အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅)

သင်္ကြန်၏ အဓိပ္ပါယ်

မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဧပြီလလယ်ခန့်တွင် ကျင်းပလေ့ ရှိသည်။ “သင်္ကြန်ပွဲ”ဟု ခေါ်ကာ ရေသွန်းလောင်း ဆင်နွှဲကြသည်။ ပွဲတော်၏ မူလအစမှာ ဗုဒ္ဓဘုရား လက်ထက်တော် သို့မဟုတ် ထို့ထက်ပင် စောခဲ့ဟန် ရှိသည်။ သင်္ကြန်ဆိုသည့် ဝေါဟာရမှာ သင်္ကသရိုက် စကားလုံး “Saṁkrānti”မှ ဆင်းသက်လာသည်။ ထိုင်းစကားလုံး “ဆွန်ခရန် - Songkran”နှင့် အတူတူပင် ဖြစ်သည်။ သင်္ကြန္တ...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့မြေယာ အမျိုးအစားခွဲပုံ

အကြမ်းဖျင်းအရဆိုလျှင် နန်းစဉ်အရာတော်မြေ၊ ဘိုးဘပိုင်မြေ၊ ဝတ္ထုကံမြေနှင့် မင်းမြေဟူ၍ မြေယာအမျိုးအစားကြီး ၄ ခုရှိခဲ့သည်။  နန်းစဉ်အရာတော်မြေဆိုသည်မှာ ဘုရင်ပိုင်ဆိုင်သည့်မြေ ဖြစ်သည်။ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ပြန့်ကျဲနေသော ကျယ်ဝန်းသည့် နန်းစဉ်အရာတော်မြေများသည် ဘုရင့်ဘိုးစဉ်ဘောင်ဆက်ထံမှ  အမွေဆက်ခံရရှိထားခြင်း ဖြစ်နိုင်သလို လက်ထပ်ထိမ်းမြားမှုမှ ရရှိထားသော မြေများလည်း ဖြစ်နိုင်သည်။ ထိုလယ်ယာမြေများအား လမိုင်းဟု ခေါ်ဆိုသော အထူးဝန်ထမ်း လူတန်းစားတစ်ရပ် သို့မဟုတ် ဘုရင့်လယ်ကျွန်တော်များက...

အပြည့်အစုံ ဖတ်ရန်

အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသား တစ်ဦး

ဤသည်မှာ အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် ကိုလိုင်ရာ (Kolia San Thabue)၏ ဓာတ်ပုံ ဖြစ်သည်။ သူသည် ပုသိမ်မြို့မှ ပိုးကရင်လူမျိုးဖြစ်ပြီး ၁၈၇၀ ပြည့်နှစ် နှောင်းပိုင်းအချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ သူ့အကြောင်း အပြည့်အစုံကို တိတိကျကျ မသိရသော်လည်း မစ်ရှီဂန်ပြည်နယ်ကောလိပ် (Michigan College - ယခု တက္ကသိုလ်)...

အပြည့်အစုံ ဖတ်ရန်

မင်းတုန်းမင်းကြီး၏ အသည်းကျော်သမီးတော်တစ်ဦးဖြစ်သည့် နောင်မွန်မင်းသမီး။

နတ်မောက် နောင်မွန်မင်းသမီးသည် မင်းတုန်းမင်းနှင့် သရစိမ်းမိဖုရားတို့၏ သမီးတော်ဖြစ်သည်။ သီရိသုမလ္လာဒေဝီဘွဲ့ အပ်နှင်းခံရကာ နောင်တွင် သီရိပဒုမ္မာဒေဝီဘွဲ့ ချီးမြှောက်ခံရသည်။။ ၁၈၅၉ ခုနှစ် မန္တလေးနန်းတော်တွင် မွေးဖွားခဲ့ပြီး ကိုလိုနီခေတ်အတွင်း ကံကုန်ခဲ့သည်။ ဤသည်မှာ မင်းသမီး အသက် ၂၀ ကျော်အရွယ် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလတွင် မန္တလေးနန်းတော်၌ ရိုက်ကူးထားသောပုံဖြစ်သည်။

