အမေ့ခံအတိတ်
အမေ့ခံအတိတ်

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁)

ဇွန် ၁၉၄၇
၁၉၄၇ ခုနှစ် ဇွန်လတွင် ဦးအောင်ဆန်း ဥပဒေပြုကောင်စီ အစည်းအဝေး တက်ရောက်ရန် အတွင်းဝန်များရုံးသို့ မသွားမီ ဒလဟိုဇီအောက်လမ်းတွင် ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်နေစဉ်။

၁ အောက်တိုဘာ ၁၉၄၇
ဗမာ့လွတ်လပ်ရေးစာချုပ်

အောက်တိုဘာ ၁ ရက်နေ့သည် ယူကေနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုဗမာနိုင်ငံ ယာယီအစိုးရတို့အကြား ဗမာပြည်လွတ်လပ်ရေးအတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့သောနေ့ နှစ်ပတ်လည်ဖြစ်ပါသည်။ ယင်းစာချုပ်မှာ နု-အက်တလီ စာချုပ်ဖြစ်၏။ ဦးနု(ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဘဏ္ဍာရေးဝန်ကြီး)နှင့် အခြားသူများ ခေါင်းဆောင်ကာ လအတော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော သဘောတူစာချုပ်ဖြစ်သည်။ ဦးနုနှင့် ယူကေဝန်ကြီးချုပ် ကလီမန့်အက်တလီတို့က လက်မှတ်ရေးထိုးခဲ့ပြီး သက်သေများအဖြစ် ဗိုလ်လက်ျာ (ကာကွယ်ရေးဝန်ကြီး)၊ ဦးတင်ထွဋ်၊ ယူကေနိုင်ငံခြားရေးဝန်ကြီး အာနက်စ်ဘီဗင်၊ ယူကေစီးပွားရေးဝန်ကြီး စတက်ဖို့ဒ် ကရစ္စနှင့် အခြား အစိုးရအဖွဲ့ဝင်...

၁၃ ဇူလိုင် ၁၉၄၇
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် မြန်မာနှင့် ကမ္ဘာကြီး အခြေအနေ

၁၉ ၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှနေ၍ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ)ရှိ ပရိသတ်ကို သူ၏နောက်ဆုံးမိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်း၌ ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက်ပိုမို စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့သည်။ စစ်ကြီးဒဏ်ကို အလူးအလဲခံခဲ့ရပြီး ဂျပန်တို့ လက်နက်ချသည်မှာ ၂ နှစ်ပင် မပြည့်သေး။ တိုင်းပြည်မှာ လက်နက်ကိုင် ပုန်ကုန်သူများလက်အောက်သို့ ကျရောက်နေပြီးဖြစ်သည်။ လက်နက်ကိုင်များထဲတွင် ကွန်မြူနစ်တပ်များ၊ အာရကန်မြောက်ပိုင်း (ယခုရခိုင်ပြည်နယ်)တွင် ပါကစ္စတန်ကိုထောက်ခံသူ မူဂျာဟီဒင်စသည်တို့ ပါဝင်သည်။...

၁၉၄၇
၁၉ ၄၇ ခုနှစ်က ဆူးလေဘုရားလမ်းမပေါ်ရှိ ပလေဒီယမ် (ပပဝင်း)ရုပ်ရှင်ရုံနှင့် ဂလုပ် (ဂုဏ်) ရုပ်ရှင်ရုံ

လွတ်လပ်ရေး မရမီ လအနည်းငယ်အလိုတွင် ၁၉ ၄၇ ခုနှစ်က ဆူးလေဘုရားလမ်းမပေါ်ရှိ ပလေဒီယမ် (ပပဝင်း)ရုပ်ရှင်ရုံနှင့် ဂလုပ် (ဂုဏ်) ရုပ်ရှင်ရုံ၌ ရုံတင်ပြသနေသည့် ဇာတ်ကားများမှာ ဒေါက်ကလတ်စ် ဖဲဘန့်ခ်စ်၏ “ပြည်ပြေး”နှင့် ရီတာဟေးဝါ့သ် နှင့် တိုင်ရုန်းပါဝါစ်တို့၏ “သောက်ကျိုးနည်း”တို့ ဖြစ်ကြသည်။ ဘေးကပ်လျက်တွင် နာမည်ကျော် စမာ့တ်အန်မူကာဒမ် စာအုပ်ဆိုင်ရှိသည်။ အဲရစ်ဘလဲ (ဂျော့်ချ်အိုဝဲလ်)နှင့် လူအတော်များများ သဘောကျသည့် စာအုပ်ဆိုင်ဖြစ်သည်။ ၁၉ ၄၂ ခုနှစ်တွင် ပလေဒီယမ်ရုံတွင် ဦးဖိုးစိန် ကပြဖျော်ဖြေရာ လာရောက်ကြည့်ရှုသူ အယောက် နှစ်ထောင်ကျော်ရှိခဲ့သည်။...

