အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂)

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ဗြိတိသျှလူမျိုးတို့သည် ယနေ့ခေတ် မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း အားလုံးကို ထိန်းချုပ်ထားခဲ့သည်။

ထိုသို့ အုပ်ချုပ်ခဲ့စဥ်က ဗြိတိသျှ မြန်မာပြည်သည် တည်ငြိမ်အေးချမ်းမှု မရှိဘဲ အပြောင်းအလဲများနှင့် ဆူပူထကြွမှုများကို ကြုံတွေ့ခဲ့ရသည်။ အိန္ဒိယပြည်တွင် ဆောင်ရွက်ခဲ့သကဲ့သို့ပင် နယ်ချဲ့အစိုးရက အုပ်ချုပ်နေသည့် မင်းဆက်တို့ကို ဖြုတ်ချရာ အိန္ဒိယပြည်၏ နောက်ဆုံးသောာ မဂိုဘုရင်ကို ရန်ကုန်မြို့တွင် လျှို့ဝှက်မြှုပ်နှံခဲ့ပြီး နောက်ဆုံးသော မြန်မာဘုရင်၏ အဆက်အနွယ်များကမူ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ (Kolkata) ၏ ဆင်းရဲသားရပ်ကွက်တွင် မွဲတေစွာ နေထိုင်ကြရသည်။

ဤကာလတွင် သရုပ်လက္ခဏာသစ်များနှင့် နိုင်ငံရေးစနစ်သစ်များ စူးစမ်းရှာဖွေခဲ့ကြပြီး ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကြရာမှ အထက်မြန်မာပြည် အနှံ့အပြားတွင် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာပြီး ဗြိတိသျှတို့က 'ငြိမ်ဝပ်ပိပြားရေး' အတွက် ဆောင်ရွက်ခဲ့ရသည်။ ထိုမှသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဆယ်စုနှစ်များ အတွင်း ပြင်းထန်သော နိုင်ငံရေး ဆွေးနွေးမှုများ၊ ဆန့်ကျင်ဆန္ဒပြခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေး အခင်းအကျင်းတွင် ဗြိတိန်နိုင်ငံတွင် ပညာသင်ခဲ့သည့် မြန်မာ့နိုင်ငံရေးသမားများနှင့် ၁၉၁၆ ခုနှစ်က အိုင်ယာလန်နိုင်ငံ၏ အီစတာ တော်လှန်ရေးကို အားကျသည့် ပြည်တွင်းဖြစ် နိုင်ငံရေး လှုပ်ရှားသူများ ရှိနေခဲ့သည်။ ပထမဆုံးသော ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဆယ်နှစ်အကြာတွင် လန်ဒန်မြို့ (London) ၌ ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယပြည်မှ ခွဲထုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသည်မှာ ၂၀ ရာစု မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပေသည်။

အင်ပါယာကြီးတွင် ပါဝင်လာ၍ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ တိုးတက်လာသည်နှင့် အမျှ မြန်မာပြည်သည် ယခင်ကနှင့် မတူတော့ဘဲ ကမ္ဘာအနှံံ့အပြားနှင့် အဆက်အစပ် ပိုများလာသည်။ ပထမကမ္ဘာစစ်တွင် ချင်းလူမျိုး၊ ကချင်လူမျိုး၊ မြန်မာလူမျိုးနှင့် ကရင်လူမျိုး ထောင်ချီ ပါဝင်ခဲ့ကြသလို ရန်ကုန်မြို့သည်လည်း ခရီးဝေးသွား ပုဂ္ဂလိက လေကြောင်းလိုင်းများ ခရီးတစ်ထောက် နားရာ ဖြစ်လာသည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး မတိုင်မီ အထိ ဆန်စပါး၊ ကျွန်းသစ်နှင့် ရေနံ တင်ပို့ရာမှ အကြီးအကျယ် မြတ်စွန်းကြပြီး လုပ်ငန်းများ တိုးတက်ကြီးပွားခဲ့ကြသည်။ တစ်ခေတ်တစ်ခါက ဘားမားရေနံကုမ္ပဏီသည် ကမ္ဘာတွင် အကြီးဆုံးသော နိုင်ငံတကာ ကုမ္ပဏီကြီး တစ်ခု ဖြစ်ခဲ့သည်။

