ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄)
ဧရာဝတီ မြစ်ဝှမ်းဒေသတွင် မြန်မာဘာသာ ပြောဆိုသုံးစွဲသည့် လူမျိုးစုများသည် မွန်လူမျိုး၊ ရှမ်းလူမျိုး၊ ရခိုင်လူမျိုး စသည်တို့နှင့် စတင်၍ အတူယှဥ်တွဲ နေထိုင်လာကြသည့် ခေတ်သစ်မြန်မာပြည်သည် ယနေ့ခေတ် မြန်မာပြည်နှင့် အနည်းငယ် တူလာခဲ့သည်။ အိမ်နီးနားချင်း ဖြစ်သည့် အိန္ဒိယပြည်၊ တရုတ်ပြည်တို့နှင့် သာမက အာရှဒေသရှိ အခြားသော တိုင်းပြည်များနှင့်လည်း ဆက်ဆံမှုများ ရှိလာပြီး ၁၅၀၀ ပြည့်နှစ်များတွင် ဥရောပနိုင်ငံများနှင့်ပါ အဆက်အသွယ် ရှိလာခဲ့သည်။ တိုင်းပြည်များ တည်ထောင်လိုက်၊ ပြိုလဲလိုက် ဖြစ်နေခဲ့သော ထိုခေတ်ကာလတွင် မင်းနေပြည်နှင့် ဝေးလံသည့် တောင်ပေါ်ဒေသများ၌ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တည်ရှိနေခဲ့သည့် ရာချီသော ဒေသများသည် လွတ်လပ်စွာ တည်ရှိခဲ့ကြသည်။ ထိုခေတ်က မြန်မာပြည်သည် ကမ္ဘာ့စီးပွားရေးရပ်ဝန်းနှင့်လည်း စတင် ချိတ်ဆက်မိသွားခဲ့ပြီး ယိုးဒယားပြည်၊ မဂိုမင်းများ၏ အိန္ဒိယပြည်၊ မင်မင်းဆက် လက်ထက် တရုတ်ပြည် စသော အခြား အရပ်ရပ်မှ နိုင်ငံရေး ပြောင်းလဲမှုများ၏ ရိုက်ခတ်မှုကို စတင် တွေ့ကြုံလာရသည်။
ဤအပိုင်းတွင် အစီရင်ခံရသော ပေါ်တူဂီလူမျိုး စစ်ဘုရင်မှသည် မေ့ပျောက်ခံ အိန္ဒိယလူမျိုး ရုက္ခဗေဒ ပန်းချီဆရာ၊ ရန်ကုန်မြို့ အထက်တန်းလွှာတွင် ကျင်လည်ခဲ့ကြသည့် အာမေးနီးယန်းလူမျိုးများ စသည်ဖြင့် ကမ္ဘာအရပ်ရပ်နှင့် ဆက်စပ်နေမှုများကို ဖော်ပြထားသည်။ အခြားသော ဘာသာစကားများမှ ချေးငှားထားသော စကားလုံး အသုံးအနှုန်းများနှင့် ယနေ့တိုင် တွေ့မြင်နိုင်သေးသည့် ဗိသုကာ လက်ရာများသည် မြန်မာပြည်နှင့် ယဥ်ကျေးမှု ဖလှယ်ခဲ့ခြင်းများ၏ အထောက်အထားများ ဖြစ်သည်။ ထို့အပြင် မြန်မာပြည်၏ နယ်နိမိတ်များ ပြောင်းလဲလျှက် ရှိနေသောကြောင့် အချို့သော ဇာတ်ကြောင်းများက ပူးပေါင်း ပါဝင်လာသလို ကွယ်ပျောက်သွားသည့် ဇာတ်ကြောင်းများလည်း ရှိလာခဲ့သည်။
ကိုးကန့်ဒေသ မူလအစ
ကိုးကန့်ဒေသ (လက်ရှိ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ") ၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလတွင် တရုတ်ပြည်၏ မင်မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ ကျရောက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေ့မင်းသားဟု လူသိများသော ရုန်လဲ့ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝနေပြည်တော်ထိ ရောက်လာခဲ့သည်။ အသစ်တက်သော...
