အမေ့ခံအတိတ်
အမေ့ခံအတိတ်

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန်

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

အန်ဒမန်ကျွန်း(Andaman Islands)သည် မန္တလေးထက်စာလျှင် ရန်ကုန်နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။ ယနေ့တွင် မူလအန်ဒမန်ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။ မျိုးရိုးဗီဇအရဆိုလျှင် သူတို့သည် အာရှတိုက်သားများနှင့်...

အပြည့်အစုံ ဖတ်ရန်

ကိုးကန့်ဒေသ မူလအစ

ကိုးကန့် (လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလ၌ တရုတ် ‘မင်’ မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ တစ်ခဏအတွင်း ကျရာက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေမင်းသားဟု လူသိများသော ရောင်လီ ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝဘက်သို့...

အပြည့်အစုံ ဖတ်ရန်

တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

မဟာအလက်ဇန္ဒားမင်း သူသိထားသောကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ကာလ ၄ ရာစုနှစ်ကဖြစ်၏။  ချင် (Qin) မင်းဆက်ဘုရင် ဟွေ့ဝန်သည်လည်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေပြီး ယနေ့ခေတ် တရုတ်ပြည်အဖြစ် ကြီးထွားလာမည့် အင်ပါယာကြီးအတွက် အခြေခံအုတ်မြစ် ချလျက်ရှိသည်။ ဤသည်မှာ တရုတ်ပြည် စစ်ပြိုင်ခေတ်က ဖြစ်ပေသည်။ တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်း မရှိသေး။ ဟွေ့ဝန်အုပ်စိုးသော နိုင်ငံသည် အဆက်မပြတ် ထီးပြိုင်နန်းပြိုင်လျက်ရှိကြသော...

အပြည့်အစုံ ဖတ်ရန်

တစ်ချိန်က တာလီတိုင်းပြည်

သမိုင်းဦးအစ ကာလအတော်ကြာသည်အထိ မြန်မာ့အရှေ့မြောက်ဘက် အိမ်နီးချင်းမှာ တရုတ်မဟုတ်။ လွတ်လပ်သော ယူနန် မင်းနေပြည်ဖြစ်၏။ မြို့တော်မှာ တာလီ (Dali) ဖြစ်၏။ ၈ ရာစုမှ ၁၃ ရာစုနှစ်များအထိ ကိုယ့်မင်းကိုယ့်ချင်းနှင့် ရပ်တည်နိုင်ခဲ့သော အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အနောက်ဘက်မှ တိဘက်အင်ပါယာနှင့် မဟာမိတ်ဖွဲ့လိုက်၊ တစ်ခါတစ်ရံတွင် တရုတ် တန်မင်းဆက်၊ ဆောင်မင်းဆက်တို့နှင့် မဟာမိတ်ဖွဲ့လိုက်...

အပြည့်အစုံ ဖတ်ရန်

ဘင်္ဂလားပြည် သမိုင်းကြောင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ရှေးအကျဆုံး အာရီယန်ဘာသာစကားကို ပြောဆိုကြသော လူ့အဖွဲ့အစည်း တစ်ခုရှိသည်။ ယင်းတို့သည် ဝေဒနတ်ဘုရားများကို ကိုးကွယ်ကြ၏။ ဂင်္ဂါမြစ်တစ်လျှောက် ယနေ့ ဥတ္တပရာဒက်ရှ်ပြည်နယ် ထိုမှတစ်ဆင့် ဘီဟာနယ်များ တည်ရှိရာ အရှေ့ဘက်ဒေသသို့ ပျံ့နှံ့လာကြ၏။ အမျိုးဇာတ် ဝါစဉ်လိုက် ခွဲခြားအုပ်ချုပ်နေထိုင်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ နတ်ဆရာက ထိပ်ပိုင်းမှ အုပ်ချုပ်ပြီး မျိုးဇာတ်၊ သွေးမနှောသည့်...