၁၂ ဖေဖော်ဝါရီ ၁၉၄၇
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့

(ဖေဖော်ဝါရီလ ၁၂ ရက်နေ့) ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ် “ပင်လုံစာချုပ်” ချုပ် ဆိုခဲ့သောနေ့၏ နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။

မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ဦးအောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဦးအောင်ဆန်းအား အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာအကူအညီပေးခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ (Labour Party) နိုင်ငံရေးခေါင်းဆောင်...

၂၇ ဇန်နဝါရီ ၁၉၄၇
အောင်ဆန်းအက်တလီ စာချုပ်

၁၉၄၇ ခုနစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် နောင်တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် ဆောင်ရွက်ပေးခဲ့သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ အခြားအရေးကိစ္စများ အပြင် စာချုပ်ထဲတွင် ထည့်သွင်းထားသော ရည်ရွယ်ချက် တစ်ခုမှာ “နယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သောသူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းရေး” ဖြစ်သည်။

၁၉၄၆ ခုနစ်နှောင်းပိုင်းတွင် ကလီမန့်အက်တလီ အစိုးရသည် မကြာမီ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသွားလျှင် အင်ပါယာ၏ အရှေ့မျက်နှာရှိ မြန်မာပြည်သည်လည်း...

၁၉ ဇူလိုင် ၁၉၄၈
၁၉ ၄၈ ခုနှစ် ပထမဦးဆုံးသော အာဇာနည်နေ့ အထိမ်းအမှတ်။

သြဂုတ် ၁၉၄၈
တိုင်းရင်းသားပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ

၁၉ ၄၈ ခုနှစ် သြဂုတ်လ - ကွန်မြူနစ် (အလံဖြူနှင့် အလံနီ) ပြည်သူ့ရဲဘော်အစည်းအရုံးနှင့် “မူဂျာဟီဒင်”လက်နက်ကိုင်ပုန်ကန်မှုများ အားကောင်းလာနေချိန်တွင် သမ္မတစပ်ရွှေသိုက်နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့သည် ရန်ကုန်ကော်ပိုရေးရှင်းအဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးစဉ်။ ထိုအချိန်တွင် မာရှယ်လော ကြေညာထားပြီး ဖြစ်သည်။ ထိုအခိုက် ဧရာဝတီမြစ်ဝှမ်းတလျှောက် ကရင်၊ ကချင်နှင့် ချင်း တပ်ရင်းများနှင့် မြန်မာကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်အစည်းအရုံးမှ လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိုအချိန် (ထိုတစ်ကြိမ်တည်းတွင်သာ) မြန်မာအစိုးရအဖွဲ့သည် ရှမ်းလူမျိုး သမ္မတ၊ ဗမာလူမျိုး ဝန်ကြီးချုပ် (ဦးနု)၊ ကရင်လူမျိုး...

၁၉၄၈
၁၉၄၈ ရွှေတိဂုံုဘုရားပုံ

ဤသည်မှာ ၁၉၄၈ ခုနှစ်တွင် နာမည်ကျော် ပြင်သစ်ဓာတ်ပုံဆရာ အွန်နရီကာတီရေဘရေဆွန် (Henri Cartier-Bresson) ရိုက်ကူးခဲ့သော ရွှေတိဂုံုဘုရားပုံ ဖြစ်သည်။ ပုံတွင် ဟိုတစ်ခေတ်က ခမ်းခမ်းနားနား ရှိလှခဲ့သော မြန်မာပြည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယခုတော့ အတိတ်မှ ခမ်းနားမှုမျိုးကို ကျွန်တော်တို့ ထာဝရ စွန့်လွှတ်လိုက်ပြီဟု ထင်ပါသည်။