အပြည့်အစုံ ဖတ်ရန်မြန်မာဘာသာမှ မွေးစားစကားလုံးများ
မြန်မာဘာသာသည် တိဘက်-မြန်မာနွယ် ဘာသာစကား တစ်မျိုး ဖြစ်ပါသည်။ ထိုဘာသာစကား မိသားစုအောက်တွင် ပါရှိသော မြန်မာဘာသာ၊ တိဘက်ဘာသာနှင့် အခြားဘာသာစကားများသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အသုံးပြုခဲ့သော ရှေးဟောင်း မူလဘုံဘာသာစကား တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု ဆိုလိုသည်။ ၁၁ ရာစုအတွင်း တောင်အိန္ဒိယဒေသမှ အက္ခရာတစ်မျိုးကို အခြေပြုကာ မြန်မာစာ အရေးအသား ဦးစွာစတင်ပေါ်ပေါက်ခဲ့သည်။ မြန်မာဘာသာသည် တိဘက်-မြန်မာ...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ
မြန်မာနိုင်ငံတွင် လူသိနည်းသော်လည်း စိတ်ဝင်စားစရာ ကောင်းသည့် အသိုင်းအဝိုင်းများထဲတွင် အာမေးနီးယန်းလူမျိုးများလည်း ပါဝင်သည်။ အာမေးနီးယန်းတို့သည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းကပင် ပါရှားပြည်မှ မြန်မာပြည်သို့ ပြောင်းရွှေ့ အခြေစိုက် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းလူမျိုးများ၏ အုတ်ဂူများတွင် ၁၇၂၅ ခုနှစ်ဟု ရက်စွဲ တပ်ထားသည်ကို တွေ့ရသည်။ အဝနေပြည်တော်တွင် အာမေးနီးယန်း-မြန်မာလူမျိုး ရာနှင့်ချီကာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမရပူရမြို့၊ မန္တလေးမြို့၊...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည်၏ ဂျူးလူမျိုးများ
မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများ အနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည်ဟု ယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံး ပါဝင်သော ဂျူးလူမျိုးမှာ (၁၇၅၅ ခုနှစ်ဝန်းကျင်က) အလောင်းဘုရား၏ စစ်တပ်တွင် အရာရှိ အဖြစ် အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ဖြစ်သည်။ မော်လဒိုနိုင်ငံဖွား...
အပြည့်အစုံ ဖတ်ရန်စစ်ဘုရင် ဘုရင့်နောင်
အထင်ကရ မြန်မာ့စစ်ဘုရင် ဘုရင့်နောင် (ငယ်မည် ရဲထွဋ်) ကို ၁၅၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မွေးဖွားခဲ့သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသမှသည်၊ တိုင်စကားပြောသူများ နေထိုင်ရာ တောင်ပေါ်ဒေသများကို ကျော်ဖြတ်ကာ ချောင်ဖရာမြစ်ဝှမ်း အရှေ့ဘက်ရှိ ဒေသများထိ ကျယ်ပြန့်ပြီး လူမျိုးပေါင်းစုံ ပါဝင်သည့် ဘုရင့်နောင်၏ ပိုင်နက်ကြီးသည် အရှေ့တောင်အာရှဒေသ ဒေသတခွင်လုံးကို လွှမ်းခြုံထားခဲ့သည်။ (ဂျီအီးဟာဗေး၏...
အပြည့်အစုံ ဖတ်ရန်ဘုရင့်နောင်၏ ၁၅၈၀ ပြည့်နှစ်က ရခိုင်ပြည်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု
၁၅၈၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ထီးနန်း အထွတ်အထိပ် ရောက်နေချိန်တွင် တောင်ငူဘုရင်သည် အနောက်အရပ်ရှိ မဏိပူရပြည်မှ စကာ ရှမ်းပြည်နယ်များကို ဖြတ်ကျော်၍ လင်ဇင်းပြည်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့သည်။ ရခိုင်ပြည်တစ်ခုသာ သိမ်းပိုက်မခံရဘဲ ကျန်ရှိနေခဲ့သည်။ မုတ္တမမင်းသား သီရိသုဓ္ဓမရာဇာ ခေါင်းဆောင်၍ ခြေလျင်တပ်သား အယောက် ၂၄၀၀၀၊...