၁၉၂၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးသော ချီလီလူမျိုး ကဗျာဆရာ ပါဘလိုနေရူးဒါ (Pablo Neruda) က ထိုခေတ်အခါများက ဗြိတိသျှ မြန်မာပြည်၏ မြို့တော်သည် "သွေးချွေးနှင့် ရွှေရောင်ခြယ် အိပ်မက်များ၏ မြို့တော်" ဟု ကဗျာတစ်ပုဒ်တွင် တင်စားဖူးလေသည်။

အီမိုရီတက္ကသိုလ်၏ ပထမဆုံးသော မြန်မာကျောင်းသား

ကိုကျော်ညွန့်သည် ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များ၏ အတ္တလန်တာ ကောလိပ် (Atlanta College of Physicians and Surgeons) တွင် ပထမဆုံးသော မြန်မာကျောင်းသား ဖြစ်သည်။ ထိုကောလိပ်သည် နောင်တွင် အမေရိကန်ပြည်ထောင်စု (USA)၊ ဂျော်ဂျီယာပြည်နယ် (Georgia) ရှိ အီမိုရီတက္ကသိုလ် (Emory University) ၏ ဆေးတက္ကသိုလ် ဖြစ်လာသည်။ သူသည် ‘ရန်ကုန်မြို့ရှိ...

အပြည့်အစုံ ဖတ်ရန်

၁၉၁၁ ခုနှစ်က ဒေလီဒါဘာပွဲလာသည့် ရှမ်းစော်ဘွားများ

၁၉၁၁ ခုနှစ်က ပဉ္စမမြောက် ဂျော့ချ်ဘုရင် (King George V) နှင့် ဘုရင်မမေရီ (Queen Mary) တို့ကို အိန္ဒိယပြည်၏ ဧကရာဇ်ဘုရင်နှင့် ဧကရီ အဖြစ် နန်းတက်သရဖူ အပ်နှင်းသည့် ဒေလီမြို့ (Delhi) ဒါဘာပွဲသို့ တက်ရောက်ခဲ့ကြသည့် ရှမ်းခေါင်းဆောင်များ အပါအဝင် အခြားထင်ရှားသော ခေါင်းဆောင်များကို ဓါတ်ပုံတွင် တွေ့ရသည်။ ထိုဒါဘာပွဲသည် ကမ္ဘာအရပ်ရပ်ရှိ...

အပြည့်အစုံ ဖတ်ရန်

ဂျာမန်တိရစ္ဆာန်ဉယျာဉ်မှ မြန်မာပြပွဲ

၁၉၁၃ ခုနှစ်တွင် ဘာလင်မြို့ (Berlin) အနီးရှိ ဟာဂန်ဘက် (Hagenbeck) တိရစ္ဆာန်ရုံ၌ ဘုန်းကြီးတစ်ပါး အပါအ၀င် မြန်မာအမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၅၀ ခန့်ကို ရုံသွင်း ပြသခဲ့သည်။ ၁၉၁၀ ပြည့်နှစ်များအတွင်း ဥရောပတစ်ခွင်တွင် လူသားများကို တိရစ္ဆာန်ဥယျာဉ်များ၌ ပွဲထုတ်ပြသခြင်း ခေတ်စားခဲ့သည်။ ထိုနယ်ပယ်၏ ရှေ့ဆောင်တစ်ဉီးမှာ ကားလ်ဟာဂန်ဘက် (Carl Hagenbeck)...

အပြည့်အစုံ ဖတ်ရန်

အီစတာတော်လှန်ရေး

"အီစတာ တော်လှန်ရေး"သည် ရန်ကုန်မြို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ကိုလိုနီလက်အောက်ခံများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အိုင်ယာလန်ပြည် (Ireland) တွင် ဗြိတိသျှ အုပ်ချုပ်ရေးကို လက်နက်ကိုင်၍ ဆန့်ကျင်တော်လှန်မှုသည် ၁၉၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် စတင်ခဲ့ပြီး အီစတာတစ်ပတ်လုံး ကြာမြင့်ခဲ့သည်။ ထိုတော်လှန်ရေးကြီးမှာ မအောင်မြင်သော်လည်း ဗြိတိသျှ အင်ပါယာတစ်ခုလုံး ဂယက်ရိုက်စေခဲ့သည်။ အထူးသဖြင့် ထိုစဥ်က...

