

၁၉၅၁
အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ၏ နှစ်နိုင်ငံကြား အလည်အပတ် ခရီးစဉ်များ
room India
people ဦးနု Pandit Nehru President Rajendra Prasad
၂၀၁၂ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉ ၄၇-၄၈ ကတည်းက နှစ်နိုင်ငံအကြီးအကဲများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလည်အပတ်လာရောက်ခဲ့သည့် ခရီးစဉ် တစ်ဒါဇင်ထဲမှ တစ်ခုဖြစ်လေသည်။ ဖော်ပြပါပုံနှစ်ပုံမှာ ၁၉၅၁ ခုနှစ်က ရိုက်ကူးခဲ့သည့် အိန္ဒိယနှင့် မြန်မာ ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ ဖြစ်သည်။ ပထမပုံမှာ ပလန်လေဆိပ် (Palam Airport၊ ယနေ့တွင် အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်)တွင် ဦးနုအား ပန်ဒစ်နေရူး (Pandit Nehru) လာရောက်နှုတ်ဆက်သည့်ပုံ ဖြစ်သည်။ ဒုတိယပုံမှာ ထိုခရီးစဉ်အတွင်းပင် ဦးနု၊ ပန်ဒစ်နေရူးတို့ သမ္မတ ရာဂျန်ဒရာပရာဆတ် (Rajendra Prasad၊ အိန္ဒိယနိုင်ငံ ပထမဆုံး သမ္မတ)နှင့် တွေ့ဆုံနေပုံ ဖြစ်သည်။ ဦးနုသည် ထိုစဉ်က အသက် ၄၅ နှစ် ရှိပြီ ဖြစ်ပြီး ဝန်ကြီးချုပ်သက်တမ်း ၃ နှစ် ရှိပြီ ဖြစ်သည်။ ဦးနုနှင့် ပန်ဒစ်နေရူးသည် မိတ်ဆွေရင်းချာများ ဖြစ်သည်။
ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်