အပြည့်အစုံ ဖတ်ရန်

မန္တလေးမြို့မှ ထူးဆန်းသည့် အမွှေးအမျှင်များ ရှည်လျားနေသော မိသားစု

မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသော မိသားစုအကြောင်း သိရှိသူ နည်းလှသည်။ တစ်ချိန်တစ်ခါကတော့ ထိုမိသားစုသည် ကမ္ဘာကျော်ခဲ့လေသည်။ လာအိုနိုင်ငံ၏ တောင်တန်းဒေသများမှ ရွှေမောင်ဟု အမည်ရှိသော အမျိုးသားငယ် တစ်ဦးကို ဘကြီးတော်မင်းအား ဆက်သရန် အဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်းမှ အစပြုခဲ့သည်။ ထိုမိသားစု မျိုးဆက်သုံးဆက်သည် မွေးရာပါ အမွှေးအမျှင် ထူထပ်သည့် ရောဂါကို ခံစားခဲ့ရသည်။ ရွှေမောင်နှင့် သူ၏ မိသားစုကို...

အပြည့်အစုံ ဖတ်ရန်

မြန်မာအစိုးရထံတွင် ပထမဆုံး အမှုတော်ထမ်းခဲ့သည့် အင်္ဂလိပ်လူမျိုး အကြောင်း

ဂျော့ရော်ဂျာစ်သည် မြန်မာအစိုးရထံ ပထမဆုံး အမှုထမ်းခဲ့သော အင်္ဂလိပ်လူမျိုး ဖြစ်နိုင်သည်။ သူသည် ၁၇၆၀ ခုနစ် ပတ်ဝန်းကျင်က အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၁၇၈၀ ပြည့်နှစ် အစောပိုင်းတွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတွင် ရေတပ်အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏အဆိုအရ ကာလကတ္တားမြို့ အနီးတွင် အထက်အရာရှိ တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထိုသူအား သတ်မိပြီဟု အထင်နှင့် စစ်တကောင်းသို့...

အပြည့်အစုံ ဖတ်ရန်

အမရပူရနေပြည်တော်

အမရပူရနေပြည်တော်ကို ၁၇၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဘိုးတော်ဘုရားမင်းကြီး တည်ထောင်ခဲ့သည်။ ထိုစဉ်က ကုန်းဘောင်မင်းဆက်၏ သက်တမ်းမှာ ၂၅ နှစ်မျှသာ ရှိသေးပြီး တန်ခိုးအာဏာ အထွတ်အထိတ် ရောက်နေချိန် ဖြစ်သည်။ ကုန်းဘောင်မင်းတို့သည် ယိုးဒယားပြည် (Siam) ကို အခါခါ ကျူးကျော်ဖျက်ဆီးသကဲ့သို့ တရုတ်ချင်မင်းဆက်၏ တပ်များကိုလည်း နှိမ်နှင်းနိုင်ခဲ့သည်။ ရခိုင်ပြည် (Arakan)၊ မဏိပူရပြည်...

အပြည့်အစုံ ဖတ်ရန်

ဂျပ်ဆင်၏ ဘဝကြောင်း

၁၈၁၃ ခုနှစ် ဇူလိုင်လတွင် မန်ဆာချူးဆက်ပြည်နယ်မှ သာသနာပြု ဇနီးမောင်နှံဖြစ်သူ အဒိုနီရမ် နှင့် အန်းန် ဟက်ဆဲလ်တိုင်း ဂျပ်ဆင် (Adoniram and Ann Hesseltine Judson) တို့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်။ (ပုံပါ အမျိုးသမီး) အန်းန်သည် ၁၈၂၅ ခုနစ်တွင် အမ်ဟာ့စ်မြို့ (ယနေ့ခေတ် ကျိုက္ခမီမြို့) ၌ ဝက်သက်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

ကင်းဝန်မင်းကြီး

ကင်းဝန်မင်းကြီး ဦးကောင်း (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် - ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ ရက်)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိသုခမိန်တစ်ဦး သာမက သံတမန်တစ်ဦးလည်း ဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၁)

၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဝီလီယံခံတပ်၏ ဘုရင်ခံချုပ် လော့ဒ်ဝီလီယံအမ်းဟတ်စ် (နောင်တွင်ရခိုင်နယ်စားအမ်းဟတ်စ်) က အိန္ဒိယဘုရင်ခံချုပ် အဖြစ် အင်းဝနေပြည်တော်ကို တရားဝင် စစ်ကြေညာသည်။ ထိုစစ်ပွဲမှာ နှစ်နှစ်ကျော် ကြာခဲ့ပြီး ဗြိတိသျှစစ်သမိုင်းကြောင်းတွင် ကုန်ကျစရိတ်အများဆုံး (ယနေ့ခေတ် တန်ဖိုးဖြင့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံမျှ) ရှိခဲ့သည့် စစ်ပွဲကြီး ဖြစ်သည်။ ဥရောပစစ်သား၊ အိန္ဒိယစစ်သားနှင့်...

အပြည့်အစုံ ဖတ်ရန်

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၂)

အပိုင်း ၁ ကို ဒီမှာဖတ်ပါ ရခိုင်ပြည်နှင့် အာသံပြည်မှ ဗန္ဓုလတပ်များ ပြန်ရောက်လာသဖြင့် ရန်ကုန်စစ်ရှေ့မျက်နှာတွင် စိတ်ဓာတ်ကျနေသော မြန်မာစစ်သည်များက ပြန်လည်တက်ကြွလာသည်။ ဗန္ဓုလသည် ရောက်ရောက်ချင်း ဗြိတိသျှတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်တော့သည်။ အရှေ့ဘက်ရှိ ပုဇွန်တောင်တွင် မြို့လတ်မင်းကြီးနှင့် အင်အား သုံးထောင်၊ မြောက်ဘက်တွင် ညီတော် မင်းထင်မင်းခေါင်နှင့် အင်အားသုံးထောင်၊ အနောက်ဘက်တွင် နန်းစောင့်တပ်မှူးမင်းကြီး မဟာမင်းလှဇေယျသူနှင့် အင်အား...

အပြည့်အစုံ ဖတ်ရန်

ရန္တပိုစာချုပ်

ဖေဖော်ဝါရီလ ၂၄ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အမည်းစက် ထင်ကျန်စေခဲ့သော နေ့ရက် တစ်ရက် ဖြစ်သည်။ ၁၈၂၆ ခုနစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အရှေ့အိန္ဒိယကုမ္ဗဏီ ကိုယ်စားလှယ် အနေဖြင့် ဆာအာချီဘောကမ့်ဘဲ (Sir Archibald Campbell) သည် လယ်ကိုင်းမြို့စား မဟာမင်းလှကျော်ထင်နှင့်အတူ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို အဆုံးသတ်စေသော ရန္တပိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်စလုံး၏...

အပြည့်အစုံ ဖတ်ရန်

တွေ့ရှိထားသည့် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ တစ်ခုတည်းသော ဓာတ်ပုံ

အဆိုပါပုံကို ဗြိတိသျှကိုယ်စားလှယ်တစ်ဦးဖြစ်သော ဒေါက်တာ ကလီမန့်ဝီလီယံ (Dr. Clement Williams)က မန္တလေးမြို့တွင် ရိုက်ကူးခဲ့သည်။ ဒေါက်တာဝီလီယံသည် မင်းတုန်းမင်းနှင့် မှုးကြီးမတ်ရာများ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့သည်။ မကြာသေးမီကမှ ဒေါက်တာ၏ အမွေစားအမွေခံများက ဖော်ပြပါဓာတ်ပုံကို အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်ပြလိုက်သည်။ ဦးဘိုးလှိုင် (၁၈၃၀ - ၁၈၈၃ ခုနှစ်)သည် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်က ပြုပြင်ပြောင်းလဲရေး...