အပြည့်အစုံ ဖတ်ရန်

အာသံပြည် သမိုင်းကြောင်း

ရှေးခေတ်ကာလက အာသံအနောက်ပိုင်း ဂေါဟာထိဒေသ ပတ်ပတ်လည်မှာ “ကမ္မာရူပ”ဟု အမည်တွင်သည်။ “ချစ်ခြင်းမေတ္တာ ပြန်လည်အသက်ဝင်လာသော နေရာ” ဟု အဓိပ္ဗါယ်ရသည့် ဒေသ၏ ရာဇဝင်မှာ ဤသို့ဆိုသည်။ ဒက်ဇာရှာနတ်ဘုရားတွင် သမီးတော်တစ်ပါးရှိသည်။ အခြားနတ်ဘုရားတစ်ပါး ရှီဗာနှင့် ထိမ်းမြားလက်ထပ်ထားသူဖြစ်၏။ ဒက်ဇာရှာက ရှီဗာကို မုန်းသည်။ လက်ထပ်မှုကို အသိအမှတ်မပြု။ တစ်နေ့တွင် ဒက်ဇာရှာက ယဇ်ပူဇော်ပွဲကြီး တစ်ခုလုပ်၏။ ရှီဗာမှတစ်ပါး အားလုံးကို...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်နှင့် တရုတ်ပြည်ကြားမှ တိုင်းရင်းသားများ (နှင့် စိတ်ဝင်စားဖွယ် သမိုင်းကြောင်း ၂ ခု)

ယနေ့ခေတ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်နိမိတ်သည် အသစ်ဖြစ်သည်။ ၁၈၈၅ ခုနှစ်နှင့် ၁၈၉၀ ပြည့်နှစ်ကာလများအတွင်း အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးချိန်မှ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က တရုတ်ပြည် ဟန်မင်းဆက်သည် ယနေ့ခေတ် မူဆယ်မြို့ တည်ရှိရာ နေရာတွင် အခြေစိုက်စခန်း တစ်ခုထားရှိခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ယူနန်တွင် ဟန်တရုတ်လူမျိုးများ...

အပြည့်အစုံ ဖတ်ရန်

ယူနန်စစ်ဘုရင်

၁၉၂၀ ပြည့်နှစ်များနှင့် ၁၉၄၀ ခုနစ် ကာလများ တစ်လျှောက်တွင် လုံယွန်သည် ယူနန်ဘုရင်အဖြစ် ထင်ရှားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ယနေ့ မြန်မာ-တရုတ် နယ်စပ်ဒေသကို အုပ်ချုပ်ခဲ့သည်။ တရုတ်ပြည်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ကာလက ဖြစ်သည်။ ချန်ကေရှိတ် ခေါင်းဆောင်သည့် အမျိုးသားရေးဝါဒီများက တစ်အုပ်စု၊ မော်စီတုန်း ခေါင်းဆောင်သည့် ကွန်မြူနစ်များက တစ်အုပ်စု၊ ဒေသတွင်း စစ်ဘုရင် မြောက်များစွာ...

အပြည့်အစုံ ဖတ်ရန်

၁၆ ရာစုက ဂျပန်-မြန်မာ ဆက်နွယ်မှုများ

မြန်မာပြည်သို့ အစောဆုံး ရောက်ရှိလာခဲ့သော ဂျပန်လူမျိုးတို့အကြောင်း မည်သူမှ အတိအကျမသိပါ။ အေဒီ ၁၅၀၀ အစောပိုင်းနှစ်များက ဖြစ်ပုံရ၏။ ဂျပန်တွင် နှစ်တစ်ရာကျော်ကြာ လက်နက်ကိုင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ပြိုင်ခေတ် သို့မဟုတ်  “ဆန်ဂိုကုခေတ်”(Sengoku) က ဖြစ်သည်။ ၁၆ ရာစုနှစ်သည် ကမ္ဘာ့ကုန်သွယ်မှုများ လျင်မြန်စွာ ကျယ်ပြန့်လာနေသော ကာလလည်း ဖြစ်သည့်အလျောက် အာရှတစ်လွှား၊ ဥရောပတစ်လွှား၊ အာဖရိကမှ...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး

