ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ
၁၉၅၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ အကျိုးဆက်များကို ဆက်လက် ခံစားနေခဲ့ရပြီး ပျက်စီးသွားသော အခြေခံ အဆောက်အအုံနှင့် ပြန်လည်ထူထောင်ရန် ခက်ခဲလှသည့် စီးပွားရေးစနစ်ကို ပြုပြင်ရန် ကြိုးပမ်းနေခဲ့သည်။ ထို့အပြင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ဗြိတိန်နိုင်ငံမှ လွတ်လပ်ပြီး လပိုင်းအတွင်းပင် စတင်လာခဲ့သည့် ပြည်တွင်းစစ်တို့နှင့်လည်း ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ် ပြင်ပတွင်လည်း အိမ်နီးချင်း တရုတ်နိုင်ငံ၏ လတ်တလောတွင် ဖြစ်ပွားခဲ့သည့် တော်လှန်ရေးနှင့် ကမ္ဘာတစ်ဝှမ်းတွင် စတင်လာသည့် စစ်အေးတိုက်ပွဲ စသဖြင့် မရေရာမှုများ ရှိနေခဲ့သည်။
သို့သော် ၁၉၅၀ ပြည့်နှစ်များသည် မျှော်လင့်ချက် ရှိသော ခေတ်ကာလ ဖြစ်သည်။ ထိုတစ်ခဏတွင် မြန်မာနိုင်ငံ၌ အတော်ပင် ဒီမိုကရေစီ ဆန်သည့် အစိုးရ၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သော သတင်းမီဒီယာတို့ ရှိခဲ့သည်။ မြန်မာ့ခေါင်းဆောင်များက ကမ္ဘာတွင် ရှိမည့် မြန်မာနိုင်ငံ၏ အနေအထား အတွက် ရည်မှန်းချက် ရှိခဲ့သလို ဓနသဟာရအဖွဲ့၏ ပြင်ပတွင် ဖြစ်တည်မည့် မိမိတို့ နိုင်ငံ၏ သရုပ်လက္ခဏာသစ် အတွက် များစွာ အားထုတ်ခဲ့ကြသည်။ ဤအပိုင်းတွင် လတ်လတ်လောလော လွတ်လပ်ခဲ့သည့် မြန်မာနိုင်ငံကို ပြည်တွင်း၊ ပြည်ပ ဖြစ်ရပ်များက အကျိုးသက်ရောက်ခဲ့ပုံများကို ဖော်ပြထားသည်။
မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်း ဦးညွန့်
ဦးညွန့် (ပုံပါပုဂ္ဂိုလ်) သည် မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက် ဝန်ထမ်းများစွာထဲမှ တစ်ဦး ဖြစ်သည်။ ဦးညွန့်ကို ၁၉၁၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ် (Oxford) နှင့် လန်ဒန်တက္ကသိုလ် (London) တို့တွင် ပညာသင်ကြားခဲ့သည်။ ဦးညွန့်သည် အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းအဖွဲ့ (ICS)...
အပြည့်အစုံ ဖတ်ရန်အကောင်းဆုံးသော သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင်ခဲ့သည့် မြန်မာပြည်ဖွား မင်းသမီး
အက်ဒဝီနာကယ်ရို (Edwina Carroll) ကို ၁၉၃၂ ခုနှစ်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မွေးဖွား၍ အင်္ဂလန်နိုင်ငံ (United Kingdom)၊ အောက်စဖို့မြို့ (Oxford) တွင် ကြီးပြင်းခဲ့သည်။ သူသည် မူလက The King and I တေးသံစုံပြဇာတ် အတွက် သရုပ်ဆောင်ရန် ဝင်ရောက် ယှဥ်ပြိုင်သော်လည်း အရွေးမခံခဲ့ရဘဲ ဘုရင်မကြီး၏ ပြဇာတ်ရုံ...
အပြည့်အစုံ ဖတ်ရန်ကုလသမဂ္ဂ သမိုင်းကြောင်း တစ်လျှောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာများ
ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်ထိ၊ ထို့နောက်တွင် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ၏ သက်တမ်းတစ်လျှောက်တွင် မြန်မာလူမျိုးများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့မှာ...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည်ရှိ စစ်အေးတိုက်ပွဲ အကြွင်းအကျန်များ
အတိတ်တစ်ကျော့ ပြန်လေလား? မြန်မာနိုင်ငံသည် စစ်အေးတိုက်ပွဲ အစောပိုင်းနှစ်များတွင် လွတ်လပ်ရေး ရသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအစိုးရက ရှမ်းစော်ဘွားများနှင့် အခြားသော လူမျိုးစု ခေါင်းဆောင်များကို ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်၌ ပေါင်းစည်း ပါဝင်ရန် တိုက်တွန်းသည်။ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေသည့် မြန်မာနိုင်ငံကသာ ကျူးကျော်လာနိုင်သော ကွန်မြူနစ်တို့၏...