အပြည့်အစုံ ဖတ်ရန်

ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ

၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်သည်။ ပထမစစ်ပွဲထက် စစ်တိုက်ချိန် တိုတောင်းသည်။ ဗြိတိသျှတို့ တစ်ဖက်သတ် နိုင်ရသည်။ မြန်မာ့ပိုင်နက်နယ်မြေများ ထပ်မံဆုံးရှုံးရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်မှာ မြန်မာတို့၏ ရန်လိုကျူးကျော်မှုနှင့် ဗြိတိသျှတို့၏ နယ်မြေချဲ့ထွင်မှုကြောင့် ဖြစ်ခဲ့ရသော်လည်း ယခုစစ်မှာ ကာလကတ္တားမြို့ရှိ ဗြိတိသျှအုပ်ချုပ်သူများ၏ အပြစ်သက်သက်သာ ဖြစ်သည်။ ရန်ကုန်မြို့ဝန်က အခွန်ရှောင်သည်ဟု သံသယရှိသည့် ဗြိတိသျှ...

အပြည့်အစုံ ဖတ်ရန်

၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့ရောက် မကွေးမြို့စားနှင့် ဆာအာသာဖယ်ယာ

၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့၌ ဆာအာသာဖယ်ယာနှင့် မကွေးမြို့စား တွေ့ဆုံနေပုံကို ရေးဆွဲထားသော ရေဆေးပန်းချီ ဖြစ်သည်။ မင်းတုန်းမင်းကြီး (၁၈၅၂-၁၈၅၃ ခုနှစ်) သည် နန်းတက်ခါစ အစောပိုင်းကာလများက ဒုတိယ အင်္ဂလိပ်-မြန်မာစစ် အတွင်း၌ သိမ်းပိုက်ခံခဲ့ရသော အောက်မြန်မာပြည်ကို ဗြိတိသျှတို့ထံမှ ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးသည် သူ၏ သြဇာအာဏာကြီးသော ဝန်ကြီးများထဲမှ တစ်ဦးဖြစ်သည့်...

အပြည့်အစုံ ဖတ်ရန်

မင်းတုန်းမင်းတရား၏ ပြုပြင်ပြောင်းလဲမှုများ

မြန်မာတို့က မင်းတုန်းမင်းသည် သာသနာကို များစွာ အကျိုးပြုသည့် ဒါယကာတော်၊ နောက်ဆုံးသော မင်းကောင်းမင်းမြတ်ဟု မှတ်ယူကြသည်။ သူ၏ လက်ထက်တော် ၁၈၇၁ ခုနှစ်တွင် ပဥ္စမအကြိမ် သင်္ဂါယနာ တင်နိုင်ခဲ့သည်။ ပိဋကတ်သုံးပုံကို ပြန်လည်အတည်ပြု သန့်စင်ရန် တိုင်းတပါးမှ ရဟန်းတော်များ အပါအဝင် ရဟန်းတော် အပါးရေ ၂၄၀၀ ကျော် တခမ်းတနား တက်ရောက်ခဲ့သော သင်္ဂါယနာတင်ပွဲကို ရာစုနှစ်...

အပြည့်အစုံ ဖတ်ရန်

အမိကလေး

၁၈၅၅ ခုနှစ်က ဗြိတိသျှလူမျိုး ကိုးလ်စ်ဝါ့သီဂရန့် (Colesworthy Grant) ၏ လက်ရာဖြစ်သော “အမိကလေး” ၏ ရေဆေးပန်းချီ ဖြစ်သည်။ အမိကလေးသည် ပြည်မြို့ စစ်ကဲကြီး၏ အငယ်ဆုံးသမီးဖြစ်သည်။ ကိုးလ်စ်ဝါ့သီဂရန့်သည် ၁၈၅၅ ခုနှစ်က အမရပူရနှင့် မင်းတုန်းမင်း၏ နန်းတော်သို့ ရောက်ရှိလာသော ဆာအာသာဖယ်ရာ (Sir Arther Phayre) ခေါင်းဆောင်သည့် သံအဖွဲ့နှင့်အတူ လိုက်ပါလာသော...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု...

