသည်။ ပြုခဲ့သည့် များစွာသော ကုသိုလ်ကောင်းမှု၊ တည်ဆောက်လှူဒါန်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၊ ထောက်ပံ့ခဲ့သည့် ရာထောင်ချီ ရဟန်းတော်များ၊ ၁၈၇၁ ခုနစ်တွင် ကျင်းပပြုလုပ်ခဲ့သော ပဉ္စမသင်္ဂါယနာတင်ပွဲ အစရှိသည်တို့ကို အမှတ်ရကြသည်။ ပိဋကတ်သုံးပုံကို ပြန်လည်အတည်ပြု သန့်စင်ရန် တိုင်းတပါးမှ ရဟန်းတော်များ အပါအဝင်...

အပြည့်အစုံ ဖတ်ရန်

ကနောင်မင်းသားကြီး လုပ်ကြံခံရခြင်း

၁၈၆၆ ခုနှစ် သြဂုတ်လတွင် ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း လမ်းကြောင်းသည်လည်း ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် မင်းတုန်းမင်းကြီး၏ ညီတော်ရင်း ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် အတူယှဉ်တွဲ ဆောင်ရွက်နေသူ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်သည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦးသား လက်တွဲကာ တိုင်းပြည်၏ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ စီးပွားရေးစနစ် ဖွံ့ဖြိုးလာရန်၊ မိမိတို့၏ လွတ်လပ်ရေး...

အပြည့်အစုံ ဖတ်ရန်

ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့

ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ်အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်းအတွက် ဂလက်စ်ဂိုမြို့ (Glasgow) တွင် တည်ဆောက်ခဲ့ခြင်း...

အပြည့်အစုံ ဖတ်ရန်

၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

လင်းပင်မင်းသားသည် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ သားတော်ငယ်တစ်ပါး ဖြစ်ပြီး သီပေါမင်းနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ၁၈၇၉ ခုနှစ်၌ မင်းညီမင်းသားများကို ဖမ်းဆီးကွပ်မျက်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၈၈၅-၇ ခုနှစ် အတွင်း ရှမ်းစော်ဘွားအချို့နှင့် အတူ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ကာလကတ္တားသို့ ပြည်နှင်ခံရပြီး နောင်တွင် အလာလာဘတ် (Allalabad) သို့ ပို့ခံရသည်။...

အပြည့်အစုံ ဖတ်ရန်