အမေ့ခံအတိတ်
အမေ့ခံအတိတ်

King Mindon

ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့

ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ် အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်း (the Henderson passenger...

အပြည့်အစုံ ဖတ်ရန်

မင်းတုန်းမင်း လှူဒါန်းခဲ့သော ရွှေတိဂုံဘုရား ထီးတော်

၁၈၇၁ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ အပါအဝင် အောက်မြန်မာပြည် တစ်ခုလုံးကို သိမ်းယူထားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ကော်မရှင်နာမင်းကြီး ဆာအက်ရှ်လေအီဒင် (Sir Ashley Eden) က မင်းတုန်းမင်း အနေဖြင့် ထီးတော်သစ်ကို လှူဒါန်းမည် ဆိုပါက လှူဒါန်းနိုင်သည်၊ သို့သော် ဗြိတိသျှ အာဏာပိုင်များမှ တစ်ဆင့်ခံ လှူဒါန်းပေးမည်ဟု မလျှော့တမ်း ပြောသည်။ လှူဒါန်းနိုင်မည့်ပုံစံမှာ...

အပြည့်အစုံ ဖတ်ရန်

၁၈၇၂ ခုနှစ် ပန်းသေးတော်လှန်ရေး

၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာ့လီပြည်ကို ပြန်လည်သိမ်းပိုက်နိုင်လိုက်ပြီး ပန်းသေးလူမျိုးတို့၏ ခေါင်းဆောင် ဒူဝမ်ရှု (Du Wenxiu) ကို ဖမ်းဆီးရမိသောကြောင့် ဆယ့်ခြောက်နှစ်တာ ကြာမြင့်ခဲ့သော ပန်းသေးတော်လှန်ရေး အဆုံးသတ်သွားခဲ့သည်။ အဖမ်းခံရသောအခါ ဒူဝမ်ရှုသည် ဘိန်းအလွန်အကျွံ သောက်သုံးခဲ့သော်လည်း သူ့အား ခေါင်းဖြတ်စီရင်လိုက်ကြသည်။ ထို့နောက် ဦးခေါင်းကို ပျားရည်တွင် စိမ်ကာ ဧကရာဇ်ထံသို့ လက်ဆောင်...

အပြည့်အစုံ ဖတ်ရန်

ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား

၁၈၇၈ ခုနှစ်က ပျဉ်းမနားမင်းသားသည် နန်းတက်ရန် လျာထားခြင်း ခံရသော မင်းသားတစ်ပါး ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင်လည်း ယင်းအား ဂျပန်တို့က “မြန်မာဘုရင်” အဖြစ် တင်မြှောက်ရန် စဉ်းစားခဲ့ကြသေးသည်။ ၁၈၇၂ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်း၏ သားတော်၊ သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သည်။ မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းတက္ကသိုလ် (Dehra...

အပြည့်အစုံ ဖတ်ရန်

၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်

၁၈၇၅ ခုနှစ်က ကင်းဝန်မင်းကြီး ကာလကတ္တားမြို့သို့ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ရှားပါးဓာတ်ပုံ ဖြစ်သည်။ ထိုခရီးစဉ်သည် အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို တစ်ကွေ့တစ်ပြောင်း ဖြစ်စေခဲ့သည်။ ထိုခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယအင်ပါယာသို့ တိုင်းခန်းလှည့်လည်ရန် ရောက်ရှိနေသည့် (နောင်တွင် အက်ဒ်ဝါ့ဒ် ၇ ဘုရင် King Edward VII ဖြစ်လာမည့်) ဝေလမင်းသားနှင့် တွေ့ဆုံရန် ဖြစ်သည်။ ထိုခရီးစဉ်သည် ယိုယွင်းပျက်စီးလာနေသော...

အပြည့်အစုံ ဖတ်ရန်

၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

လင်းပင်မင်းသားသည် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ သားတော်ငယ်တစ်ပါး ဖြစ်ပြီး သီပေါမင်းနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ၁၈၇၉ ခုနှစ်က မင်းညီမင်းသားများကို ဖမ်းဆီးကွပ်မျက်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၈၈၅-၇ ခုနှစ် အတွင်း ရှမ်းစော်ဘွား အချို့နှင့် အတူ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ကာလကတ္တားမြို့သို့ ပြည်နှင်ခံရပြီး နောင်တွင် အလာလာဘတ်မြို့ (Allalabad) သို့...

အပြည့်အစုံ ဖတ်ရန်