အပြည့်အစုံ ဖတ်ရန်

မြန်မာ-အမေရိကန် ဆက်ဆံရေး၏ မိုးသောက်ချိန်

၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်းက အမေရိကန်နိုင်ငံ ၁၄ ဆက်မြောက် သမ္မတ ဖရန်ကလင်ပိရက်စ် (Franklin Pierce) ကို သဝဏ်လွှာ ရေးသားပေးပို့ခြင်းမှ မြန်မာ-အမေရိကန် ဆက်ဆံရေး တရားဝင် အစပြုခဲ့သည်။ မင်းတုန်းမင်း၏ ခေတ်မီပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန် ကောင်းနေစဉ်ကာလက ဖြစ်သည်။ ထိုမှ နောင် ၁၅ နှစ် အတွင်း မင်းတုန်းမင်းသည် အစိုးရအဖွဲ့တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲရန်...

အပြည့်အစုံ ဖတ်ရန်

၁၈၅၇ ခုနှစ် ဝန်းကျင်က လန်ဒန်မြို့ရောက် မြန်မာတစ်ဦး

မောင်ရွှေတူးသည် ၁၈၅၅ ခုနှစ်တွင် “ပညာရှာမှီးရန်” ကာလကတ္တားမြို့ကို သွားရောက်ခဲ့သည်။ ကာလကတ္တားမြို့ရှိ ခရစ်ယာန် သာသနာပြုကျောင်းတွင် တက်ရောက်ကာ အင်္ဂလိပ်စာ သင်ယူခဲ့သည်။ ထိုနောက် အနောက်တိုင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးလိုသည့်အတွက် ဗြိတိသျှကုန်သင်္ဘော တစ်စီးပေါ်တွင် သာမန်သင်္ဘောသား တစ်ဦး အဖြစ် အလုပ်ဝင်ကာ ၁၈၅၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိသွားလေသည်။  လန်ဒန်မြို့သို့ ရောက်သောအခါ ဤသတ္တိခဲလူငယ်သည် “အာရှသားများ စောင့်ရှောက်ရေး ဂေဟာ”...

အပြည့်အစုံ ဖတ်ရန်

အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား

အမေရိကကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကကို ပထမဦးဆုံး ရောက်သော ဗမာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူးဖြစ်ပါသည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။ ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

ကင်းဝန်မင်းကြီးမှ ကလီမန့်ဝီလျံစ်ကို ပေးပို့သည့် ရှားပါးစာစောင်

ကလီမန့် ဝီလျံစ်သည် ၁၉ ရာစု မြန်မာ့သမိုင်းတွင် စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်က ဗြိတိသျှစစ်တပ်၏ လက်ထောက်ခွဲစိတ်ဆရာဝန် အဖြစ် မြန်မာပြည်ကို ရောက်ရှိလာခဲ့သည်။ နောင်တွင် မန္တလေး၌ (ဗြိတိသျှ) သံကိုယ်စားလှယ် ဖြစ်လာသည်။ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး မင်းတုန်းမင်းက သဘောကျကာ မိတ်ဆွေဟုပင် မှတ်ယူခံရသူ ဖြစ်သည်။ သို့ရာတွင်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ နောက်ဆုံးသောဘုရင် သီပေါမင်း

သီပေါမင်း (၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်- ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သည်။ မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော် ဖြစ်ပြီး မင်းတုန်းမင်း၏ ၄၁ ဦးမြောက် သားတော် ဖြစ်သည်။ သီရိပဝရ ဝိဇယာနန္တယ သတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့အမည်ဖြင့်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်

စုဖုရားလတ် (၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်-၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်) သည် မြန်မာပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် သီပေါမင်း၏ နန်းမတော်အရှင် မိဖုရားခေါင်ကြီး ဖြစ်လာသည်။ မိဖုရားခေါင်ကြီး ဖြစ်လာစဥ်တွင် အသက် ၁၉ နှစ်သာ ရှိသေးသည်။ နန်းစံသည့် ၇ နှစ်ကာလအတွင်း...

