အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဦးနု

၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီတွင် တွေ့ရစဉ်

ဤသည်မှာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဒေလီရှိ ဗီယာလာနေအိမ် (Birla House) တွင် ဦးနုနှင့် မဟတ္တမဂန္ဒီတို့ နောက်ဆုံးအကြိမ်တွေ့ဆုံစဉ်က ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဂန္ဒီလုပ်ကြံမခံရမီ တစ်လ ကျော်ကျော်ခန့်အလို ဖြစ်၏။ များမကြာမီ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု (ထိုစဉ်က သခင်နု)မှ လက်ဆောင်အဖြစ် ပေးအပ်သည့် ဦးထုပ်ကို ဂန္ဒီ ဝတ်ဆင်ထားသည်။...

အပြည့်အစုံ ဖတ်ရန်

လူမျိုးပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ

၁၉၄၈ ခုနှစ် သြဂုတ်လ - ကွန်မြူနစ် (အလံဖြူနှင့် အလံနီ)၊ ပြည်သူ့ရဲဘော် အစည်းအရုံးနှင့် မူဂျာဟစ်ဒင်လက်နက်ကိုင် ပုန်ကန်မှုများ အားကောင်းနေချိန်တွင် သမ္မတကြီး စပ်ရွှေသိုက်နှင့် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့ ရန်ကုန်ကော်ပိုရေးရှင်း အဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးပုံ ဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့စဥ်က ဖြစ်သည်။ ထိုအခိုက် ဧရာဝတီမြစ်ဝှမ်း တလျှောက် ကရင်၊ ကချင်နှင့်...

အပြည့်အစုံ ဖတ်ရန်

လွတ်လပ်ရေးနေ့ဆိုင်ရာ ဒဏ္ဍာရီများ

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံပြင်ပ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ အစိုးရအိမ်တော်ရှိ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော သမ္မတ ညောင်ရွှေစော်ဘွား...

အပြည့်အစုံ ဖတ်ရန်

သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်

မြန်မာ့ပြည်တွင်းစစ်မှာ ကမ္ဘာပေါ်၌ အရှည်ကြာဆုံးသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ယခုထက်တိုင် မရိုးနိုင်အောင် ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ဖြစ်ပွားလျက် ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်၌ ဒုတိယကမ္ဘာစစ်ကြီး ဆုံးခန်းတိုင်ခြင်း မရှိခဲ့။ ဂျပန်ဗုံးကျဲလေယာဉ်များ ရန်ကုန်မြို့ ကောင်းကင်ယံထက်မှ ပျံဝဲကာ ပစ်ချလိုက်သည့် အခိုက်အတန့်မှ စ၍ ယနေ့တိုင် မြန်မာပြည်သည်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ် အာဇာနည်နေ့ - ပြည်တွင်းစစ်မီးတောက်လောင်၊ စီးပွားရေး ကျဆင်း၊ တစ်နှစ်အတွင်း ငြိမ်းချမ်းမည်ဟု အစိုးရ ကတိပေး

၁၉၄၉ ခုနှစ် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို အတွင်းဝန်များရုံးတွင် ကျင်းပခဲ့သည်။ထိုအချိန်က မြန်မာပြည်မှာ ပြည်တွင်းစစ်မီး အရှိန်အဟုန် အမြင့်ဆုံး အခြေအနေတွင် ရှိနေခဲ့သည်။ တိုင်းပြည်၏ ဒေသတော်တော်များများမှာ ကွန်မြူနစ်များ၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDO)၊ မူဂျာဟစ်ဒင် လက်နက်ကိုင်များ၊ ပြည်သူ့ရဲဘော် အဖွဲ့နှင့် ဒါဇင်ပေါင်း များစွာသော လက်နက်ကိုင်အဖွဲ့များ လက်အောက်တွင် ကျရောက်နေခဲ့သည်။ ကရင်တပ်များက...

အပြည့်အစုံ ဖတ်ရန်

၁၉၅၀ ပြည့်နှစ်က လန်ဒန်မြို့ရောက် ၀န်ကြီးချုပ်၊ ဒေါ်မြရီနှင့် ဒေါ်ခင်ကြည်

၁၉၅၀ ပြည့်နှစ် မေလ ရက်သတ္တပတ်တစ်ခုတွင် ဝန်ကြီးချုပ် ဦးနုနှင့် ဇနီး ဒေါ်မြရီသည် ကျဆုံးသွားလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နှင့်အတူ အင်္ဂလန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ လန်ဒန်မြို့၊ အောက်စဖို့ဒ်မြို့ အစရှိသည့် နေရာများကို သွားရောက်သည့် ကာလတစ်လျှောက်လုံး ဦးနုသည် မြန်မာပြည် တိုင်းရေးပြည်ရေး အခြေအနေမှာ အေးချမ်းတည်ငြိမ်သည့် ပုံပေါ်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဦးနုက ပြည်တွင်းငြိမ်းချမ်းရေး ‘တစ်နှစ်အတွင်း’...

