အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂)

late 19th Century
ရှေးခေတ်ကတည်းက မြန်မာနှင့်ဆက်စပ်မှုရှိခဲ့သော စကော့တလန်


၁၉  ရာစုနှစ် အနှောင်းပိုင်းနှင့် ၂၀ ရာစုနှစ် အစောပိုင်းကာလများအတွင်း ရန်ကုန်ရှိ ထိတ်ထိတ်ကြဲ ကုမ္ပဏီအများစုမှာ စကော့တလန်လူမျိုးအပိုင်များ ဖြစ်ခဲ့ကြပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဂေါက်သီးရိုက် အားကစားနှင့် ဝီစကီအရက်ရှိနေခြင်းတို့သည် စကော့တလန်နှင့် မြန်မာအကြား ဆက်ဆံရေး၏ အမွေအနှစ်များဟုပင် ဆိုရပေမည်။ မျိုးရိုးစဉ်ဆက် ရန်ကုန်မြို့တွင် နေထိုင်လုပ်ကိုင်စားသောက်ခဲ့သော စကော့လူမျိုး အရေအတွက် ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ကိုလိုနီခေတ်က ရန်ကုန်မြို့ရှိခဲ့သော...


မြန်မာပြည်၏ဂျူးလူမျိုးများ

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများအနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ရှေးခေတ်ကတည်းကပင်.မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည် ဟုယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံးပါဝင်သော ဂျူးလူမျိုးမှာ အလောင်းဘုရား၏ စစ်တပ်တွင်အရာရှိအဖြစ် (၁၇၅၅ ခုနှစ်ဝန်းကျင်က) အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ပင်ဖြစ်သည်။  မော်လဒိုနိုင်ငံဖွား ဂျူးလူမျိုး ဖြစ်သူ ဂျိုးနက်စ် ဂိုလ်ဒင်ဘတ်ဂ်...


မြန်မာပြည်၏ ဂိုအာလူမျိုးများ

တစ်ချိန်တစ်ခါက ဂိုအာလူမျိုး (Goans) အသိုင်းအဝိုင်းကြီးတစ်စု ရန်ကုန်မြို့တွင် နေထိုင်ခဲ့ဖူးသည်။ (ယင်းတို့သည် ပေါ်တူဂီပိုင် ဂိုအာမြို့မှ လာကြသည်။) ပုံပါ အဆောက်အဦမှာ ရန်ကုန်ရှိ ဂိုအာလူမျိုးပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကာ အမှတ် ၄၆၅ ဒလဟိုစီလမ်း (မဟာဗန္ဓုလလမ်း)၌ တည်ရှိခဲ့သော E.M de Souza အိမ်သုံးဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင် (ဆေးဆိုင်) ဖြစ်သည်။ ယနေ့တွင် ထိုနေရာ၌...


မင်တိုမင်ရှင်ဟိုတယ်

တခေတ်တခါက ရန်ကုန်မြို့တွင် Strand Hotel နှင့်အဆင့်တူ အကောင်းဆုံးဟုသတ်မှတ်ခြင်းခံခဲ့ရပြီး ယနေ့ခေတ်တွင် ဖြိုလှဲခံရ၍ပျောက်ကွယ်သွားပြီဖြစ်သော မင်တိုမင်ရှင်ဟိုတယ်။ ဟယ်လ်ပင် လမ်းနှင့် လိဒ်စ်လမ်းထောင့် (ယခု ကလေးဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်) တွင် တည်ရှိခဲ့သည်။ အရှေ့အာရှဒေသတွင် ပြင်သစ်စားဖိုမှူးများကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ခန့်အပ်ထားသည်ဟု ကြေညာလေ့ရှိသည်။ (အမ်မ် လာ ကလာရီ)


၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်စည်ပင်သာယာရေးဌာန၏ ငွေရပြေစာ တစ်စောင်