မြန်မာသံအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည်မှာ ၁၈၂၂-၂၃ ခုနှစ်တွင် ဖြစ်၏။ သံအဖွဲ့သည် ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အင်းဝမှ ထွက်ခွာလာပြီး ရန်ကုန်တွင် လအနည်းငယ်နားကာ လိုအပ်သည်များကို ပြင်ဆင်ပြီးနောက် ပင်လယ်ခရီး စတင်နှင်သည်။ ပီနမ်၊ မလ္လကာနှင့် စင်ကာပူတို့ကို ဖြတ်ကျော်ကာ ၁၈၂၃ ခုနှစ် ဇွန်လတွင် ဆိုင်ဂုန်သို့ ရောက်ရှိသည်။ ဤသည်မှာ ဘကြီးတော်...

အပြည့်အစုံ ဖတ်ရန်

ခေတ်ကာလတစ်လျှောက် ဂျီဒီပီ

ဤရုပ်ပုံကားချပ်သည် လွန်ခဲ့သော ရာစုနှစ်များ အတွင်းက ရှိခဲ့သည့် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ကို အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နှိုင်းယှဥ်ဖော်ပြထားခြင်း ဖြစ်သည်။ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ဟူသည်မှာ သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအတွင်း နိုင်ငံတစ်နိုင်ငံက ထုတ်လုပ်သမျှ၏ ဈေးကွက်တန်ဖိုးကို ဆိုလိုသည်။ တစ်ဦးချင်း ဂျီဒီပီ ဝင်ငွေသည် နိုင်ငံတစ်နိုင်ငံ၏ ဥစ္စာဓနကို...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ်အလား အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ

“အိန္ဒိယ”ဟုဆိုလိုက်လျှင် မြန်မာအများစု၏ မှန်းဆပံုဖော်ကြမိသည်မှာ ဘင်္ဂလားပင်လယ်အော် တစ်ဖက်ကမ်း မိမိတို့နှင့်ရာစုနှစ်များစွာ အဆက်အသွယ်ရှိခဲ့သော အိန္ဒိယတောင်ပိုင်းဒေသ (မြန်မာနိုင်ငံတွင် ကိုးကွယ်သော ဗုဒ္ဒဘာသာ အစပြုခဲ့ဖွယ်ရာရှိသော ဒေသ)၊ ဘင်္ဂလားဒေသနှင့် အခြားဆက်စပ်ဒေသများဟူ၍သာ ဖြစ်သည်။ မေ့လျော့နေတတ်သည်မှာ လူပေါင်းသန်း ၄၀ ကျော် နေထိုင်လျက်ရှိသော အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ (အာသံ၊ အရမ်နက်ချာပရာဒက်ရှ်၊ နာဂလန့်၊ မဏိပူရ်၊ မီဇိုရမ်၊ ထရိပူရ်၊ မဟာလာယနှင့် ဆစ်ခင်...

အပြည့်အစုံ ဖတ်ရန်

လာဒါခီ အမျိုးသမီးများ

လာဒါခီ (Ladhaki နှင့် ဘော်လ်တီ - Balti) ဘာသာစကားများသည် တိဘက်ဘာသာနှင့် အလွန်နီးစပ်သည်။ တိဘက်တို-ဘာမန်း (Tibeto-Burman) ဘာသာစကား ပြောဆိုသည့် လူမျိုးများတွင် အနောက်ဘက် အကျဆုံးဒေသတွင် နေထိုင်သူများ ဖြစ်သည်။ မြန်မာဘာသာနှင့် ဘာသာစကားချင်း ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်ပါသည်။ တိဘက်တို-ဘာမန်း ဘာသာစကား ဆိုသည်မှာ လူသန်း ၅၀ ခန့် ပြောဆိုကြသည့် ဘာသာစကားများကို...