အပြည့်အစုံ ဖတ်ရန်

ပထမကမ္ဘာစစ်ကြီး အတွင်း စစ်မှုထမ်းခဲ့သော မြန်မာများ

ပထမကမ္ဘာစစ်အတွင်းက  မြန်မာတို့ ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို လူအများ မေ့လျော့နေတတ်ကြပါသည်။ စစ်ကြီးအတွင်း မြန်မာ ထောင်နှင့်ချီကာ မိမိဆန္ဒအလျောက် စစ်ထဲဝင်ပြီး မက်ဆိုပိုတေးမီးယား (Mesopotamia, ယနေ့ခေတ် အီရတ်နိုင်ငံ Iraq) ဒေသတွင် စစ်မှုထမ်းခဲ့ကြသည်။ မြန်မာပြည်မှ စစ်သားများသည် စစ်ယာဉ်မောင်း၊ စစ်အင်ဂျင်နီယာ၊ အလုပ်ကြမ်းတပ်သား စသဖြင့် တာဝန်ယူခဲ့သည်။  ပြင်သစ်နိုင်ငံရှိ အနောက်စစ်မျက်နှာတန်း လုပ်သားတပ်ဖွဲ့တွင် ချင်းစစ်သည်များ အမှုထမ်းခဲ့သည်။၁၉၁၇-၁၉၁၈ ခုနှစ်များက...

အပြည့်အစုံ ဖတ်ရန်

ဂျာမနီအင်ပါယာကို ကန့်ကွက်သည့် ဆန္ဒပြပွဲ

၁၉၁၈ ခုနှစ်က ဂျာမန်ပြည်ကို ဆန့်ကျင်ဆန္ဒပြပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ ဆူးလေဘုရားလမ်းရှိ ဗဟိုမီးသတ်ဦးစီးဌာန ရှေ့တွင် ကိုင်ဇာဝီလ်ဟန် (Kaiser Wilhelm) ၏ ရုပ်တုကို မီးသတ်မျှော်စင်ပေါ်မှ တွဲလောင်းဆွဲကာ (ပုံတွင် ပင်လယ်ဓါးပြအလံ၏ အောက်တွင် မြင်ရသည်။) ဆန္ဒပြနေခြင်း ဖြစ်သည်။ ထိုနှစ်၏ နိုဝင်ဘာလတွင် ကိုင်ဇာဝီလ်ဟန် နန်းမစွန့်မီ လအနည်းငယ်က ဖြစ်ဟန်ရှိသည်။ ပထမကမ္ဘာစစ်ကြီး...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံတွင် ၁၉၁၈-၁၉၂၀ ခုနစ်များက ကြုံခဲ့ရသည့် စပိန်တုပ်ကွေး

၁၉၁၀ ပြည့်နှစ် အဆုံးပိုင်းကာလများသည် မြန်မာနိုင်ငံ အတွက် ကြီးမားသော နိုင်ငံရေး အပြောင်းအလဲများနှင့် အငြင်းအခုံများ ဖြစ်ပွားချိန် ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး အဆုံးသတ်သွားခဲ့ပြီး ထိုနှစ်နှောင်းပိုင်းတွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံကို အကန့်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်နေခဲ့သော်လည်း လန်ဒန်အစိုးရက မြန်မာပြည်ကို မကြာမီ...

အပြည့်အစုံ ဖတ်ရန်

အဲလစ်ကျွန်းရောက် ကရင်အမျိုးသမီး

၁၉၁၈ ခုနှစ်ဝန်းကျင်က အဲလစ်ကျွန်း (Ellis Island)သို့ ရောက်ရှိနေသော ကရင်အမျိုးသမီးငယ် မစ္စဆေးပေါ၏ ဓါတ်ပုံ ဖြစ်ပါသည်။။ သူမသည် နယူးယောက်မြို့ (New York) ရှိ အဲလစ်ကျွန်း (Ellis Island) တွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ ခေတ္တထိန်းသိမ်းခြင်းကို ခံခဲ့ရသေးသည်။ ပြီးနောက် မီရှီဂန်ပြည်နယ် (Michigan)၊ ဒီထရွိတ်မြို့ (Detroit) သို့ ခရီးဆက်ကာ...