အပြည့်အစုံ ဖတ်ရန်

အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ၏ နှစ်နိုင်ငံကြား အလည်အပတ် ခရီးစဉ်များ

၂၀၁၂ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၇-၄၈ ခုနှစ် ကတည်းက နှစ်နိုင်ငံအကြီးအကဲများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလည်အပတ်လာရောက်ခဲ့သည့် ခရီးစဉ်များစွာထဲမှ တစ်ခု ဖြစ်သည်။  ဖော်ပြပါ ပုံနှစ်ပုံမှာ ၁၉၅၁ ခုနှစ်က ရိုက်ကူးခဲ့သည့် အိန္ဒိယနှင့် မြန်မာ ခေါင်းဆောင်ကြီးများ၏...

အပြည့်အစုံ ဖတ်ရန်

ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်

(၁၉၆၇ ခုနှစ်တွင် ဘေဂျင်းအစိုးရက ထောက်ခံအားပေးခဲ့သော ကွန်မြူနစ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း အပါအဝင်) ခေတ်နှောင်းပိုင်း တရုတ်-မြန်မာဆက်ဆံရေးတွင် အတက်အကျ များစွာရှိခဲ့သည်မှာ မှန်သော်လည်း လွတ်လပ်ရေးခေတ်မှစတင်ကာ မြန်မာခေါင်းဆောင်ကြီးများ အားလုံးနီးပါးအရှေ့ဘက်အရပ်မှ အင်အားကြီးမားသော အိမ်နီးနားချင်းဆီသို့ အလည်အပတ် အခေါက်ပေါင်းများစွာ သွားခဲ့ဖူးကြသည်။ ဖော်ပြပါပုံမှာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိစဉ်က မော်စီတုန်းနှင့်တွဲ၍ ရိုက်ကူးထားသည့်ပုံ...

အပြည့်အစုံ ဖတ်ရန်

တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးပေါ်က ဦးနု

၁၉ ၅၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ပုံနှိပ်ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးဖြစ်သည်။ မျက်နှာဖုံးအောက်ခြေတွင် ဦးနု၏ သတိပေးချက်ကို တွေ့နိုင်သည်။ ၁၉ ၅၄ ခုနှစ် ဦးနုပြောခဲ့သည့် “အပြောကောင်းပြီး တကယ်တမ်း ပေါက်ကရလုပ်တတ်တဲ့ နိုင်ငံရေးသမားတွေကို သတိထားကြပါ”ဆိုသည့် စကားမှာ ယနေ့ခေတ်အတွက်လည်း ဆီလျော်သည်ဟု ဆိုရမည်ပင်။

အပြည့်အစုံ ဖတ်ရန်

ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်

ဝန်ကြီးချုပ် ဦးနုသည် အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ သုံးပတ်ကျော် ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင်း ဝါရှင်တန်မြို့၊ နယူးယောက်မြို့၊ အန်းအာဘာမြို့ (မီချီဂန်တက္ကသိုလ်)၊ နော့စ်ဗီးလ်မြို့ (တန်နက်ဆီပြည်နယ်)၊ ဆန်ဖရန်စစ္စကိုမြို့၊ လော့အန်ဂျလိစ်မြို့နှင့် ဂရန်းကန်ယွန် (အရီဇိုးနား) သို့ သွားရောက် လည်ပတ်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံသို့ အသွား

၁၉၅၅ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ဘန်ဒေါင်းအစည်းအဝေးများသည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ သွားမည်သူများသည် ရန်ကုန်မြို့တွင် မဖြစ်မနေ ခရီးတစ်ထောက် နားကြရသည်။ ဖော်ပြပါဓာတ်ပုံမှာ အစိုးရအိမ်တော်တွင်...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ရောက် နေရူးနှင့် နက်ဆာ

၁၉၅၅ ခုနှစ်က ဘက်မလိုက် (ကြားနေဝါဒ) ခေါင်းဆောင်များ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ ပန်ဒစ်နေရူး (Pandit Nehru) နှင့် အီဂျစ်နိုင်ငံမှ ဂမဲလ်အဗ်ဒဲလ် နက်ဆာ (Gamal Abdel Nasser) တို့ (ဦးနုနှင့် အတူ) ရန်ကုန်မြို့ ကုန်သည်လမ်းမပေါ် လမ်းလျှောက်ထွက်နေကြသည့် ပုံရိပ်ဖြစ်သည်။ ပထမဆုံးအကြိမ် အာရှ-အာဖရိက ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ဘန်ဒေါင်းမြို့သို့ အသွားခရီးလမ်းတွင်...

အပြည့်အစုံ ဖတ်ရန်