အပြည့်အစုံ ဖတ်ရန်၁၉၅၀ ခုနှစ်က ကူမင်တန် ကျူးကျော်မှု
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပီကင်းမြို့ (Peking) ရှိ တားမြစ်ထားသော မြို့တော် (Forbidden City)၏ ဂိတ်ပေါက်၀မှ မော်စီတုန်း (Mao Tse-tung) က တရုတ်ပြည်သူ့သမ္မတနိုင်ငံ (Peoples' Republic of China) ကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ မြို့တော်၏ အနောက်တောင်ဘက် မိုင်ထောင်ချီ...
အပြည့်အစုံ ဖတ်ရန်၁၉၅၀ ပြည့်နှစ်က လန်ဒန်မြို့ရောက် ၀န်ကြီးချုပ်၊ ဒေါ်မြရီနှင့် ဒေါ်ခင်ကြည်
၁၉၅၀ ပြည့်နှစ်က အင်္ဂလန် (England) ခရီးစဥ်တွင် ဦးနုသည် မြန်မာပြည် တိုင်းရေးပြည်ရေး အခြေအနေမှာ အေးချမ်းတည်ငြိမ်သည့် ပုံပေါ်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဦးနုက ပြည်တွင်း ငြိမ်းချမ်းရေး "တစ်နှစ်အတွင်း" ရမည် ဖြစ်ကြောင်း၊ ထိုအတွက် ဗြိတိသျှတို့ဘက်မှ အထောက်အပံ့ ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါရန် တိုက်တွန်းခဲ့သည်။ ၁၉၅၀ ခုနှစ် မေလ ၂၆...
အပြည့်အစုံ ဖတ်ရန်အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ၏ နှစ်နိုင်ငံကြား အလည်အပတ် ခရီးစဉ်များ
၂၀၁၂ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ နှစ်နိုင်ငံ လွတ်လပ်ရေး ရစဥ်က ယနေ့ထိ နှစ်နိုင်ငံ အကြီးအကဲများ အပြန်အလှန် အလည်အပတ် လာရောက်ခဲ့သည့် ခရီးစဉ်များစွာထဲမှ တစ်ခု ဖြစ်သည်။ ဖော်ပြပါ ဓါတ်ပုံများကို ၁၉၅၁ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဦးနု၏...
အပြည့်အစုံ ဖတ်ရန်ရစ်ချတ်နစ်ဆင်၏ ၁၉၅၃ ခုနှစ် မြန်မာပြည် ခရီးစဉ်
၁၉၅၃ ခုနှစ်က အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင် (Richard Nixon) သည် မြန်မာပြည်ကို အလည်အပတ် လာရောက်ခဲ့သည်။ သူ လာရောက်သောနေ့သည့် ကျေးဇူးတော် ချီးမွမ်းသည့်နေ့ ဖြစ်သဖြင့် မြန်မာပြည်မှ တာဝန်ရှိသူများက ကြက်ဆင်သား ပါဝင်သည့် နေ့လည်စာကို အလျင်အမြန် စီစဉ်ပေးခဲ့ကြသည်။ ထိုစဉ်က အမေရိကန်သတင်းစာများ အားလုံးလိုလိုတွင် ဒုတိယသမ္မတ နစ်ဆင် ပဲခူးမြို့တွင်...
အပြည့်အစုံ ဖတ်ရန်ကုလသမဂ္ဂတွင် ထူးချွန်စွာ တင်ပြခဲ့သည့် ဦးမြင့်သိန်း
၁၉၅၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးတွင် တရားသူကြီး ဦးမြင့်သိန်းသည် တရုတ်ကူမင်တန်တပ်များ (Kuomintang) ကျူးကျော်မှုကို မြန်မာအစိုးရက တုံ့ပြန်ခဲ့ပုံများကို တင်ပြခဲ့သည်။ ထို့မတိုင်မီ လွန်ခဲ့သော နှစ်အနည်းငယ်က ကူမင်တန် ဗိုလ်ချုပ်ကြီး လိမိ (Li Mi) ဦးဆောင်သည့် တပ်သားအယောက် ၁၀,၀၀၀ ကျော် ပါဝင်သော အမျိုးသားရေးတပ်များသည် မြန်မာပြည်တွင်းသို့...