၂၂ မတ် ၁၉၄၈
လော့ဒ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများ

ဓာတ်ပုံမှာ ၁၉၄၈ ခုနှစ် မတ်လ ၂၂ ရက်နေ့က နယူးဒေလီတွင် ရိုက်ကူးခဲ့သော လော့ဒ်မောင့်ဘက်တန် (Lord Mountbatten)၊ လေဒီမောင့်ဘက်တန်၊ (ဝဲဘက်တွင်) ဒေါ်အောင်ဆန်းစုကြည် နှင့် (ယာဘက်တွင်) ဦးအောင်ဆန်းဦးတို့ပုံ ဖြစ်သည်။ ထိုစဉ်က လော့ဒ်မောင့်ဘက်တန်သည် လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး ဘုရင်ခံချုပ် ဖြစ်သည်။ (အိန္ဒိယသည် ၁၉၄၇ ခုနှစ် သြဂုတ်လမှ ၁၉၅၀ ခုနှစ် ဇန်နဝါရီလအထိ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်ဖြစ်ခဲ့သည်။)

၄ ဇန်နဝါရီ ၁၉၄၈
၁၉၄၈ ခုနှစ် ရန်ကုန် ခေတ်လူငယ်စတိုင်

ဓာတ်ပုံမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ မနက်ခင်းတွင် ရိုက်ကူးထားသော ပုံ ဖြစ်သည်။

၁၉၄၈
ဟန်နရီ ကာတီယာ ဘရက်ဆန် (Henri Cartier-Bresson) ရိုက်ကူးသော နောက်ထပ် ပုံကောင်းတစ်ပုံ ။ ၁၉၄၈ ခုနှစ်က ရွှေတိဂုံစေတီတော်။

သြဂုတ် ၁၉၄၈
ရှမ်းပြည်နယ် ဟိုပုန်းမြို့၊ ၁၉ ၄၈ ခုနှစ် သြဂုတ်လ

(Henri Cartier-Bresson ရိုက်ကူးသည်။)

၂၈ ဖေဖော်ဝါရီ ၁၉၄၈
မြန်မာနိုင်ငံ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာစဉ်

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂနေ့ကျရောက်သည်။ ၁၉ ၄၇ ခုနှစ်တွင် (အင်အားကြီးငါးနိုင်ငံ တရုတ်၊ ပြင်သစ်၊ ယူကေ၊ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ သဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်) ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်စာတမ်း ပေါ်ပေါက်လာသည့်နေ့ကို ကုလသမဂ္ဂနေ့ဟု အထိမ်းအမှတ်ပြု သတ်မှတ်သည်။ နောင် နှစ်လကျော်ခန့်အကြာ မြန်မာပြည် လွတ်လပ်ရေးရသည်။ ပထမပုံမှာ အိုင်စီအက်စ် ဦးစိုးညွှန့် (ထိုစဉ်က ဝါရှင်တန်ရောက် မြန်မာသံအမတ်ကြီး)က ကုလသမဂ္ဂတွင် မြန်မာပြည် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် အထွေထွေအတွင်းမှူးချုပ် Trygvie Lie ထံသို့...

မတ် ၁၉၄၉
၁၉ ၄၉ ခုနှစ် ရန်ကုန်မြင်းကလပ်၌ တွေ့ရသော ဦးအုန်းခင်နှင့် ဗိုလ်နေဝင်း

၁၉၄၉
မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်၏ ၁၉၄၉ အိန္ဒိယခရီးစဉ်

ဖော်ပြပါဓာတ်ပုံမှာ ၁၉၄၉ ခုနှစ်၌ ဒေလီလေဆိပ်သို့နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင် ဆိုက်ရောက်လာစဉ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဆာအမ်မ်အေမောင်ကြီးနှင့် အခြားမြန်မာ၊ အိန္ဒိယအရာရှိများက ခရီးဦးကြိုဆိုကြစဉ် ရိုက်ကူးထားသောပုံဖြစ်သည်။ ဝန်ကြီးဦးဧမောင်နှင့် ဆာအမ်မ်အေမောင်ကြီးတို့နှစ်ဦးလုံး ဆေးပြင်းလိပ်(သို့မဟုတ်)ဆေးပေ့ါလိပ်များ သောက်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့ နိုင်ငံ၏အရေးကြီးပုဂ္ဂိုလ်များ လေဆိပ်သို့ဆိုက်ရောက်စဉ်ရောက်ခိုက် ဆေးလိပ်မီးညှိနေပုံဆိုသည်မှာ မြင်ရခဲလွန်းလှပါသည်။