၁၉၃၀ ပြည့်နှစ်ဝန်းကျင်က အခွန်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ် သမိုင်း ပုံရိပ်တစ။ ရန်ကုန်စည်ပင်သာယာရေးဌာန၏ ငွေရပြေစာ တစ်စောင် ဖြစ်သည်။ စုစုပေါင်း ၁၀ ရူပီးနှင့် ၁၄ အန်နာ ကျသင့်ပြီး အထွေထွေ၊ သန့်ရှင်းရေး၊ရေ နှင့် မီး ခွန်များ အဖြစ် ခွဲခြားပေးဆောင်ထားသည်။ ပေးဆောင်သူမှာ အမှတ် ၁၂၂ အီဗန်ဆန်လမ်း (ယခု မရမ်းကုန်းလမ်း) ရှိ...

1970
ရန်ကုန်မြို့ ၊စိန့်ဂျွန် ကောလိပ်။

ရန်ကုန်မြို့ ၊စိန့်ဂျွန် ကောလိပ်။ ၁၉၃၉-၁၉၄၀ ခုနှစ်ဒုတိယကမ္ဘာစစ် မဖြစ်ခင်လေးတွင် ရိုက်ခဲ့သောပုံဟုကျွန်တော်ယူဆသည်။ သို့သော်မှားနိုင်ပါသည်။စိန်ဂျွန်အပါအဝင် ဗမာပြည်ရှိများစွာသော အခြားကျောင်းများသည် ၁၉၇၀ ခုနှစ်များအထိ အာရှ၏ အကောင်းဆုံးကျောင်းများထဲတွင်အပါအဝင်ဖြစ်သည်။


ဖဲယားလမ်း (ပန်းဆိုးတန်း)နှင့် ကုန်သည်လမ်းထောင့်တွင် ရှိခဲ့ဖူးသော Whiteaway Laidlaw အမည်ရှိ ကုန်တိုက်။

ထိုအဆောက်အအုံကို ဖြိုဖျက်ပစ်လိုက်ကြပြီ ဖြစ်သည်။ ထိုနေရာတွင် အသစ်ဆောက်ထားသော အဆောက်အဦမှာ ကြည့်လို့မကောင်းလှချေ။

1940s - 1970s
တစ်ချိန်က နာမည်ကျော် ဘားလမ်းမှ စားသောက်ဆိုင် - Silver Grill

တစ်ချိန်က ရန်ကုန်မြို့တွင် အကျော်ကြားဆုံး ညပွဲလမ်းသဘင် သွားရာနေရာမှာ အမှတ် ၈၂ ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း)ရှိ Silver Grill ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီနှင့် ပြီးနောက်ပိုင်း နိုင်ငံခြားသားများနှင့် မြန်မာလူမျိုးများအကြား၊ စစ်ကြီးအတွင်းက ဂျပန်အရာရှိများအကြား ရေပန်းစားသော စားသောက်ဆိုင်ဖြစ်ခဲ့သည်။ ညစာစားပွဲဝတ်စုံဖြင့်သာ ဝင်ခွင့်ရှိပြီး ဂျက်ဇ်ဂီတ နားဆင်နိုင်သော နေရာတစ်ခုဖြစ်သည်။ မူလဆိုင်ပိုင်ရှင်မှာ အာမေးနီးယန်းလူမျိုး...


ရန်ကုန်ရှိ ခန့်ညားအထည်ဝါဆုံးအိမ်ကြီးများထဲမှ တစ်ခု


အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ပါသည်။ ရန်ကုန်ရှိ ခန့်ညားအထည်ဝါဆုံးအိမ်ကြီးများထဲမှ တစ်ခုကို အမှတ် ၈၆ နတ်မောက်လမ်း (ယခင် ပါ့ခ်လမ်း)တွင် တွေ့နိုင်ပါသည်။ တစ်ချိန်က အိုင်စီအက်စ် ဦးကျင် ပိုင်ဆိုင်ခဲ့ဖူးသည်ဟု သိရပါသည်။