အပြည့်အစုံ ဖတ်ရန်

၁၉၂၉ ခုနှစ် အမျိုးသားနေ့ ပန်းတနော်မြို့

၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားနေ့ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်က ဗြိတိသျှတို့ ပြဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် သမိုင်းဝင် ကျောင်းသားသပိတ် စတင်ခြင်း အထိမ်းအမှတ် အဖြစ် ထိုနေ့ကို အမျိုးသားနေ့ဟု မှတ်တမ်းပြုခဲ့သည်။ ရန်ကုန်မြို့တွင် ကမ်းဘရစ်ချ်/အောက်စဖို့ဒ် (Cambridge/Oxford) တက္ကသိုလ်များကဲ့သို့ အထူး သီးသန့်...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့ရုပ်ရှင်လောက

မြန်မာ့ရုပ်ရှင်သည် အာရှဒေသတွင် သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောကများထဲမှ တစ်ခု ဖြစ်ပြီး သက်တမ်းမှာ နှစ်တစ်ရာကျော်ပင် ရှိနေပြီ ဖြစ်သည်။ မြန်မာ့ ပထမဦးဆုံးသောရုပ်ရှင်မှာ ၁၉၂၀ ခုနှစ်က ဦးအုန်းမောင် ရိုက်ကူးသည့် ဦးထွန်းရှိန် (အမျိုးသားရေး ရှေ့နေ တစ်ဖြစ်လဲ ဗုဒ္ဓကလျာဏယုဝအသင်း ခေါင်းဆောင်) ၏ ဈာပန အခမ်းအနားကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် ရုပ်ရှင်သည်...

အပြည့်အစုံ ဖတ်ရန်

အင်ဂျင်တစ်လုံးဖြင့် ပျံသန်းသော လေယာဉ်တစ်စီး သံတွဲမြို့အနီး ပျက်ကျစဥ်

၁၉၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် သြစတြေးလျလူမျိုး ဂျွန်မက်ကင်တော့ရှ် (John McIntosh)နှင့် ရေးပါရာ (Ray Parer) တို့သည် အင်ဂျင်တစ်လုံးတည်း ပါသည့် လေယာဉ်ကို ပထမဆုံးအကြိမ် အဖြစ် လန်ဒန်မြို့ (London) (ဟောင်စ်လိုဟိသ် - Hounslow Heath) မှ သြစတေးလျနိုင်ငံ (Australia) ဒါဝင်မြို့ (Darwin) အထိ ပျံသန်းနိုင်ခဲ့သည်။ ပထမပုံတွင် စစ်တွေမြို့နှင့်...

အပြည့်အစုံ ဖတ်ရန်

မန္တလေးရောက် ဝေလမင်းသား

၁၉၂၂ ခုနှစ် ဇန်နဝါရီလက ၂၆ လမ်း (ဘီလမ်း)၊ မန္တလေးမြို့တွင် လှည့်လည်လာသည့် တော်ဝင် အခမ်းအနား ဖြစ်သည်။ ဝေလမင်းသား (နောင်တွင် အဌမမြောက် အက်ဒဝပ်ဘုရင်) နှင့် သူ၏ ဝမ်းကွဲညီအစ်ကို ဖြစ်သူ လော့လူဝီမောင့်ဘက်တန် (Lord Louis Mountbatten) တို့ အိန္ဒိယပြည်နှင့် မြန်မာပြည်သို့ အလည်အပတ် လာစဉ် မန္တလေးမြို့သို့ လာရောက်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်တွင် ပထမဦးဆုံး ရွေးကောက်ပွဲ

၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာပြည်၏ ပထမဦးဆုံးသော အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့သည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဥပဒေပြုကောင်စီအသစ်အတွက် ရွေးကောက်ပွဲများကို “ဗမာပြည်မ” (ရခိုင်ပြည်နယ် အပါအဝင် ယနေ့ခေတ်၏ ပြည်နယ်များ) အနှံ့အပြားတွင် ကျင်းပခဲ့သည်။ ဥပဒေပြုကောင်စီတွင် အမတ် ၁၀၃ နေရာအနက်မှ ၂၁ ဦးကို ဘုရင်ခံမှ တိုက်ရိုက်ရွေးချယ်...

