အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်
event_note ခေတ်ကာလများပြပုံ

၁၈၇၉ - ၁၉၃၃

၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

people King Mindon King Thibaw Prince of Kanaung Prince of Limbin

Read in English

လင်းပင်မင်းသားသည် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ သားတော်ငယ်တစ်ပါး ဖြစ်ပြီး သီပေါမင်းနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ၁၈၇၉ ခုနှစ်က မင်းညီမင်းသားများကို ဖမ်းဆီးကွပ်မျက်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၈၈၅-၇ ခုနှစ် အတွင်း ရှမ်းစော်ဘွား အချို့နှင့် အတူ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ကာလကတ္တားမြို့သို့ ပြည်နှင်ခံရပြီး နောင်တွင် အလာလာဘတ်မြို့ (Allalabad) သို့ ပို့ခံရသည်။ ၁၉၁၁ ခုနှစ်မှသာ ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ကံတော်ကုန်ခဲ့ပြီး သားတော် လေးပါး၊ သမီးတော် ခြောက်ပါး ကျန်ရစ်ခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ၁၉၀၀ ပြည့်နှစ် အစောပိုင်းနှစ်များတွင် မင်းမျိုးမင်းနွယ်များ၊ မှူးကြီးမတ်ရာ၊ မင်းမှုထမ်းများ (သားစဉ်မြေးဆက် အရိုက်အရာ ဆက်ခံနိုင်သော မြို့သူကြီးများ၊ မင်းမှုထမ်း မိသားစုများ) ပျက်စီးရာ ပျက်စီးကြောင်းဆိုက်ခဲ့ရတော့သည်။ 

ပုံ - ဦးစိုးဝင်း

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်