အပြည့်အစုံ ဖတ်ရန်ဗိုလ်မင်းရာဇာများ
အကြောင်းအားလျော်စွာ ဘုရင့်နောင်မင်းတရားမှ တိုက်ရိုက်ဆင်းသက်သော မျိုးဆက်တစ်ခုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ရုံးစိုက်ခွင့် အမွေကို ရရှိထားသည်။ ၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင်က ပဲခူးမြို့ကို တိုက်ခိုက်အောင်နိုင်ပြီးနောက် (ဘုရင့်နောင်၏ သား ဖြစ်သည့်) နန္ဒဘုရင်၏ သားတော် တစ်ဦးကို စစ်တကောင်းနယ် တစ်ဝိုက်ကို အုပ်ချုပ်စေခဲ့သည်။ ထိုသူ၏ အမည်မှာ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းနယ်ကို အုပ်ချုပ်ခဲ့သည်။...
အပြည့်အစုံ ဖတ်ရန်မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ
မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးသော အသိုင်းအဝိုင်းများထဲမှ တစ်ခု ဖြစ်သော်လည်း စိတ်ဝင်စားစရာ အတော်ကောင်းသည့် ခရစ်ယာန် ဘာသာဝင်တစ်စုမှာ (ရွှေဘိုမြို့အနီးရှိ) မူးမြစ်ဝှမ်းမှ ဘရင်ဂျီလူမျိုးများ ဖြစ်သည်။ ဘရင်ဂျီဟူသော စကားလုံးသည် အာရပ်ဘာသာစကားဖြင့် အနောက်ဥရောပသားဟု အဓိပ္ပာယ်ရသော ဖာရင်ဂီ (Feringi) (သို့မဟုတ်) ဖရန့် (Frank) မှ လာသည့် အသုံးအနှုန်းကွဲ တစ်မျိုး ဖြစ်သည်။ ထိုင်းစကားဖြင့် ဖာရန် (Farang) ၊...
အပြည့်အစုံ ဖတ်ရန်ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံး
၁၆၁၃ ခုနှစ် ဧပြီလတွင် စစ်ဘုရင် ဖိလစ်ဒီဘရစ်တိုအဲနီကုတ် (Fillipe de Brito e Nicote, မြန်မာတို့က ငဇင်ကာဟု ခေါ်ကြသည်။) သည် သန်လျင်မြို့၌ တံကျင်ထိုးကာ ကွပ်မျက်ခံရသည်။ သူသည် စိတ်ဝင်စားဖွယ် ကောင်းသော ပေါ်တူဂီလူမျိုး စွန့်စားသူ ဖြစ်သည်။ ငယ်စဉ်က လစ်စ်ဘွန်မြို့ (Lisbon) ၌ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ရခိုင်ဘုရင်ထံတွင်...
အပြည့်အစုံ ဖတ်ရန်၁၆၁၇ ခုနှစ်ဝန်းကျင်က “ပဲခူးသူ ပဲခူးသားများ”
ယနေ့ အောက်မြန်မာပြည်ဟု ဖြစ်လာသော ဒေသမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ပုံဖော်ထားသည့် အစောပိုင်းကာလ ဥရောပလက်ရာကို ဘုန်းတော်ကြီး မာနူဝယ်လ်ဒိုဘရို မူဆင်ဟို (Father Manuel D’Abreu Mousinho) ရေးသားသော ပေါ်တူဂီ စွန့်စားရှာဖွေသူ ဆဲလ်ဗဒိုရီဘရို ဒီဆူဇာ (Salvador Ribeyro de Souza) ၏ စွန့်စားခန်းများ စာအုပ်တွင် ဖော်ပြခဲ့သည်။ ၁၆...