မတ် ၁၉၄၉
၁၉၄၉ ခုနှစ် မတ်လက ပြည်တွင်းစစ်မီး အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေစဉ်ကာလ

ဤသည်မှာ ၁၉၄၉ ခုနှစ် မတ်လက ပြည်တွင်းစစ်မီး အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေစဉ်ကာလက ရိုက်ကူးခဲ့သောပုံ ဖြစ်သည်။ အစိုးရသည် ရန်ကုန်ကိုပင် အနိုင်နိုင် အုပ်ချုပ်နေခဲ့ရသည်။ မြန်မာတပ်မတော်သည် မြောက်ပိုင်းမှ ကွန်မြူနစ်တပ်များကို ခုခံရန် ပြင်ဆင်နေခဲ့သည်။ (ထိုစဉ်က ကွန်မြူနစ်-ကရင်တပ်များ ပူးပေါင်းကာ မန္တလေးမြို့ အပါအဝင် အထက်မြန်မာပြည်ရှိ မြို့အများအပြားကို သိမ်းပိုက်ထားခဲ့ပြီး အင်းစိန်နှင့် မင်္ဂလာဒုံုတို့သည်ပင် ရှေ့တန်းစစ်မြေပြင်များ ဖြစ်ခဲ့လေသည်။)

ဇူလိုင် ၁၉၄၉
၁၉၄၉ ခုနှစ် က အင်္ဂလန်ရောက် ဗိုလ်ချုပ်နေဝင်း

၁၉၄၉ ခုနှစ် ဇူလိုင်လက ဗိုလ်ချုပ်နေဝင်းသည် (ထိုစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး) ဦးလှမောင်၊ ဗိုလ်စြင်္ကာ၊ (ဗိုလ်ချုပ်နေဝင်းအတွက် ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးသူ - အမည်ပြောင် ဆံရှည် ခေါ်) ယူကေနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအုန်းတို့နှင့်အတူ ယူကေ နိုင်ငံခြားရေးရုံးတွင် တွေ့ရပုံ ဖြစ်သည်။ ထိုရက်သတ္တပတ် တစ်ပတ် ရှည်ကြာခဲ့သော ထိုခရီးစဉ်တွင် ဗြိတိသျှ နိုင်ငံခြားရေး အတွင်းဝန် အာနာ့စ်ဘဲဗင် (Ernest Bevin)နှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်နေဝင်းသည် ဝါရှင်တန်မြို့သို့ ခရီးဆက်ခဲ့သည်။...

၁၉၄၉
၁၉ ၄၉ ခုနှစ်ဝန်းကျင် ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည့် ဝိုင်အီးမိုဒန်းဘရားသား လက်နက်တိုက်ကြီး

၁၉ ၄၉ ခုနှစ်ဝန်းကျင် အမှတ် ၁၂၈ ဖဲယားလမ်းရှိ ဝိုင်အီးမိုဒန်းဘရားသားဆိုင်ဟောင်းကို တွေ့မြင်ရစဉ်။ ရောင်းကုန်များထဲတွင် “လက်နက်နှင့်ခဲယမ်းများ”လည်း ပါဝင်သည်။

၁၉၄၉
၁၉ ၄၉ ခုနှစ် အစိုးရဆန့်ကျင် ဆန္ဒပြပွဲ

၁၉ ၄၉ ခုနှစ် အစိုးရဆန့်ကျင် ဆန္ဒပြပွဲတစ်ခုကို ဆူးလေဘုရားလမ်းနှင့် မွန်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း)ထောင့်တွင် တွေ့ရစဉ်။ ထိုစဉ်က အစိုးရအာဏာသည် ရန်ကုန်မြို့တွင်သာ ရှိနေခဲ့သည်။ တစ်နိုင်ငံလုံးနီးပါး ဗမာ့ကွန်မြူနစ်ပါတီ၊ ယင်းနောက် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ လက်အောက် ရောက်ရှိနေလျက်ရှိသည်။ ပုံ၏ ဝဲဘက်တွင် လဲမေဆန် ကွန်တီနန်တယ် (နာမည်ကြီး ပြင်သစ်စားသောက်ဆိုင်)ကို တစ်စိတ်တစ်ပိုင်း မြင်ရပြီး ညာဘက်တွင် မြန်မာ့မီးရထားရုံး တွေ့နိုင်သည်။