အပြည့်အစုံ ဖတ်ရန်၁၉၅၃-၅၅ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း
မြန်မာအစိုးရသည် ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ် အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း (လူဦးရေစာရင်း) ကို အဆင့်ဆင့် ကောက်ယူခဲ့သည်။ ဤသည်မှာ လွတ်လပ်ပြီးနောက် ပထမဆုံး ကောက်ယူသည့် သန်းခေါင်စာရင်း ဖြစ်သည်။ နိုင်ငံ၏ မြို့ပြတွင် နေထိုင်သော လူဦးရေကို အပြည့်အဝ ကောက်ခံနိုင်ခဲ့သော်လည်း ကျေးလက်နေ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမျှကိုသာ ကောက်ခံနိုင်ခဲ့ပြီး ၁၉၅၅...
အပြည့်အစုံ ဖတ်ရန်ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်
ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးတွင် (၁၉၆၇ ခုနှစ်တွင် ဘေဂျင်း (Beijing) အစိုးရက ထောက်ခံအားပေးခဲ့သော ကွန်မြူနစ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း အပါအဝင်) အတက်အကျ များစွာ ရှိခဲ့သည်မှာ မှန်သော်လည်း လွတ်လပ်ရေး ရရှိချိန်ကပင် စတင်ကာ မြန်မာခေါင်းဆောင်ကြီးများ အားလုံးနီးပါးသည် အရှေ့ဘက်အရပ်မှ အင်အားကြီးမားသော အိမ်နီးနားချင်းဆီသို့ အလည်အပတ် အခေါက်ပေါင်းများစွာ သွားခဲ့ဖူးကြသည်။ ဖော်ပြပါပုံမှာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု...
အပြည့်အစုံ ဖတ်ရန်ဟောလိဝုဒ်မှ မြန်မာမင်းသမီး
၁၉၄၇ ခုနှစ်က ဗြိတိသျှလူမျိုး စာရေးဆရာ အိတ်ချ်အီးဘိတ်စ် (H.E. Bates) ရေးသားခဲ့သည့် ဒုတိယကမ္ဘာစစ်ကာလက မြန်မာပြည် စစ်ဆင်ရေး အပေါ်တွင် ဇာတ်အိမ်တည်ထားသော The Purple Plain ဝတ္ထုကို အခြေခံ၍ ၁၉၅၄ ခုနှစ်က ရိုက်ကူးသော The Purple Plain ရုပ်ရှင်တွင် မင်းသားကြီး ဂရက်ဂိုရီပက် (Gregory Peck) နှင့်...
အပြည့်အစုံ ဖတ်ရန်မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
ဓါတ်ပုံသည် ၁၉၅၄ ခုနှစ်က ရိုက်ကူးခဲ့သည့် ထိုခေတ်အခါက စာပေလောက၏ ဦးသျှောင် စာရေးဆရာများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်း၏ အမှုဆောင်ကောင်စီ ဖြစ်သည်။ မတ်တပ်ရပ်နေသူများမှာ (ဝဲမှ ယာသို့) ဦးစံထွား၊ ဦးဘ၊ ဦးခင်ဇော်၊ ဦးမျိုးမင်း၊ ဦးသိန်းဟန်၊ ဦးကောင်း၊ ဦးဝန်နှင့် ဦးသန့်တို့ ဖြစ်ကြပြီး ထိုင်နေသူများမှာ (ဝဲမှ ယာသို့) ဦးထင်အောင်၊...
အပြည့်အစုံ ဖတ်ရန်ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်
ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ သုံးပတ်ကျော် ကြာအောင် အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည်။ ခရီးစဥ်တွင် ဝါရှင်တန်မြို့ (Washington)၊ နယူးယောက်မြို့ (New York)၊ အန်းအာဘာမြို့ (Ann Arbor၊ မီချီဂန်တက္ကသိုလ်၊ Michigan University)၊ နော့စ်ဗီးလ်မြို့ (Knoxville,...
အပြည့်အစုံ ဖတ်ရန်၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံသို့ အသွား
၁၉၅၅ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ဘန်ဒေါင်းညီလာခံ (Bandung Conference) သည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံ (Indonesia) သို့ သွားမည်သူများသည် ရန်ကုန်မြို့တွင်...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည်သို့ ပထမဦးဆုံး လာရောက်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှာ စစ်အေးတိုက်ပွဲကာလက အမေရိကန် မူဝါဒများကို ပုံဖော်အသက်သွင်းသူ ဂျွန်ဖော်စတာ ဒဲလက်စ် (John Foster Dulles) ဖြစ်သည်။ အင်ဒိုချိုင်းနားဒေသ (Indochina) တွင် ပြင်သစ်တို့ကို အနိုင်ရခဲ့ပြီးကာစ အချိန်၊ အမေရိကန် စစ်အေးတိုက်ပွဲ၌ မြန်မာပြည်၏ အနေအထားကို စိတ်ဝင်စားမှု မြင့်မားနေသည့်ကာလ ၁၉၅၅ ခုနှစ်က လာရောက်လည်ပတ်ခဲ့ခြင်း...