1900s
ယခင်ကရှိခဲ့သော တော်ဝင်ဟိုတယ်၏ ဓာတ်ပုံတစ်ခု


ဤသည်မှာ အမှတ် ၆၁၉၊ ဘရွတ်ကလင်းလမ်းနှင့် ၄၂ လမ်းအကြား ကုန်သည်လမ်းပေါ်တွင် ရှိခဲ့သော တော်ဝင်ဟိုတယ်၏ ဓာတ်ပုံတစ်ခုဖြစ်သည်။ စထရန်းဟိုတယ်၊ မင်တိုမင်ရှင်တို့နှင့် အပြိုင် ရန်ကုန်တွင် ထိပ်တန်းဟိုတယ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဟိုတယ်တည်ရှိခဲ့ရာ အဆောက်အဦသည် ယနေ့တိုင် တည်ရှိဆဲဖြစ်၍ တော်သေးသည်။

1920s
Shafraz Road Rangoon c. 1920.

ရှာဖရာ့ဇ်လမ်းဆိုသည်မှာ ယခုဘဏ်လမ်းဖြစ်သည်။ ဝဲဘက်ရှိအဆောက်အဦနေရာတွင် အိန္ဒိယဘဏ်ကို တည်ဆောက်ခဲ့သည်။ (နောက်ပိုင်းတွင် ဗဟိုဘဏ်၊ လက်ရှိတွင် မြဝတီဘဏ်ဖြစ်ကာ မကြာမီတွင် စတော့အိတ်ချိန်းရုံး ဖြစ်လာမည်။) ယာဘက်ရှိ တရားရုံးကို တရားရုံးသစ်နှင့် ငွေတိုက်ရုံးအဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။ ငွေတိုက်ရုံးမှာ ဒုတိယကမ္ဘာစစ်ဗုံးဒဏ်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပြီး ယခုအခါ ပင်စင်ရုံးနှင့် ခရိုင်တရားရုံး တည်ရှိသည်။

1940s
၁၉၄၀ ပြည့်နှစ်ဝန်းကျင် ဒါလဟိုဇီလမ်း (ယခု မဟာဗန္ဒုလလမ်း) သိမ်ကြီးဈေး (မူလ စူရတီဘူရာဈေး) အနီးတွင် ဖြစ်သည်။

1980s
၁၉၈၀ ပြည့်နှစ်က ကုန်သည်လမ်း (ရန်ကုန်) (ဓာတ်ပုံ: Constance Wilson)


၁၉ ၆၁ ခုနှစ်ဝန်းကျင် ရန်ကုန် ရဲရင့် (Ritz) ရုပ်ရှင်ရုံ မြင်ကွင်း

ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိခဲ့သည်။ ယခု ဆာကူရာအဆောက်အအုံ တည်ရှိရာ နေရာဖြစ်၏။


ဆိုက်ကား စီးရန် အဆင်ပြေသေးသည့်တစ်ချိန်က ၁၉၉၅ ခုနှစ်က ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ပုံရိပ်ဖြစ်သည်။

20th
လှည်းတန်းစင်တာ မဆောက်ခင်က တစ်ချိန်က လှည်းတန်း

ဧပြီ ၁၆၆၁
ရန်ကုန်မြစ်အောက်ခြေ တစ်နေရာရှိ ကိုနင်းဒေးဗစ် သင်္ဘောကြီး

ရန်ကုန်မြစ် အောက်ခြေတစ်နေရာတွင် “ကိုနင်းဒေးဗစ်” အမည်ရ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ဒတ်ချ်သင်္ဘောတစ်စီး နစ်မြုပ်နေလျက် ရှိပါသည်။ ဂွတ်ဟုပ်အငူမှ ဘတ္တားဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးသို့ ဆက်လက်ထွက်ခွာလာရာလမ်းတွင် သင်္ဘောကြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ၁၆၆၁ ခုနှစ် ဧပြီလက ဖြစ်သည်။ နစ်မြုပ်သည့်နေရာမှာ ကမ်းစပ်နှင့်မလှမ်းမကမ်း ယနေ့ရန်ကုန်မြို့နေရာတွင် ဖြစ်သည်။ Verenigde Oostindische Compagnie အမည်ရ ဒတ်ချ် အရှေ့အိန္ဒိယကုမ္ပဏီပိုင်...

