ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅)
မြန်မာပြည်၏ နောက်ဆုံးသော မင်းဆက်တွင် တိုင်းပြည်သည် အကျယ်ပြန့်ဆုံး ဖြစ်ခဲ့ပြီး ယနေ့ခေတ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသများမှသည် ယနေ့ခေတ် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့ အထိ ကျယ်ပြန့်ခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစုနှောင်းပိုင်းများက ကုန်းဘောင်မင်း အဆက်ဆက် လက်ထက်များ၌ ယနေ့ခေတ်တွင် "ရိုးရာ" ဟု သတ်မှတ်ကြသည့် အနုပညာနှင့် ဗိသုကာလက်ရာများ ပေါ်ပေါက်လာခဲ့သည်။ အရှေ့အရပ်ရှိ ရှမ်းပြည်တွင် စော်ဘွားများက မိမိတို့၏ နယ်အသီးသီးကို အုပ်ချုပ်ကြပြီး ဧရာဝတီမြစ်ဝှမ်းဒေသရော၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်တို့နှင့်ပါ ချိတ်ဆက်မှုများ ရှိခဲ့သည်။
သို့သော် ၁၉ ရာစုနှစ် အလယ်ပိုင်းတွင်မူ ဗြိတိသျှအိန္ဒိယပြည်နှင့် အကြိမ်ကြိမ် စစ်ဖြစ်ပွားခဲ့ရာ အဆုံးတွင် မြန်မာပြည် ကျဆုံးခဲ့ရသည်။ တိုင်းတပါး၏ ကျူးကျော်ထိပါးမှုကို ရင်ဆိုင်နေရစဉ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီတိုးတက်ရေး အတွက် အရေးတကြီး ဆောင်ရွက်ခဲ့သော်လည်း ဗြိတိသျှတို့ တိုင်းပြည်ကို သိမ်းပိုက်လိုက်သောအခါ ထိုအားထုတ်မှုများ အဆုံးသတ်သွားခဲ့ရသည်။
ဤအပိုင်းတွင် ကုန်းဘောင်ခေတ်မှ စတင်၍ ယနေ့တိုင် တည်မြဲနေသည့် ရိုးရာဓလေ့များ အပြင် ပြုပြင်ပြောင်းလဲရေး ကာလမှ မေ့လျော့နေကြသည့် ဇာတ်ကြောင်းများ ပုဂ္ဂိုလ်များနှင့် ကိုလိုနီ အုပ်ချုပ်ရေးသို့ ကျရောက်သွားပုံများကို ဖော်ပြထားသည်။
၁၈၉၀ ပြည့်နှစ်များက မန္တလေးမြို့ စီလမ်းပေါ်တွင် တွေ့ရသော မိုင်းလုံမင်းသမီး၏ အသုဘ
မိုင်းလုံမင်းသမီး သုသီရိကေသာဝတီကို ၁၈၆၇ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်းနှင့် သရစိမ်းမြို့စား မိဖုရားတို့၏ သမီးတော် ဖြစ်သည်။ ၁၈၉၄ ခုနှစ်တွင် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သူ ကောလင်းမင်းသားနှင့် စုံဖက်ပြီး သားသမီးနှစ်ဦး ဖွားမြင်ကာ ၁၈၉၈ ခုနှစ် အသက် ၃၁ နှစ် အရွယ်တွင် ကံတော်ကုန်ခဲ့သည်။ သီပေါမင်းနှင့် မိသားစုသည် အိန္ဒိယပြည်သို့ ပြည်နှင်ခံထားရချိန်တွင်...
အပြည့်အစုံ ဖတ်ရန်သံချက်ဝန်ဦးမြူ
ဤရှားရှားပါးပါး ဓါတ်ပုံတွင် သံချက်ဝန် ဦးမြူကို မြင်ရသည်။ သံချက်ဝန် ဦးမြူ (နောင်တွင် မင်းကြီးမင်းလှ မဟာစည်သူကျော် ဘွဲ့ခံ) သည် အဝနန်းတွင်းရှိ မှူးမတ်မျိုးနွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီမြို့တွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် ပြင်သစ်ပြည် ဗဟိုဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း (École Centrale des...