အပြည့်အစုံ ဖတ်ရန်

နာရှီတိုင်းပြည်

ကချင်ပြည်နယ်မှ နယ်စပ်ဘက်ကို လှမ်းကြည့်လိုက်လျှင် ယန်ဇီမြစ် ပထမဦးဆုံး အချိုးအကွေ့ ဖြစ်ပေါ်ရာကို တွေ့မြင်နိုင်သည်။ ထိုဒေသရှိ လူမျိုးများသည် နာရှီဘာသာစကားကို ပြောဆိုအသုံးပြုကြသည်။  နာရှီတိုင်းပြည်မှာ ၁၉၅၀ ပြည့်နှစ်များ အထိ လွတ်လပ်သော တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ နာရှီတို့နှင့် ဆက်နွယ်နေသော မူဆူအို (Musuo) လူမျိုး အရေအတွက် ယနေ့တွင် လူဦးရေ ၄၀၀၀၀၀ ခန့်သာ ရှိတော့သည်။...

အပြည့်အစုံ ဖတ်ရန်

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှု

ဘီစီ ၁၂၂ တွင် တရုတ်ဧကရာဇ်သည် အနောက်တောင်အရပ်တွင် ရှိသည်ဟု သတင်းထွက်နေသော ထွက်လမ်းတစ်ခုကို ရှာဖွေရန် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ထိုလမ်းသည် တရုတ်ပြည်မှနေ၍ (မကြာသေးမီက ရှာဖွေတွေ့ရှိထားသည့်) အိန္ဒိယပြည်သို့လည်းကောင်း၊ အိန္ဒိယကို ကျော်လွန်ကာ တိုင်းတစ်ပါးအသစ်များဆီသို့လည်းကောင်း ပေါက်ရောက်သည်ဟု ဆိုနေကြ၏။ ထိုမတိုင်ခင်က နယ်မြေသစ်ရှာဖွေသူ ဇောင်ကျန့် (Zhang Qian) သည် မြောက်ဘက်လမ်းကြောင်းအတိုင်း ခက်ခဲကြမ်းတမ်းစွာ ခရီးရှည်ကြီး...

အပြည့်အစုံ ဖတ်ရန်

မြန်မာ-ယူနန်နယ်စပ်မှ စွန့်စားရှာဖွေသူကြီး

ကမ္ဘာ့သမိုင်းတွင် အထင်ကရဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေးမွတ်ဆလင်တစ်ဦး အပါအဝင်ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိကကမ်းရိုးတန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်သွားကြရာ သစ်ကုလားအုတ် တစ်ကောင်ပင် ပါသေးသည်။) ဤသည်မှာ (၁၅ ရာစု...

အပြည့်အစုံ ဖတ်ရန်

ထွက်ပြေးရလေသော တရုတ်မင်းသား

အနောက်အရပ်တွင် တစ်ခဏအတွင်း အင်အားယုတ်လျော့လာသော ရခိုင်ပြည် နယ်နိမိတ်အတွင်းသို့ မွန်ဂိုတို့ ကျူးကျော်ဝင်ရောက်လာနေသည်။ မြောက်အရပ်နှင့် အရှေ့အရပ်တွင်မူ ပိုမိုပင် အင်အားတောင့်တင်းလာသည့် တရုတ်တို့၏ ဖိအားပေးမှုမှာ  မြန်မာပြည်ဗဟိုချက်မအထိ ရောက်သည်။ ၁၆၄၆ ခုနှစ်တွင် တရုတ်ပြည်ပိုင်နက် ယန်ဇီမြစ်ဝှမ်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများ နယ်ချဲ့ မန်ချူးတပ်များ လက်အောက်သို့ ကျရောက်သွားသည်။ ၂၃ နှစ်အရွယ် ဝန်လီဧကရာဇ်၏ မြေးဖြစ်သူ မင်းသား ကွေ့...