အပြည့်အစုံ ဖတ်ရန်

မန်းနေပြည်မှ ဂူလီသဘင်

မြန်မာတို့က ဂူလီဟု ခေါ်ဝေါ်ကြသည့် ပိုလိုကစားနည်းသည် ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ကစားကြသော ကစားနည်းတစ်ခု ဖြစ်သည်။ ယခုခေတ် ကစားပုံမှာ မဏိပူရပြည်မှ ဆင်းသက်လာပြီး ထိုဒေသတွင်မူ ရာစုနှစ်များစွာ ကစားနှင့်ခဲ့ကြပြီး ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင် ဗြိတိသျှတို့က ထိုမဏိပူရ ရိုးရာကစားနည်းကို မှီငြမ်းကာ ပထမဆုံး ပိုလိုကလပ်ကို ဖွဲ့စည်းခဲ့သည်။  ထိုကစားနည်းမှာ အလွန်ရှေးကျပြီး အာရှအလယ်ပိုင်း ကုန်းပြင်မြင့်ဒေသတွင်...

အပြည့်အစုံ ဖတ်ရန်

ကနောင်မင်းသားကြီး လုပ်ကြံခံရမှု

၁၈၆၆ ခုနှစ် သြဂုတ်လတွင် ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း လမ်းကြောင်းသည်လည်း ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် မင်းတုန်းမင်းကြီး၏ ညီတော်ရင်း ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် အတူယှဉ်တွဲ ဆောင်ရွက်နေသူ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်သည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦးသား လက်တွဲကာ တိုင်းပြည်၏ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ စီးပွားရေးစနစ် ဖွံ့ဖြိုးလာရန်၊ မိမိတို့၏ လွတ်လပ်ရေး...

အပြည့်အစုံ ဖတ်ရန်

မြင်ကွန်းမင်းသား

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဖခမည်းတော် မင်းတုန်းမင်းကို မြင်ကွန်းမင်းသား ပုန်ကန်တော်လှန်ခဲ့သည်။ ဦးရီးတော် အိမ်ရှေ့မင်းသား ဖြစ်သော ကနောင်မင်းသားနှင့် အခြားသော မှူးကြီးမတ်ရာများ လုပ်ကြံခံခဲ့ရသည်။ ထိုတော်လှန်ပုန်ကန်မှုသည် ရက်သတ္တပတ် အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီး သွေးထွက်သံယိုများစွာ ဖြစ်ခဲ့ပြီးမှသာ အဆုံးသတ်ခဲ့သည်။ ကနောင်မင်းသားသည် မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ယင်းကွယ်လွန်ခဲ့ခြင်းသည် တပ်မတော်နှင့်...

အပြည့်အစုံ ဖတ်ရန်

သံချက်ဝန်ဦးမြူ

သံချက်ဝန် ဦးမြူသည် အဝနန်းတွင်းရှိ မှူးမတ်မျိုးနွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီမြို့တွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် École Centrale des Arts et Manufactures ကျောင်းမှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ၁၈၇၀ ပြည့်နှစ် အလွန်တွင် ပြင်သစ်နိုင်ငံသို့ ပြန်သွားကာ ဆက်လက်ပညာသင်ယူခဲ့သည်။ မင်းတုန်းမင်းကြီး၏...

အပြည့်အစုံ ဖတ်ရန်

ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့

၁၈၇၁ ခုနှစ် ကင်းဝန်မင်းကြီး ဦးဆောင်သည့် သံအဖွဲ့သည် ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့ ဖြစ်သည်။ (မြန်မာတို့သည် ဥရောပရှိ အခြားသော အင်အားကြီးများကိုလည်း မျက်နှာချိုသွေးနိုင်ပါသည်ဟူသော သတင်းစကား ဗြိတိသျှတို့ နားသို့ ရောက်ရှိစေရန် ရည်ရွယ်သည့်) ထိုခရီးစဉ်အတွင်း ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် Louvre ပြတိုက်၌ အီဂျစ်မမ်မီရုပ်အလောင်းများကို ကြည့်ရှုခြင်း၊ နပိုလီယံသင်္ချိုင်းအုတ်ဂူတွင် အရိုအသေပြုခြင်း၊ အမျိုးသားစာကြည်တိုက်သို့ သွားရောက်လေ့လာခြင်းများ...

အပြည့်အစုံ ဖတ်ရန်

ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့

ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ်အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်းအတွက် ဂလက်စ်ဂိုမြို့ (Glasgow) တွင် တည်ဆောက်ခဲ့ခြင်း...

အပြည့်အစုံ ဖတ်ရန်