၁၇၆၀
၁၇၆၀ ခုနှစ်က ရန်ကုန်

မြေပုံထဲတွင် ဆူးလေဘုရားသည် မြောက်ဘက်သို့ချွန်ထွက်နေသော အငူစွန်းကလေး တစ်ခုကို ဖြတ်လျက် တည်ရှိနေပြီး မြို့မှာ ကျွန်းတကျွန်းနှင့် တူနေသည်ကိုတွေ့ရမည်။ မြို့ကို ၁၂ ပေမြင့်သော ကျွန်းလုံးစည်းရိုးဖြင့် ကာရံထားသည်။ စည်းရုံးဝင်ပေါက်များစွာရှိပြီး အုတ်လမ်း နှစ်လမ်း (ရွှေတိဂုံဘုရားလမ်းနှင့် ဝန်ကြီးလမ်း) တို့က ရွှေတိဂုံဘုရားရှိရာသို့ ဦးတည်သွားသည်။ (လမ်းခုလတ်တွင် တောနက်နက်နှင့် ကျားများရှိ၏) မြို့ဟောင်းတွင် (ပေါ်တူဂီ ) ရိုမန်ကက်သလစ်...

၁၈၂၄ - 1850s
၁၈၂၄ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား

ဗြိတိသျှလက်ထက်မတိုင်မီ ဆူးလေဘုရားသည် ရေပတ်ပတ်လည် ဝိုင်းနေသော ကျွန်းငယ်တစ်ခုပေါ်တွင် ရှိနေခဲ့ပါသည်။ ဆူးလေဘုရားမှ ရန်ကုန်မြို့ဟောင်းသို့ သစ်သားတံတားတစ်ခုကို ဖြတ်ကာ ကူးလူးသွားခဲ့ရသည်။ ၁၈၂၀ ပြည့်နှစ်များကာလမှ မြို့ဟောင်းမှာ ယနေ့ဆူးလေဘုရားလမ်းမှ သိမ်ဖြူအထိ၊ အောက်ဘက် ကမ်းနားလမ်းအထိသာ ရှိခဲ့သည်။ မြို့တွင် မြို့ဝန်အိမ်တော်၊ အကောက်ခွန်ရုံး၊ ရိုမန်ကက်သလစ်နှင့် အာမေးနီးယန်း ဘုရားရှိခိုးကျောင်းများ၊ ဗလီအချို့၊ ဘုရင့်အမှုထမ်းများနှင့် ပြည်ပကုန်သည်များ၏ နေအိမ်များသာ ရှိခဲ့သည်။...

၁၈၅၅
ကျားလမ်းကြား

ဂုံုးကျော်တံတား မဆောက်လုပ်မီက - ဦးဝိစာရလမ်းမှ မြောက်ဘက်သို့ သွားသော ဓမ္မစေတီလမ်း (ယခင်က ဘောင်ဒရီလမ်း) သည် ဗြိတိသျှခေတ်က ကျားလမ်းကြား ဟု အမည်တွင်ခဲ့သည်။ ထိုလမ်းသည် ရန်ကုန်မှ (ထိုစဉ်က သီးသန့်ရွာတစ်ရွာ ဖြစ်သည့်) ကြည့်မြင်တိုင်သို့ တိုက်ရိုက်ရောက်ရှိသည့်လမ်း ဖြစ်သည်။ ကျားလမ်းကြား၏ ပထမဆုံး ဓာတ်ပုံကို ၁၈၅၅ ခုနှစ်တွင် မင်းတုန်းမင်းထံ အခစားဝင်သော ဗြိတိသျှသံအဖွဲ့နှင့်...