အပြည့်အစုံ ဖတ်ရန်

၁၉၂၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ့ အထွေထွေရွေးကောက်ပွဲများ

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တလျှောက်တွင် အထွေထွေ ရွေးကောက်ပွဲ ၁၇ ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးဆုံး အထွေထွေ ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည်။ ထိုစဥ်က မြန်မာပြည်သည် ဗြိတိသျှ အိန္ဒိယ၏ လက်အောက်ခံ ဖြစ်နေသေးသည်။ ထိုရွေးကောက်ပွဲများမှာ နောင်လာမည့်နှစ်တွင် မြန်မာပြည်နှင့် အခြားသော အိန္ဒိယပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်စလောက်သာ ပေးမည့် "ဒိုင်အာခီ"...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်တွင် နေထိုင်ခဲ့ဖူးသော ကမ္ဘာကျော် နိုင်ငံခြားသားများ

၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် အသက် ၁၉ နှစ် အရွယ်သာ ရှိသေးသော အဲရစ်ဘလဲ (Eric Blair၊ နောင်တွင် ကလောင်အမည် ဂျော့အိုဝယ်လ် - George Orwell အမည်ဖြင့် ထင်ရှားလာခဲ့သူ) သည် မြန်မာနိုင်ငံ၊ ပြည်နယ်အဆင့် ပုလိပ်သင်တန်းကျောင်း တက်ရောက်ရန် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ သူသည် မြန်မာပြည်တွင် ငါးနှစ်ကြာ နေထိုင်ရင်း...

အပြည့်အစုံ ဖတ်ရန်

အစောပိုင်းက မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့

ပုံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ကို လန်ဒန်မြို့တွင် တွေ့ရသည့် မြင်ကွင်းဖြစ်ပါသည်။ ၁၉၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ဘာမင်ဂန်မြို့ (Birmingham) သို့ ပျံသန်းမည့် ဗြိတိသျှပြည်တွင်းလေကြောင်း ဝန်ဆောင်မှု၏ ဟန်ဒလေပေ့ချ် ဒဘယူအိတ် (Handley Page W8) တောင်ပံနှစ်ထပ် ခရီးသည်တင် လေယာဉ်ကြီးပေါ်သို့ တက်နေသည့် အခိုက် ဖြစ်သည်။ ဤသည်မှာ...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့ဒီမိုကရေစီ မွေးဖွားရာ အဆောက်အအုံ

ဝန်ကြီးများရုံးဝန်း အတွင်းရှိ ပုံပါအဆောက်အဦသည် မြန်မာနိုင်ငံ၏ အရေးပါလှသော သမိုင်းဝင် အဆောက်အအုံ ဖြစ်သည်။ ထိုအဆောက်အဦကို ၁၉၂၃ ခုနှစ်က အသစ်ဖွဲ့စည်းလိုက်သော ဥပဒေပြုကောင်စီ ရုံးစိုက်ရန် အတွက် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့သည်။ ၁၉၃၇ - ၁၉၄၂ ခုနှစ် အတွင်း ဒေါက်တာဘမော်၊ ဦးစော၊ ဦးပု စသည့် ဝန်ကြီးချုပ်များ လက်ထက်တွင် ပြည်သူ့လွှတ်တော်အဖြစ် တည်ရှိခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

အင်္ဂလန်မှ မြန်မာတန်း၊ ၁၉၂၄-၁၉၂၅ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီး

၁၉၂၄ - ၁၉၂၅ ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီးသည် ကမ္ဘာပေါ်တွင် ကျင်းပခဲ့ဖူးသည့် ပြပွဲများအနက်မှ အကြီးမားဆုံးသောပြပွဲကြီး ဖြစ်ခဲ့သည်။ (လန်ဒန်မြို့ - London အနီးတွင် တည်ရှိသော) ဝမ်ဘလီ (Wembley) သို့ ပြပွဲကို ကြည့်ရှုရန် လူပေါင်း ၂၇ သန်းကျော် လာရောက်ခဲ့သည်။ မြေဧက ရာပေါင်းများစွာကို နေရာယူထားသော ထိုပြပွဲကြီးတွင် အင်ဂျင်နီယာ၊ ကဗျာ၊ ဂီတ၊...

အပြည့်အစုံ ဖတ်ရန်

ပါးနပ်သည့် ကချင်ဒူဝါကြီး

ဒူဝါငလိုင်လ (Duwa Nga Lang La) သည် အထက်တြိဂံဒေသတွင် သြဇာကြီးသော ခခု (ကချင်) မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။ ဒူဝါးကြီးကို ဘုရင်ခံ ဆာဟားကုတ်ဘတ္တလာ (Sir Harcourt Butler) က ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ကချင်တောင်တန်းဒေသသည် ဝင်ရောက်လာသော ကိုလိုနီနယ်ချဲ့များကို အစွမ်းကုန် ခုခံတိုက်ခိုက်ပြီးနောက်...