အပြည့်အစုံ ဖတ်ရန်

မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

၁၇ ရာစုက ဘင်္ဂလားနှင့် သြရိဿပြည်နယ်တို့၏ ဘုရင်ခံ ရှားရှူးဂှားမှာ မဂိုဘုရင် ရှားဂျဟန်နှင့် မိဖုရား မွန်တပ်ချ်မဟာတို့၏ ဒုတိယသား ဖြစ်သည်။ မဂိုတို့သည် အိန္ဒိယကျွန်းဆွယ် တစ်ခုလုံးနီးပါး ကျယ်ပြန့်လှသည့် အင်ပါယာကြီးကို စိုးမိုးအုပ်ချုပ်သူများ ဖြစ်ကြသည်။ မူလက အာရှအလယ်ပိုင်း၌ နေထိုင်ကြသူများ ဖြစ်ပြီး တမ်မာလိန်း (ဆာမာကန်ဒေသကို အုပ်စိုးခဲ့သည့် ကြီးကျယ်ထင်ရှားသော စစ်ဘုရင်)မှ ဆင်းသက်သည့် ဂျင်ဂျစ်ခန်...

အပြည့်အစုံ ဖတ်ရန်

တီပူ၏ကျား (Tipu’s Tiger)

“တီပူ၏ကျား” (Tipu’s Tiger) ကို ယခုအခါ လန်ဒန်မြို့ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက် (Victoria and Albert Museum) တွင် ထိန်းသိမ်းထားပါသည်။ ကျားရုပ်သည် သစ်သားစက်ရုပ် ဖြစ်သည်။ ကျောပေါ်ရှိ အစိတ်အပိုင်း တစ်ခုကို ရွှေ့လျှင် စစ်သား၏ လက်များက လှုပ်ရှားလာကာ ညည်းတွားသံ ပြုသည်။ ထိုအရုပ်ကို ၁၇၈၂ ခုနစ်မှ...

အပြည့်အစုံ ဖတ်ရန်

အင်္ဂလိပ်လက်အောက်မှ မဏိပူရပြည်

၁၈၉၁ ခုနစ်က အင်္ဂလိပ်-မဏိပူရ စစ်ပွဲ အပြီးတွင် မဏိပူရဥပရာဇာ တိခန်ဒရာဂျိဆင်း (Yuwaraj Tikendrajit Singh) ကို ဗြိတိသျှတို့ ဖမ်းဆီးလိုက်သည်။ ၁၈၉၀ ပြည့်နှစ်က စတင်ကာ တိခန်ဒရာဂျိသည် မဏိပူရ၏ စစ်သေနာပတိချုပ်နှင့် အုပ်ချုပ်သူ ဖြစ်ခဲ့ပြီး နောင်တစ်နှစ်ခန့် အကြာတွင် ဗြိတိသျှတို့က သိမ်းပိုက်လိုက်အခါမှသာ အရာကျသွားခဲ့သည်။ မဏိပူရ (မြန်မာတို့က ကသည်းဟု ခေါ်ဝေါ်ကြသည်။)...

အပြည့်အစုံ ဖတ်ရန်

Hlihin ဘုရင်မ

ဤသည်မှာ ၁၉ ၄၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးထားသော မြန်မာနိုင်ငံ၏ မြောက်အရပ်မှ အိမ်နီးချင်းများ၏ ပုံဖြစ်သည်။ ပုံထဲတွင် လက်ရှိ အနောက်ယူနန်ပြည်နယ်တည်ရှိရာ နေရာတွင် ရှိခဲ့သည့် Hlihin ပြည်၏ ဘုရင်မကို တွေ့နိုင်သည်။ Hlihin လူမျိုးတို့သည် ကိုယ့်မင်းကိုယ်ချင်းနှင့် တသီးတသန့် နေထိုင်ခဲ့သောသူများ ဖြစ်ကြ၏။ မြန်မာဘာသာနှင့် ဆွေမျိုးမကင်း ဘာသာစကားကို ပြောဆိုသည်။ ထိုဒေသသည်...