အပြည့်အစုံ ဖတ်ရန်၁၉၅၅ ခုနှစ် အာရှ-အာဖရိကန်နိုင်ငံများ၏ ဘန်ဒေါင်းညီလာခံတွင် မြန်မာနိုင်ငံ၏ အခရာကျမှု
၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံ (Indonesia)၊ ဘန်ဒေါင်းမြို့ (Bandung) ၌ ပထမဆုံး အာရှ-အာဖရိကန် ညီလာခံကို ကျင်းပခဲ့သည်။ ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပသူများတွင် မြန်မာနိုင်ငံ အပါအ၀င် ဖြစ်ပြီး အိန္ဒိယနိုင်ငံ (India)၊ ပါကစ္စတန်နိုင်ငံ (Pakistan)၊ အင်ဒိုနီးရှားနိုင်ငံ (Indonesia) နှင့် စီလုံနိုင်ငံ...
အပြည့်အစုံ ဖတ်ရန်ဒက်ဟန်မားရှိုး၏ ရန်ကုန်ခရီးစဉ်
၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဟန်မားရှိုး (Dag Hammarskjold) သည် ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ဒက်ဟန်မားရှိုးသည် ထူးချွန်ထက်မြက်သော ခေါင်းဆောင်မှု၊ သတ္တိအရာ ပြောင်မြောက်မှု၊ စီမံခန့်ခွဲမှု စွမ်းရည်တို့နှင့် ပြည့်စုံပြီး ကုလသမဂ္ဂအဖွဲ့ကြီး၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသမျှထဲတွင် အတော်ဆုံးသော အကြီးအကဲဟုပင် ဆိုနိုင်ပေသည်။ သူ၏...
အပြည့်အစုံ ဖတ်ရန်ရန်ကုန်ရောက် အီသီယိုးပီးယား ဧကရာဇ်
ဘုရင် ပထမမြောက် ဟိုင်လဲဆယ်လာစီ (Hailee Selassie I, ယုဒ (Judah) ၏ အောင်နိုင်သော ခြင်္သေ့၊ ဆော်လမွန်ဘုရင် (King Solomon) နှင့် ရှီဗာ ဘုရင်မ (Queen of Sheba) ၏ မျိုးဆက်၊ ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသူ) သည် ၁၉၃၀ ပြည့်နှစ်မှ ၁၉၇၄ ခုနှစ်...
အပြည့်အစုံ ဖတ်ရန်၁၉၅၉ ခုနှစ်က ရန်ကုန်သို့ အလည်အပတ်ရောက်ရှိလာသော ဖိလစ်မင်းသားကြီး
၁၉၅၉ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ဗြိတိန်နိုင်ငံ (Britain) ဖိလစ်မင်းသားကြီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဖိလစ်မင်းသားကြီးကို လေဆိပ်တွင် ကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်တွင် မင်းသားကို ဂုဏ်ပြုကျင်းပသည့် အခမ်းအနားကို ရိုက်ကူးထားသည့် သတင်းမှတ်တမ်း ရုပ်ရှင်တွင် (၁:၀၇ မိနစ်မှ စ၍) ယခုအခါ ဖြိုဖျက်လိုက်ပြီ...
အပြည့်အစုံ ဖတ်ရန်ဆိုဗီယက် ဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဥ်
ဆိုဗီယက် (Soviet) ဝန်ကြီးချုပ် နီကီတာ ခရူးရှက် (Nikita Khrushchev) သည် အာရှခရီးစဉ် သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံသို့လည်း လာရောက်ခဲ့ဖူးသည်။ ဗိုလ်ချုပ်နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်သည်။ သူ၏ ကိုယ်ရေးမှတ်တမ်းတွင် ခရူးရှက်က တခမ်းတနား ကြိုဆိုကြသည်ကို အလွန်ပင် နှစ်ခြိုက်ကြောင်း ရေးသားခဲ့သည်။ သို့သော် နယူးယောက်တိုင်းမ်စ် (The New York Times) ကမူ...
အပြည့်အစုံ ဖတ်ရန်အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး
၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံ (Israel) တည်ထောင်သူနှင့် ပထမဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်း ကာလများက မြန်မာပြည်သည် စစ်မက်ရေးရာ အပါအဝင် အခြားသော ကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ်...
အပြည့်အစုံ ဖတ်ရန်