အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅)

Historic Events

၁၉ ၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် တိုဂျိုအပါအဝင် အခြားသူများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် (သခင်မေ၊ ဦးသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ) ဒေါက်တာဘမော် ၁၉ ၄၃ ခုနှစ် မတ်လ၌ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်စဉ်။ နောက်မကြာမီတွင် ဒေါက်တာဘမော်သည် ဝင်ရိုးတန်းနိုင်ငံအင်အားစု၏ မဟာမိတ်ဖြစ်လာသော မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ သို့မဟုတ် အဓိပတိ ဖြစ်လာလေသည်။

အပြည့်အစုံ ဖတ်ရန်

“ဂျပန်တွေကို ဝေးဝေးရှောင်”

၁၉ ၄၃ ခုနှစ်၀န်းကျင်က ဖြစ်၏။ မြန်မာနိုင်ငံကို ဗုန်းကြဲရခြင်းမှာ မြန်မာတို့ကို မဟုတ်ဘဲ ဂျပန်များအတွက်သာ ရည်ရွယ်ကြောင်းကို မြန်မာရွာသားများအား ရှင်းပြထားသည့် အမေရိကန်လေတပ်မှ ဖြန့်ဝေသော လက်ကမ်းစာစောင်။ 

အပြည့်အစုံ ဖတ်ရန်

သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ (၁၉ ၄၄ခုနှစ်)

၁၉၄၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကချင်နှင့် မဟာမိတ်တပ်ဖွဲ့များ အားဖြည့်မှုဖြင့် တရုတ်၊ (Merill’s Marauders တပ်ဖွဲ့ အပါအဝင်) အမေရိကန်တပ်များသည် မြစ်ကြီးနားကို ဂျပန်တို့လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အရေးကြီးလှသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။  မြစ်ကြီးနားရှိ အရေးကြီးသော လေယာဉ်ဆင်းကွင်းများကို ပြန်လည် ချုပ်ကိုင်လာနိုင်ခဲ့သည်။ ၇၈ ရက်ကြာ...

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့ လက်နက်ချခြင်း

၁၉ ၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က အမေရိကန် ရေတပ်သင်္ဘော (USS Missouri) ပေါ်တွင် ဂျပန်အင်ပါယာသည် မဟာမိတ်တပ်များထံ တရားဝင်လက်နက်ချသည်။ ထိုနေ့က မဟာမိတ်တပ်၏ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောအစီး ၁၀၀ ကျော်ခန့် တိုကျိုပင်လယ်အော်၌ ရှိနေခဲ့သည်။ မဟာမိတ်အင်အားစု၏ ကိုယ်စားလှယ်အဖြစ် မဟာမိတ်တပ်များ၏ စစ်သေနာပတိ အမေရိကန်တပ်မတော် ဗိုလ်ချုပ်မှူးကြီး ဒေါက်ဂလပ်စ်မက်အာသာ (Douglas...

အပြည့်အစုံ ဖတ်ရန်

ဂျပန်ဗိုလ်ချုပ်ကြီး ရန်ကုန်မြို့ အစိုးရအိမ်တော်၌ တရားဝင် လက်နက်ချစဉ်

၁၉ ၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ - ရန်ကုန်မြို့အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် ခေတ္တကာကွယ်ရေးဦးစီးချုပ်)သည် ဗြိတိသျှဗိုလ်မှူးချုပ် အီးပီအီးအမ်းစထရောင်း (E.P.E Armstrong) ရှေ့မှောက်တွင် တရားဝင်လက်နက်ချသည်။ (ဗိုလ်မှူးချုပ်အမ်းစထရောင်းသည် အမှတ် ၁၂ ဗြိတိသျှတပ်မတော်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး မောင်တီဂယူးစတော့ဖို့ဒ် Montague Stopford ၏ လက်အောက် ကာကွယ်ရေးဦးစီးချုပ်...

