အမေ့ခံအတိတ်
အမေ့ခံအတိတ်

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁)

မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း

၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “စက္ကူဖြူစာတမ်း” ကို တရားဝင် ထုတ်ပြန်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့  (နောက်ပိုင်းတွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၊ ဖဆပလ ဖြစ်လာ) သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ နောက်ဆက်တွဲမှာ မြန်မာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှအာဏာပိုင်များ...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံတွင် စစ်ပွဲကင်းမဲ့ခဲ့သော နေ့ရက်များ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (ဂျပန်တို့ တနင်္သာရီဒေသကို စတင်ကျူးကျော်၍ ရန်ကုန်မြို့ကို လေကြောင်းမှ တိုက်ခိုက်ကာ မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ကြီး ရောက်ရှိလာချိန်) မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး ကင်းလွတ်ခဲ့ချိန် ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့သမိုင်းကို ပြောင်းလဲစေခဲ့သော လေဘာပါတီ၏ အောင်ပွဲ

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်နိုင်ငံတွင် လေဘာပါတီ (Labour Party) က ကွန်ဆာဗေးတစ်ပါတီ (Conservative Party) ကို အပြတ်အသတ် အနိုင်ရပြီး ဆာဝင်စတန်ချာချီ (Sir Winston Churchill) နေရာကို ကလီမန့် အက်တလီ (Clement Attlee) က အစားထိုးကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ လေဘာပါတီ၏ အနိုင်ရမှုက မြန်မာ့သမိုင်း...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) သည် “ဓနသဟာယအဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် အမြန် ဆောင်ရွက်ရမည်” ဟူသော သူ့အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂလန်ပြည်သည် မြန်မာပြည်မှ နှုတ်ထွက်ရန်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ်

အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီသည်။ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) သည် ရန်ကုန်မြို့သို့ ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသည်။ ဂန္ဒီသည် မြန်မာ့နိုင်ငံရေးလောက အပေါ်  ကြီးမားသော သက်ရောက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှလည်း ဂန္ဒီ အပေါ်...

အပြည့်အစုံ ဖတ်ရန်

လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်း

ယခုဓာတ်ပုံတွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလက ဗြိတိန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ် လန်ဒန်မြို့ (London)၊ ဒေါ်ချက်စတာဟိုတယ် (Dorchester Hotel) ၌ ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် သခင်မြနှင့် ဦးတင်ထွဋ် (ကိုယ်စားလှယ် အဖွဲ့၏ ပင်မညှိနှိုင်းရေး တာဝန်ခံ) တို့က ခြံရံထားသည်။ ထိုဆွေးနွေးညှိနှိုင်းမှုများမှ ဗြိတိန်နိုင်ငံ၏ လက်အောက်မှ မြန်မာနိုင်ငံ...

အပြည့်အစုံ ဖတ်ရန်

လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ (India) သည် ဗြိတိသျှ အင်ပါယာကြီး၏ လက်အောက်မှ လွတ်လပ်ရေး ရသည်။ ထိုအချိန်တွင် တိုင်းပြည်ကို ခွဲ၍ တစ်ဆက်တည်းမှာပင် ပါကစ္စတန်နိုင်ငံသစ် (Pakistan) ပေါ်ပေါက်လာခဲ့သည်။ များမကြာမီပင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဓနသဟာယအဖွဲ့...

အပြည့်အစုံ ဖတ်ရန်

ဦးအောင်ဆန်းနှင့် ပန်ဒစ်နေရူးတို့၏ သမိုင်းဝင် တွေ့ဆုံပွဲ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည် လွတ်လပ်ရေး အတွက် ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်မြို့ (London) သို့ အသွားတွင် ဒေလီမြို့ (Delhi) ၌ ရပ်နားစဥ် ပန်ဒစ်နေရူး (Pundit Nehru) နှင့် တွေ့ဆုံခဲ့သည်။   ပန်ဒစ်နေရူးသည် ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ထားသော အပူပိုင်းဒေသ ဝတ်စုံမှာ...

အပြည့်အစုံ ဖတ်ရန်

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ ပရိသတ်ကို မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ထိုစဉ်က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) ၏ လက်အောက်တွင် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင် (ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ...