အပြည့်အစုံ ဖတ်ရန်ပြင်သစ်ပြည်သို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့
၁၈၇၁ ခုနှစ်က ကင်းဝန်မင်းကြီး ဦးဆောင်သည့် သံအဖွဲ့သည် ပြင်သစ်ပြည်သို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့ ဖြစ်သည်။ မြန်မာတို့သည် ဥရောပတိုက်ရှိ အခြားသော အင်အားကြီးမျာနှင့် ပေါင်းသင်းနိုင်သည်ကို ဗြိတိသျှတို့အား ပြလို၍ သွားရောက်သည့် ခရီးစဥ် ဖြစ်သည်။ ထိုခရီးစဉ် အတွင်း ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် လုဗ်ပြတိုက် (Louvre) ၌ အီဂျစ်မမ်မီရုပ်အလောင်းများကို ကြည့်ရှုခြင်း၊ နပိုလီယံ၏...
အပြည့်အစုံ ဖတ်ရန်ကျိုင်းတုံမင်းသမီး စဝ်နန်းဒိပ်ဓိဋာ
ကျိုင်းတုံမင်းသမီး စဝ်နန်းဒိပ်ဓိဋာကို ၁၈၇၁ ခုနှစ်တွင် ဖွားမြင်သည်။ ကျိုင်းတုံမြို့၏ ၅၂ ဆက်နှင့် ၅၃ ဆက်မြောက် စော်ဘွားတို့၏ နှမတော် ဖြစ်ပြီး ကျိုင်းခမ်းစော်ဘွား၏ မဟာဒေဝီ ဖြစ်သည်။ ပါးရည်နပ်ရည် ရှိခြင်း၊ ဆွဲဆောင်မှု ရှိခြင်းတို့ကြောင့် နာမည်ကျော်ပြီး ဒေသခံများနှင့် ဗြိတိသျှတို့၏ သဘောကျလေးစားမှုကို ခံရရာ သြဇာသက်ရောက်ခဲ့သော အထင်ရပုဂ္ဂိုလ် ဖြစ်သည်။ ကျွမ်းကျင်ပါးနပ်သော စီးပွားရေးသမား...
အပြည့်အစုံ ဖတ်ရန်ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့
ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ် အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်း (the Henderson passenger...
အပြည့်အစုံ ဖတ်ရန်မင်းတုန်းမင်း လှူဒါန်းခဲ့သော ရွှေတိဂုံဘုရား ထီးတော်
၁၈၇၁ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ အပါအဝင် အောက်မြန်မာပြည် တစ်ခုလုံးကို သိမ်းယူထားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ကော်မရှင်နာမင်းကြီး ဆာအက်ရှ်လေအီဒင် (Sir Ashley Eden) က မင်းတုန်းမင်း အနေဖြင့် ထီးတော်သစ်ကို လှူဒါန်းမည် ဆိုပါက လှူဒါန်းနိုင်သည်၊ သို့သော် ဗြိတိသျှ အာဏာပိုင်များမှ တစ်ဆင့်ခံ လှူဒါန်းပေးမည်ဟု မလျှော့တမ်း ပြောသည်။ လှူဒါန်းနိုင်မည့်ပုံစံမှာ...