အပြည့်အစုံ ဖတ်ရန်

လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေး ရသည်။ ထိုအချိန်တွင် တိုင်းပြည်မှာ အပိုင်းပိုင်းကွဲနေပြီး တစ်ဆက်တည်းမှာပင် ပါကစ္စတန်နိုင်ငံအသစ် ပေါ်ပေါက်လာခဲ့သည်။ များမကြာမီပင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာနိုင်ငံသည် ဓနသဟာယနိုင်ငံများ ပြင်ပ၊ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံအဖြစ် မရှိသေးပါ။ ထို့ကြောင့်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ မိတ်ဆွေကြီး ပန်ဒစ်နေရူး

၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပန်ဒစ်ဂျဝါဟာလာနေရူး ကွယ်လွန်သည်။ သူသည် မြန်မာပြည်၏ မိတ်ဆွေတော်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်များကတည်းက မြန်မာပြည်သို့ အကြိမ်ကြိမ် အလည်အပတ် လာရောက်ခဲ့သည်။ ဓာတ်ပုံမှာ ၁၉၄၇ ခုနှစ် နှစ်သစ်ကူးနေ့က ဒေလီမြို့ရှိ ဆာ့ဖ်ဒါဂျန် (Safdarjung) လေဆိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ရိုက်ကူးထားခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး...

အပြည့်အစုံ ဖတ်ရန်

Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်)

Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်) သီချင်းသည် အိန္ဒိယတွင် နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တစ်ပုဒ် ဖြစ်သည်။ ၁၉၄၉ ခုနှစ်က အောင်မြင်ခဲ့သော “Patanga”  ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော သီချင်း ဖြစ်သည်။ တစ်ချိန်က ရန်ကုန်မြို့သည် အိန္ဒိယလူမျိုးများစွာအတွက် တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနိုင်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ယနေ့...

အပြည့်အစုံ ဖတ်ရန်

ဘာကြောင့် တရုတ်ပြည်နှင့် ဆက်ဆံရေး အရေးကြီးရသလဲ

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အပြင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အတွက်ပါ အရေးကြီးလှသည်။ ယနေ့မြန်မာနိုင်ငံသည် ၂၁ ရာစု၏ အကြီးမားဆုံးသော စက်မှုတော်လှန်ရေးပေါ်ပေါက်ခဲ့သည့် နိုင်ငံကြီး၏ အိမ်နီးနားချင်း ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ထိုအနေအထားကို ကောင်းစွာ (သို့မဟုတ် မှားယွင်းစွာ) ကိုင်တွယ်နိုင်ခြင်း ရှိ၊မရှိအပေါ် မူတည်ကာ သာမန်ပြည်သူလူထု၏ နေထိုင်မှုဘဝများ အမျိုးမျိုး ပြောင်းလဲသွားမည်...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် ပထမဆုံးသော တရုတ်ခေါင်းဆောင်

တိန့်ရှောင်ဖိန့်သည် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်သည့် တရုတ်ခေါင်းဆောင် ဖြစ်သည်။ (ကျိုးအင်လိုင်သည် ဝန်ကြီးချုပ် အဖြစ် အကြိမ်ကြိမ် လာရောက်ခဲ့သေးသော်လည်း မော်စီတုန်းနှင့် ဟွာကိုဖုန်းတို့က မလာရောက်ခဲ့ဖူးပေ။) ဤသည်မှာ ၁၉၇၈ ခုနစ်၊ ဇန်နဝါရီလက တိန့်ရှောင်ဖိန့်၏ ရန်ကုန်ခရီးစဥ်ကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်တို ဖြစ်သည်။ တရုတ်နိုင်ငံသည် ပန်ဆောင်းတွင် အခြေပြုသည့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးကို ဆယ်စုနှစ်...

အပြည့်အစုံ ဖတ်ရန်