အပြည့်အစုံ ဖတ်ရန်

နိုဘယ်လ်ဆုရှင် ကဗျာဆရာ ပါဘလိုနရူဒါ၏ မြန်မာပြည်မှ ချစ်ပုံပြင်

၁၉၂၇ ခုနှစ်တွင် ချီလီလူမျိုး ကဗျာဆရာ အနာဂတ် နိုဘယ်လ်ဆုရှင် ပါဘလိုနေရူဒါ (Pablo Neruda) တစ်ယောက် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မွေးနာမည် ရီကာဒို ရေးရက်စ် (Ricardo Reyes) ကို သုံးနေဆဲ သူသည် အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး မြန်မာနိုင်ငံဆိုင်ရာ ချီလီကောင်စစ်ဝန်သစ် အဖြစ် တာဝန်ပေးအပ်ခံရသည်။...

အပြည့်အစုံ ဖတ်ရန်

ကရင်အမျိုးသား အစည်းအရုံး တည်ထောင်သူ စောဘဦးကြီး

ဖော်ပြပါပုံမှာ ကရင်အမျိုးသား အစည်းအရုံး တည်ထောင်သူ စောဘဦးကြီး (လန်ဒန်မြို့ - London) မစ်ဒယ်တန်ပယ် (Middle Temple) တွင် ဝတ်လုံတော်ရရှေ့နေ ဖြစ်လာစဉ် ၁၉၂၉ ခုနှစ်က ရိုက်ကူးထားသော ပုံ ဖြစ်သည်။ နောင်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာမည့် ဦးသန့်၏ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု အတွေ့အကြုံမှာ နယူးယောက်မြို့...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ

၁၉၃၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် မန္တလေးမြို့မှ ဘဟာအီဘာသာရေး ခေါင်းဆောင်များကို တွေ့ရသည်။ ဘဟာအီဘာသာ ယုံကြည်သူများသည် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးနှင့် လူသိအနည်းဆုံးသော ဘာသာရေး လူနည်းစုများထဲမှ တစ်စု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဟာအီဘာသာ ယုံကြည်သူ ရှစ်သောင်းခန့် နေထိုင်လျက် ရှိသည်ဟု ခန့်မှန်းရသည်။ ဘဟာအီ ဘာသာသည် ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်ရောက် ပန်ဒစ်နေရူးနှင့် သမီးဖြစ်သူ အင်ဒီရာဂန္ဒီ

ပန်ဒစ်နေရူး (Pandit Nehru) နှင့် သမီးဖြစ်သူ အင်ဒီရာ ဂန္ဒီ (Indira Gandhi) တို့ကို စစ်တွေမြို့ အမျိုးသား အထက်တန်းကျောင်းတွင် တွေ့မြင်ရသော ရှားပါးဓာတ်ပုံကို ၁၉၃၀ ပြည့်နှစ်လယ် ကာလများက ရိုက်ကူးခဲ့ဟန် ရှိသည်။ ထိုနှစ်ကာလများက ပန်ဒစ်နေရူးသည် မြန်မာပြည်သို့ မကြာခဏ အလည်အပတ် လာရောက်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အမာခံ ထောက်ခံသူ တစ်ယောက်...

အပြည့်အစုံ ဖတ်ရန်

လန်ဒန်မြို့ရောက် သိန္နီစော်ဘွား

ဓါတ်ပုံတွင် ၁၉၃၁-၃၂ ခုနှစ်က မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် သိန္နီစော်ဘွား စဝ်ဟုန်ဖ လန်ဒန်မြို့သို့ ရောက်ရှိလာသည်ကို မြင်တွေ့နိုင်သည်။ မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသည် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်နိုင်စေရေး အတွက် အထောက်အပံ့ ဖြစ်ခဲ့သည့် အပြင် ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ အုပ်ချုပ်ခဲ့သော တစ်စိတ်တစ်ဒေသ...