အပြည့်အစုံ ဖတ်ရန်၁၈၇၂ ခုနှစ် ပန်းသေးတော်လှန်ရေး
၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာ့လီပြည်ကို ပြန်လည်သိမ်းပိုက်နိုင်လိုက်ပြီး ပန်းသေးလူမျိုးတို့၏ ခေါင်းဆောင် ဒူဝမ်ရှု (Du Wenxiu) ကို ဖမ်းဆီးရမိသောကြောင့် ဆယ့်ခြောက်နှစ်တာ ကြာမြင့်ခဲ့သော ပန်းသေးတော်လှန်ရေး အဆုံးသတ်သွားခဲ့သည်။ အဖမ်းခံရသောအခါ ဒူဝမ်ရှုသည် ဘိန်းအလွန်အကျွံ သောက်သုံးခဲ့သော်လည်း သူ့အား ခေါင်းဖြတ်စီရင်လိုက်ကြသည်။ ထို့နောက် ဦးခေါင်းကို ပျားရည်တွင် စိမ်ကာ ဧကရာဇ်ထံသို့ လက်ဆောင်...
အပြည့်အစုံ ဖတ်ရန်ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား
၁၈၇၈ ခုနှစ်က ပျဉ်းမနားမင်းသားသည် နန်းတက်ရန် လျာထားခြင်း ခံရသော မင်းသားတစ်ပါး ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင်လည်း ယင်းအား ဂျပန်တို့က “မြန်မာဘုရင်” အဖြစ် တင်မြှောက်ရန် စဉ်းစားခဲ့ကြသေးသည်။ ၁၈၇၂ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်း၏ သားတော်၊ သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သည်။ မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းတက္ကသိုလ် (Dehra...
အပြည့်အစုံ ဖတ်ရန်၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်
၁၈၇၅ ခုနှစ်က ကင်းဝန်မင်းကြီး ကာလကတ္တားမြို့သို့ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ရှားပါးဓာတ်ပုံ ဖြစ်သည်။ ထိုခရီးစဉ်သည် အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို တစ်ကွေ့တစ်ပြောင်း ဖြစ်စေခဲ့သည်။ ထိုခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယအင်ပါယာသို့ တိုင်းခန်းလှည့်လည်ရန် ရောက်ရှိနေသည့် (နောင်တွင် အက်ဒ်ဝါ့ဒ် ၇ ဘုရင် King Edward VII ဖြစ်လာမည့်) ဝေလမင်းသားနှင့် တွေ့ဆုံရန် ဖြစ်သည်။ ထိုခရီးစဉ်သည် ယိုယွင်းပျက်စီးလာနေသော...
အပြည့်အစုံ ဖတ်ရန်သီပေါမင်းလက်ထက် ရည်မှန်းချက်များ
ဤသည်မှာ ရှားရှားပါးပါး တွေ့ရသည့် ငယ်ရွယ်သေးသော သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဓါတ်ပုံ ဖြစ်သည်။ ၁၈၇၈ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်း နန်းတက်ခဲ့သည်။ အာဏာရခါစတွင် တိုင်းပြည်ကို အစွမ်းကုန် ပြုပြင်ပြောင်းလဲလိုသည့် ကင်းဝန်မင်းကြီး ယောအတွင်းဝန်နှင့်တကွ ဥရောပတွင် ခေတ်မီပညာများ သင်ကြားလာကြသူများက ဦးဆောင်ခဲ့ကြပြီး အများက အလွယ်တကူ ယုံကြည်နေကြသလို အားနည်းသည့်အစိုးရ မဟုတ်ခဲ့ပါ။ ထိုစဉ်က သီပေါမင်း...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည်ကို သိမ်းပိုက်တော့မည်လား?
၁၈၇၉ ခုနှစ်က (ဂျွန်တန်နီယယ် (John Tenniel) ရေးဆွဲ၍) ပန့်ချ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ရုပ်ပြ ဖြစ်သည်။ ပုံတွင် အိန္ဒိယဘုရင်ခံ လော့လစ်တန် (Lord Lytton) က ဗြိတိသျှဝန်ကြီးများကို မြန်မာပြည်ကို သိမ်းယူနိုင်မည့် စစ်ပွဲကို တင်ပြနေစဥ် ၎င်းတို့က အခြားသော နိုင်ငံတကာ အရေးအခင်းများနှင့် အလုပ်များနေကြပုံ ဖြစ်သည်။ ဗြိတိသျှ နယ်ချဲ့ဝါဒီ အတော်များများသည်...