အပြည့်အစုံ ဖတ်ရန်


မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲတို့သည် (အင်ဖာနှင့် ကိုဟီမာတိုက်ပွဲပြီးလျှင်) ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။ မြန်မာ့သမိုင်းကြောင်း ရှေးရှုရာကိုလည်း ပြောင်းလဲသွားစေခဲ့သော တိုက်ပွဲများဖြစ်သည်။ ၁၉၄၃ ခုနှစ် နိုဝင်ဘာလတွင် ကိုင်ရို၌ အသစ်ဖွဲ့စည်းလိုက်သည့် “ကုလသမဂ္ဂ”၏ ခေါင်းဆောင်များဖြစ်သော ဖရန်ကလင်းဒီရိုစဘက် (Franklin D. Roosevelt)၊ ဝင်စတန်ချာချေးလ် (Winston Churchill)၊ ချန်ကေရှိတ် (Chang Kai-shek)...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်တွင် ဒုတိယကမ္ဘာစစ် စတင်သော ကာလ

၁၉၄၁ ဒီဇင်ဘာ (၁၄)တွင်ဂျပန်တို့က တနင်္သာရီတိုင်းကို စ၍ ထိုးဖောက်ကျူးကျော်ခဲ့ကြသည်။  ပုံုမှာ ဆူးလေဘုရားလမ်းပေါ်မှ ဗြိတိသျှ တပ်စု တစ်စုဖြစ်သည်။  အပြီးသတ် စွန့်ခွာသော ၁၉၄၂ ခုနစ် မတ်လ ၇ ရက်နေ့ထိ မြို့ထဲတွင် တပ်စွဲထားသော အမှတ် ၁ ဂလောက်ချက်စ်တာရှိုင်းယားတပ်မှ ဖြစ်ဟန် ရှိသည်။ 

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့ ကျရှုံးခြင်း

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဂျပန်တပ်တို့ လက်နက်ချခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလတစ်လျှောက် အကြီးမားဆုံး စစ်တပ်ဖြစ်သည့် လက်နက်ကိုင် စစ်သည်တစ်သန်း ပါဝင်သော အမှတ် ၁၄ ဗြိတိသျှတပ်သည် ဗမာပြည် နယ်နိမိတ်အတွင်းရှိ ဂျပန်တပ်မတော်ကို အောင်နိုင်ပြီးနောက် စစ်ပွဲအပြီးတွင် မာလာယုကျွန်းကို ဝင်ရောက်ရန် ပြင်ဆင်နေခဲ့ကြသည်။ ဓာတ်ပုံထဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို နောက်ခံအဖြစ် တွေ့မြင်နိုင်ပါသည်။

အပြည့်အစုံ ဖတ်ရန်

Cover of "Shashin Shuho" Magazine in March 1943

ဖော်ပြပါပုံမှာ ရှာရှင်ရှုဟို အမည်ရှိ ဂျပန်မဂ္ဂဇင်းတစ်ခု၏ မျက်နှာဖုံးဖြစ်ကာ ဒေါက်တာဘမော်နှင့် လုပ်ဖော်ကိုင်ဖက်များ တိုကျိုမြို့ ဟာနဲဒါလေဆိပသို့ ဆိုက်ရောက်လာသည့်ပုံကို ဖော်ပြထားသည်။ နောက်ငါးလအကြာတွင် ဒေါက်တာဘမော်သည် မြန်မာပြည်၏ အဓိပတိ ဖြစ်လာခဲ့သည်။ ပုံ၏နောက်တွင် ဒိုင်နိပွန်ကိုကု (Dai Nippon Koku) ခေါ် ဂျပန်တော်ဝင်လေကြောင်းလိုင်းပိုင် ဟုယူဆရသော စစ်တပ်သုံး မီဆူဘီရှိ ကေအိုင်-၅၇ (Mitsubishi KI-57) သယ်ယူပို့ဆောင်ရေး...

အပြည့်အစုံ ဖတ်ရန်

လီဒိုလမ်းမကြီး ဝါ စတီးဝဲလ်လမ်းမကြီး

၁၉ ၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လီဒိုလမ်းမကြီး ဝါ စတီးဝဲလ်လမ်းမကြီး (Ledo or Stillwell Road)ကို ဖွင့်လှစ်ခဲ့သည်။ ထိုလမ်းမကြီးသည် အာသံပြည်၊ လီဒိုမြို့နှင့် ယူနန်ပြည်၊ ကူမင်းမြို့တို့ကို ဆက်သွယ်ထားသည်။ တရုတ်နိုင်ငံသို့ သွားသည့် မဟာမိတ်တပ်များ၏ အသက်သွေးကြောဖြစ်ခဲ့သော ထိုလမ်းမကြီးကို အာဖရိကန်-အမေရိကန်လူမျိုး ထောင်ချီကာ တည်ဆောက်ခဲ့ရသည်။ လီဒိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း...

အပြည့်အစုံ ဖတ်ရန်