အပြည့်အစုံ ဖတ်ရန်အင်္ဂလိပ်ကြီး ရစ်ချက်ကိုဂန်: မြန်မာနိုင်ငံကို ကယ်တင်ခဲ့သူလား?
၁၆၅၀ ပြည့်နှစ်များတွင် မန်ချူးတို့သည် တရုတ်ပြည် တစ်ခုလုံးကို သိမ်းပိုက်ပြီးလုပြီ ဖြစ်သည်။ ထိုမှ ဆက်၍ ယူနန်ပြည်ကို သိမ်းပိုက်သည့် အခါ (ယခင်မင်းဆက်ဟောင်းမှ) မင် စစ်သားများ၊ ယင်းတို့၏ ဇနီးမယား၊ သားသမီးများ အပြင် ခြေသလုံးအိမ်တိုင်များ လူပေါင်းထောင်ချီကာ တောင်တန်းများကို ကျော်ဖြတ်လျှက် မြန်မာပြည်ထဲသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ရှမ်းနယ်များကို တိုက်ခိုက်ကာ အင်းဝနေပြည်တော်နှင့် နီးသထက်နီးလာနေသည်။ ၁၆၅၉...
အပြည့်အစုံ ဖတ်ရန်ရန်ကုန်မြစ်အောက်ခြေ တစ်နေရာရှိ ကိုနင်းဒေးဗစ် သင်္ဘောကြီး
ကိုနင်းဒေးဗစ် အမည်ရ ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောသည် ၁၆၆၁ ခုနှစ် ဧပြီလက ဂွတ်ဟုပ်အငူမှ ဘတ္တာဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာလာရာ ယနေ့ ရန်ကုန်မြို့ တည်ရှိရာ ကမ်းအနီးတွင် နစ်မြှုပ်သွားခဲ့သည်။ Verenigde Oostindische Compagnie (VOC) အမည်ရ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘော ဖြစ်ပြီး သင်္ဘောကပ္ပတိန်မှာ အမ်စတာဒန်မြို့မှ...
အပြည့်အစုံ ဖတ်ရန်အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီပြည် ပျက်သုဉ်းသွားခြင်း
၁၇၅၇ ခုနှစ် မေလ ၅ ရက်နေ့တွင် အလောင်းမင်းတရား၏တပ်များ လက်အောက်သို့ ပဲခူးမြို့ ကျရောက်သွားခဲ့သည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းနှင့် အောက်ပိုင်းဒေသတို့အကြား စစ်ပွဲအဆုံးသတ်ခဲ့သည်။ ဟံသာဝတီတိုင်း ပျက်သုဉ်းသွားခဲ့ပြီးနောက် ကုန်းဘောင်မင်းဆက်သည် မြန်မာပြည်ကို အုပ်စိုးသူရှင်ဘုရင်များ ဖြစ်လာခဲ့သည်။ ဤစစ်ပွဲသည် ကီဘက်နယ် (Quebec) မှ ပိုမက်ရာနီယာနယ် (Pomerania)၊ ဘင်္ဂလားပြည် (Bengal) တို့အထိ တိုက်ပွဲများစွာဖြစ်ခဲ့သော...
အပြည့်အစုံ ဖတ်ရန်ကောင်းတုံစာချုပ်
၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၅-၁၇၆၉) ပြီးဆုံးသွားခဲ့သည်။ မြန်မာ့စစ်သည်များသည် ချင်မင်းဆက် (မန်ချူး) တို့၏ ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ချင်းလုံ (Qianlong) က တပ်အင်အား ခြောက်သောင်း အထိ အသုံးပြုပြီး မြန်မာပြည်ကို သိမ်းပိုက်ရန်...