အပြည့်အစုံ ဖတ်ရန်"ဆင်ခိုးမလေး"
ဤဓါတ်ပုံသည် ၁၈၈၀ ပြည့်နှစ်များက မိဖုရား စုဖုရားလတ် အလွန် ချစ်ခင်နှစ်သက်သည့် နန်းတွင်းကချေသည် မရွှေမျှင်၏ပုံ ဖြစ်သည်။ သူ့အား ဆင်ခိုးမလေး ဟူသည့် နာမည်ဖြင့် လူသိများသည်။ မရွှေမျှင်ကို အလွန် မေတ္တာသက်ဝင်နေသော ရနောင်မင်းသား(မောင်တုတ်)က ဆင်ပေါ်တင်၍ ခိုးပြေးသည်ဟု သတင်းထွက်ရာမှ ထိုနာမည်ရရှိခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်မြို့သစ်မင်းသမီး
၁၈၈၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးထားခဲ့သော မင်းတုန်းမင်းနှင့် သရစိမ်းမြို့စား မိဖုရားတို့၏ သမီးတော် မြို့သစ်မင်းသမိး သုသီရိဟေမာဝတီ ဖြစ်သည်။ မူလက တိုင်တားမင်းသမီး ဖြစ်၍ နောင်တွင် မြို့သစ်မင်းသမီး ဖြစ်လာသည်။ သီပေါမင်းနှင့် ဖအေတူ မအေကွဲ မောင်နှမ ဖြစ်သော ကောလင်းမင်းသားနှင့် လက်ဆက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်ကျောက်မြောင်းမြို့စား၏ ဆင်းမလားခရီးစဉ်
၁၈၈၂ ခုနှစ်က ယခုကဲ့သို့သော ရက်သတ္တပတ်တွင် ဆော်ဘွန်းမြို့ (Sorbonne) တွင် ပညာသင်ယူခဲ့သော ကျောက်မြောင်းမြို့စားသည် အိန္ဒိယဘုရင်ခံ လော့ဒ်ရစ်ပွန် (Lord Ripon) နှင့် ဆွေးနွေးရန် ဆင်းမလားမြို့ (Simla) သို့ ရောက်ရှိနေခဲ့သည်။ ဤသည်မှာ စစ်မဖြစ်ရေး အတွက် နောက်ဆုံးကြိုးပမ်းအားထုတ်မှု ဖြစ်ပြီး များမကြာခင်တွင် ဖြစ်ပေါ်လာတော့မည့် မြန်မာပြည်တစ်ခုလုံး သိမ်းပိုက်ခံရခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်။...
အပြည့်အစုံ ဖတ်ရန်သီပေါမင်း၏ ဒုတိယသမီးတော်
သီပေါမင်း၏ ဒုတိယသမီးတော် မင်းသမီး အရှင်ထိပ်စုမြတ်ဖုရားလတ် သည် မိဘနှစ်ပါး ပြည်နှင်ဒဏ်ခံရသည့် ၁၈၈၅ ခုနှစ်တွင် အသက် ၂ နှစ် အရွယ်သာ ရှိသေးသည်။ ၁၉၁၆ ခုနှစ် အောက်တိုဘာလတွင် သူသည် ရတနာပုံနန်းတွင်း အမှုထမ်းမျိုးရိုးမှ လာသော ဦးခင်မောင်လတ်ဆိုသူနှင့် ခိုးရာလိုက်ပြေးကာ အိမ်ထောင်ကျခဲ့သည်။ ယင်းတို့နှစ်ဦးသည် ဟိမဝန္တာတောင်ခြေ၊ ဒါဂျီလင်းမြို့ (Darjeeling) အနီးရှိ ကလင်ပုံမြို့...