အပြည့်အစုံ ဖတ်ရန်

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။ ပင်လုံစာချုပ်သည် ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာပြည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များ အတွက် သဘောတူစာချုပ်တစ်ခု ဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

အောင်ဆန်းအက်တလီ စာချုပ်

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၂၇ ရက် အတွင်း လန်ဒန်မြို့ (London) တွင် ဗြိတိသျှအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာဧည့်သံတမန် အဖွဲ့တို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများမှ အောင်ဆန်း-အက်တလီ စာချုပ် ဖြစ်လာခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ်တွင်...

အပြည့်အစုံ ဖတ်ရန်

နု-အက်တလီစာချုပ်

အောက်တိုဘာ ၁ ရက်နေ့သည် ဗြိတိန်နိုင်ငံ အစိုးရနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ယာယီအစိုးရတို့ အကြား မြန်မာပြည် လွတ်လပ်ရေး အတွက် စာချုပ် (နု-အက်တလီ စာချုပ်) ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ခြင်း နှစ်ပတ်လည် ဖြစ်ပါသည်။  ဦးနု (ထိုစဥ် ယာယီ အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဘဏ္ဍာရေး ဝန်ကြီး)နှင့် အခြားသူများ ခေါင်းဆောင်ကာ လအတော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ...

အပြည့်အစုံ ဖတ်ရန်

လူမျိုးပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ

၁၉၄၈ ခုနှစ် သြဂုတ်လက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လွတ်လပ်သော မြန်မာနိုင်ငံ၏ သမ္မတကြီး စဝ်ရွှေသိုက်နှင့် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း (Smith Dun) တို့ ရန်ကုန်ကော်ပိုရေးရှင်း အဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးပုံ ဖြစ်သည်။ ထိုစဥ်က ကွန်မြူနစ် ("အလံဖြူ"နှင့် "အလံနီ")၊ ပြည်သူ့ရဲဘော် အစည်းအရုံးနှင့် မူဂျာဟစ်ဒင် (Mujahideen) လက်နက်ကိုင်...

အပြည့်အစုံ ဖတ်ရန်

ဦးစော ကြိုးပေးခံရခြင်း

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ဦးစောအား အင်းစိန်ထောင်တွင် ကြိုးပေးစီရင်ခဲ့သည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ ပဟေဠိများစွာ ရှိသော်လည်း ဦးစော၏ ပါဝင်ပတ်သက်မှုမှာ အငြင်းပွားစရာ မရှိပေ။ ရုပ်အလောင်းကို ထောင်အတွင်းမှာပင် အမည် မတပ်ထားသော အုတ်ဂူတစ်ခုတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ ဝဲဘက်မှ ဓာတ်ပုံမှာ ၁၉၄၁ ခုနှစ်က...

အပြည့်အစုံ ဖတ်ရန်

လွတ်လပ်ရေးနေ့ဆိုင်ရာ ဒဏ္ဍာရီများ

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယအဖွဲ့၏ ပြင်ပမှ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ အစိုးရအိမ်တော်ရှိ ယူနီယံဂျက် (Union Jack) အလံ ကို ဖြုတ်ချပြီး နောက်ဆုံး ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်...

အပြည့်အစုံ ဖတ်ရန်

ကုလသမဂ္ဂနေ့

အောက်တိုဘာလ ၂၄ ရက်နေ့သည် ကမ္ဘာ့ ကုလသမဂ္ဂနေ့ ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် (အင်အားကြီး ငါးနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံ (China)၊ ပြင်သစ်နိုင်ငံ (France)၊ အင်္ဂလန်နိုင်ငံ (United Kingdom)၊ အမေရိကန်ပြည်ထောင်စု (United States) နှင့် ဆိုဗီယက်ပြည်ထောင်စု (Soviet Union) တို့ သဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်) ကုလသမဂ္ဂအဖွဲ့ကြီး၏...

အပြည့်အစုံ ဖတ်ရန်

သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်

မြန်မာ့ပြည်တွင်းစစ်မှာ ကမ္ဘာပေါ်၌ အရှည်ကြာဆုံးသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ယခုထက်တိုင် မရိုးနိုင်အောင် ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ဖြစ်ပွားလျက် ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်၌ ဒုတိယကမ္ဘာစစ်ကြီး ဆုံးခန်းတိုင်ခြင်း မရှိခဲ့။ ဂျပန်ဗုံးကျဲလေယာဉ်များ ရန်ကုန်မြို့ ကောင်းကင်ယံထက်မှ ပျံဝဲကာ ပစ်ချလိုက်သည့် အခိုက်အတန့်မှ စ၍ ယနေ့တိုင် မြန်မာပြည်သည်...