အပြည့်အစုံ ဖတ်ရန်ကိုလိုနီခေတ် မတိုင်မီ မြန်မာပြည်ကို ပန်းချီရေးဆွဲခဲ့သူ အိန္ဒိယ ပန်းချီဆရာ
၁၈ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှတို့၏ သြဇာသက်ရောက်မှုသည် အိန္ဒိယနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း တစ်လျှောက်တွင် အခြေစိုက် စခန်းချနိုင်ခဲ့သည်အထိ ရှိလာခဲ့သည်။ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ တပ်များသည်လည်း ဒေသခံ အိန္ဒိယမင်းသားများ၊ မဟာရာဂျာများ၊ နယ်စားများနှင့် မဟာမိတ်ဖွဲ့၍ ဖြစ်စေ၊ စစ်မက်တိုက်ခိုက်၍ ဖြစ်စေ အိန္ဒိယတိုက်၏ အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်လာခဲ့သည်။ ထို့နောက် ဗြိတိသျှတို့သည် ၎င်းတို့ရုံးချုပ် တည်ရာ ကာလကတ္တားမြို့နှင့်...
အပြည့်အစုံ ဖတ်ရန်တန်ဘိုရာမီးတောင် ပေါက်ကွဲမှု၏ အကျိုးဆက်
၁၈၁၅ ခုနှစ်က တန်ဘိုရာ (Tambora) မီးတောင်ပေါက်ကွဲမှုသည် ကမ္ဘာတစ်ဝှမ်းလုံးကို အကျိုးဆက်များ တွေ့ကြုံစေခဲ့သည့် သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်သည်။ ပေါက်ကွဲမှု အနီးတွင် (ယနေ့ အင်ဒိုနီးရှားနိုင်ငံ - Indonesia) နေထိုင်သော လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းရပြီး ကမ္ဘာမြေကြီးကို ပြာမှုန် တိမ်တိုက်ကြီးက လွှမ်းခြုံသွားခဲ့သည်။ အမှောင်ထုသည် လပေါင်းများစွာ ကြာခဲ့ပြီး နွေရာသီမှာ...
အပြည့်အစုံ ဖတ်ရန်ဗြိတိသျှတို့အား စတင်သိရှိရချိန်
အင်းဝနေပြည်တော်သည် ဗြိတိသျှတို့သည် ကုန်သွယ်ကြသည်၊ အိန္ဒိယနိုင်ငံအတွင်း အင်အားတိုးချဲ့နေကြသည် ဟူသည်မှ လွဲ၍ ထိုလူမျိုးသစ် အကြောင်းကို များများစားစား မသိရှိခဲ့ပေ။ ထို့ကြောင့် ဘိုးတော်ဘုရားက အနောက်အရပ်သို့ အထောက်တော် သူလျှိုများ စေလွှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း၊ စီလုံပြည်တို့တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး ၁၈၁၅ ခုနှစ်တွင် ပြန်ရောက်လာခဲ့သည့် အထောက်တော် သူလျှိုတစ်ဦးက ကိုရိုမန်ဒါကမ်းခြေ (Coromandal coast)...
အပြည့်အစုံ ဖတ်ရန်ဝိတိုရိယ နန်းတွင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာတော်ဝင် အနွယ်တော် တစ်ဦး
ဆိုဖာရန်ကုန် (၁၈၁၇-၁၈၉၀ ခုနှစ်) သည် အပ်ချုပ်ဆရာ တစ်ဦး ဖြစ်ပြီး ဝိတိုရိယဘုရင်မကြီး၏ အနှစ်သက်ဆုံးသော ဦးရီးတော် ဖြစ်သည့် ဆက်စက်စ်နယ်စား ဗြိတိသျှမင်းသား သြဂတ်စ်တပ်စ် ဖရက်ဒရစ် (၁၇၇၃-၁၈၄၃ ခုနှစ်) (Augustus Frederick) ထံတွင် မင်းစေအဖြစ် အမှုထမ်းခဲ့သည်။ ဆိုဖာသည် ‘အဝနေပြည်တော်ရှိ မင်းစိုးရာဇာ’ တစ်ဦး၏ အဆက်အနွယ်ဟု ဆိုသည်။ သို့ဖြစ်ပါက မင်းစိုးရာဇာ...
အပြည့်အစုံ ဖတ်ရန်