အပြည့်အစုံ ဖတ်ရန်အင်းဝမြို့တွင် မြန်မာတို့ လက်နက်ချရစဥ်
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်မြောင်းအတွင်းဝန်နှင့် ဝက်မစွပ်ဝန်ထောက်တို့သည် မြန်မာပြည် သိမ်းပိုက်ရေးတပ်၏ ဗိုလ်ချုပ်ကြီး ဆာဟယ်ရီပယ်ရီဒါဂက်စ် (Sir Harry Prendergast) နှင့် လက်နက်ချမည့်အကြောင်း ဆွေးနွေးရန် အင်းဝမြို့သို့ ရောက်ရှိလာခဲ့သည်။ အင်းဝခံတပ်၏ တပ်မှုး မြို့သစ်မြို့စားက ထိုနန်းတွင်းအမတ်နှစ်ဦး၏ အမိန့်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သီပေါမင်းက ကြေးနန်းဖြင့်...
အပြည့်အစုံ ဖတ်ရန်မင်းလှတိုက်ပွဲ
မြန်မာ့သမိုင်းတစ်လျှောက်တွင် ကံဆိုးမိုးမှောင်ကျရသော နေ့တစ်နေ့မှာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျီအက်စ်ဝှိုက် (GS White) လက်အောက်ရှိ ဗြိတိသျှနှင့် အိန္ဒိယတပ်များသည် မမျှော်လင့်ထားသည့် မြန်မာမြို့စောင့်တပ်၏ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံခြင်းကို အောင်နိုင်လိုက်ပြီးသည့်နောက် မင်းတပ်ခံတပ်ကို သိမ်းနိုင်ခဲ့သည်။ ယင်းမင်းလှခံတပ်မှာ အီတလီလက်ရာ ဖြစ်သည်။ မြန်မာဘက်မှ စစ်သားတစ်ရာကျော် ကျဆုံးခဲ့သည်။ ဗြိတိသျှတို့ဘက်မှ...
အပြည့်အစုံ ဖတ်ရန်စစ်ဖြစ်စေခဲ့သော ရာဇသံ
၁၈၈၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အိန္ဒိယဘုရင်ခံ လော့ဒ်ဒက်ဖရင် (Lord Dufferin) သည် မြန်မာပြည်၏ နိုင်ငံခြား ဆက်ဆံရေးများကို ဗြိတိသျှအိန္ဒိယ အင်ပါယာကသာ အမြဲတမ်း ကိုင်တွယ်သွားမည်ဟု ရာဇသံကို သီပေါမင်း အစိုးရထံ ပေးပို့ခဲ့သည်။ တရားဝင်အားဖြင့် ဘုံဘေဘားမား ကုမ္ပဏီ အငြင်းပွားမှုနှင့် ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အဖြစ် ထိုရာဇသံကို...
အပြည့်အစုံ ဖတ်ရန်မြန်မာပြည် ဗြိတိသျှလက်အောက် ကျရောက်သွားပြီးနောက်
၁၈၈၃ မှ ၁၈၈၅ ခုနှစ် အထိ ဘုရင့်အနီးမှ ပြုပြင်ပြောင်းလဲရေး လိုလားသော ကင်းဝန်မင်းကြီး ဦးဆောင်သည့် ယောအတွင်းဝန်၊ ဝက်မစွပ်ဝန်ထောက် စသည့် အမတ်များသည် ဘုရင့်အာဏာ တည်တံ့ရေး အတွက် လိုအပ်သည်ဟု ယင်းတို့ ယုံကြည်ထားသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ခဲ့ကြချေ။ နန်းတွင်းနှင့် တပ်မတော်တွင်းရှိ ရှေးရိုးစွဲအဖွဲ့များက အဆိုပြုထားသည့် ဖွဲ့စည်းပုံ...
အပြည့်အစုံ ဖတ်ရန်