အပြည့်အစုံ ဖတ်ရန်

နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်၏ ၁၉၄၉ ခုနှစ် အိန္ဒိယခရီးစဉ်

ဖော်ပြပါဓာတ်ပုံမှာ ၁၉၄၉ ခုနှစ်၌ ဒေလီ (Delhi) လေဆိပ်သို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင် ဆိုက်ရောက်လာစဉ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဆာအမ်အေမောင်ကြီးနှင့် အခြားသော မြန်မာ၊ အိန္ဒိယ အရာရှိများက ခရီးဦးကြိုဆိုကြပုံ ဖြစ်သည်။ ဦးဧမောင်နှင့် ဆာအမ်အေမောင်ကြီးတို့ နှစ်ဦးလုံး ဆေးပြင်းလိပ် သောက်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များ ဆေးလိပ်တခဲခဲဖြင့် လေဆိပ်သို့...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ် က အင်္ဂလန်နိုင်ငံရောက် ဗိုလ်ချုပ်နေဝင်း

၁၉၄၉ ခုနှစ် ဇူလိုင်လက ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် ဗိုလ်ချုပ်နေဝင်း (ဝဲအစွန်) ကို ဦးလှမောင် (ထိုစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး)၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ချုပ်နေဝင်း အတွက် ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးခဲ့သော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး (ဆံရှည်) ဦးအုန်းတို့နှင့် အတူ လန်ဒန်မြို့ (London) ရှိ နိုင်ငံခြားရေးရုံးတွင် တွေ့ရသည်။...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ

၁၉၄၉ ခုနှစ်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ တစ်ခုကို ဆူးလေဘုရားလမ်းနှင့် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) ထောင့်တွင် တွေ့ရပုံ ဖြစ်သည်။ ထိုစဉ်က အစိုးရ အာဏာသက်ရောက်မှုသည် ရန်ကုန်မြို့တွင်သာ ရှိနေပြီး တစ်နိုင်ငံလုံးနီးပါး ဗမာ့ကွန်မြူနစ်ပါတီ၊ ယင်းနောက် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်းနှင့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများက ချုပ်ကိုင်ထားသည်။ ပုံ၏ ဝဲဘက်တွင် လမေဆန် ကွန်တီနန်တယ်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ်က သမ္မတစဝ်ရွှေသိုက် ဧည့်ခံသော နေ့လည်စာစားပွဲ

၁၉၄၉ ခုနှစ် ဧပြီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်တွင် သမ္မတကြီး စဝ်ရွှေသိုက်မှ တည့်ခင်းဧည့်ခံသော နေ့လည်စာ စားပွဲကို ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်သည်။ ထိုအချိန်က ပြည်တွင်းစစ်သည် အထွတ်အထိပ်သို့ ရောက်နေပြီး ဗမာ့တပ်မတော်သည် အင်းစိန်မြို့နယ်၊ တွံတေးမြို့၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ တောင်ငူမြို့၊ ပြည်မြို့၊ မန္တလေးမြို့၊ မေမြို့နှင့် အခြားမြို့များစွာကို ပြန်လည်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ် အာဇာနည်နေ့ - ပြည်တွင်းစစ်မီးတောက်လောင်၊ စီးပွားရေး ကျဆင်း၊ တစ်နှစ်အတွင်း ငြိမ်းချမ်းမည်ဟု အစိုးရ ကတိပေး

၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသော အာဇာနည်များ လုပ်ကြံခံရသည့်နေ့ကို အာဇာနည်နေ့ အဖြစ် အထိမ်းအမှတ် ပြု၍ နှစ်စဥ် ကျင်းပခဲ့သည်။ ပုံတွင် ၁၉၄၉ ခုနှစ် အတွင်းဝန်များရုံး ကျင်းပခဲ့သည့်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို တွေ့မြင်ရသည်။  ထိုအချိန်က မြန်မာပြည်မှာ ပြည်တွင်းစစ်မီး အရှိန်အဟုန် အမြင့်ဆုံး အနေအထားတွင် ရှိနေခဲ့သည်။ တိုင်းပြည်၏ ဒေသ အတော်တော်များများသည်...

အပြည့်အစုံ ဖတ်ရန်