အပြည့်အစုံ ဖတ်ရန်

တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်ရန် လန်ဒန်မြို့တွင် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာအမျိုးသမီးများ အတွက် ကိုယ်စားလှယ် စေလွှတ်နိုင်ခဲ့စဥ်

မစ္စမေအောင် (ဒေါ်မြစိန်) သည် ၁၉၃၁-၃၂ ခုနှစ်က လန်ဒန်မြို့ (London) တွင် ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစက ဘုရင်ခံ ဆာချားလ်စ်အင်းနက်စ် (Sir Charles Innes) သည် ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၀ ဦးကို ရွေးချယ်ရာ အမျိုးသားများသာ ပါဝင်ခဲ့သည်။ အမျိုးသမီး...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ

၁၉၃၁ ခုနှစ် ၊ နိုဝင်ဘာလတွင် မြန်မာပြည် ၏ အနာဂတ် ဖွဲ့စည်းအုပ်ချုပ်ပုံအတွက် သမိုင်းဝင် ဆွေးနွေးပွဲကို တက်ရောက်မည့် မြန်မာကိုယ်စားလှယ်များသည် လန်ဒန်မြို့ (London) သို့ တဖွဲဖွဲ ရောက်လာခဲ့ကြသည်။ ထိုကိုယ်စားလှယ်များထဲတွင် ဦးချစ်လှိုင်၊ မစ္စမေအောင် (ဒေါ်မြစိန်)၊ သာယာဝတီ ဦးပု၊ ဦးဘဖေ၊ ညောင်ရွှေစော်ဘွား၊ ဦးမောင်ကြီး နှင့် စောဆစ်ဒနီလူးနီတို့ ပါဝင်သည်။ ၁၉၃၂...

အပြည့်အစုံ ဖတ်ရန်

လန်ဒန်မြို့ရောက် ရှမ်းမင်းသမီး

၁၉၃၂ ခုနှစ်က မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မည့် အစ်ကိုဝမ်းကွဲနှင့် ခဲအိုတော်စပ်သူ သီပေါစော်ဘွားတို့နှင့် အတူ ရှမ်းမင်းသမီး စဝ်အုန်းညွန့်လည်း လန်ဒန်မြို့ (London) သို့ လိုက်ပါလာခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်မျှ နေသွားခဲ့သည်။ ဧည့်ခံပွဲတစ်ခုတွင် ဗြိတိသျှလူမျိုး ပုံတူဆွဲ ပန်းချီဆရာ ဂျဲရတ်ကဲလီ (Gerard Kelly) (၁၈၇၉-၁၉၇၂) နှင့် တွေ့ဆုံမိပြီး ပန်းချီဆရာ၏...

အပြည့်အစုံ ဖတ်ရန်

၁၉၃၅ ခုနှစ်က လန်ဒန်-ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းသော အင်ပီးရီးရယ်လေကြောင်းလိုင်း

ခရီးသည်တင် လေကြောင်းလိုင်းများ စတင်ပေါ်ပေါက်လာသည့် အစောပိုင်း ဆယ်စုနှစ်များတွင် အင်္ဂလန်နိုင်ငံ (England) မှ သြစတြေးလျနိုင်ငံ (Australia) သို့ ပျံသန်းသော ခရီးသည်နှင့် ကုန်တင်လေယာဉ်များသည် ရန်ကုန်မြို့တွင် ခရီးတစ်ထောက် နားလေ့ ရှိကြသည်။ အင်ပီရီရယ် လေကြောင်းလိုင်း (Imperial Airways) သည် ဗြိတိသျှ အစိုးရက "ဗြိတိန်နိုင်ငံနှင့် ပင်လယ်ရပ်ခြားတွင် တည်ရှိသည့် အကျိုးစီးပွားကို ချိတ်ဆက်ပေးရန်...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ရောက် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ်

၁၉၃၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ် (Amelia Earhart) သည် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ သူ၏ ခရီးစဉ်မှာ ကမ္ဘာကို တစ်ပတ်ပတ် ပျံသန်းရန် ဖြစ်သည်။ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ် အကြာတွင် သူသည် တောင်ပစိဖိတ် သမုဒ္ဒရာထက် ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သည်။ သူ၏ နောက်ဆုံးလေကြောင်းခရီးသည် ယနေ့တိုင်...

အပြည့်အစုံ ဖတ်ရန်

ခွဲရေးတွဲရေး ပြဿနာများ

မြန်မာပြည်ကို အိန္ဒိယပြည် (India) မှ ခွဲထုတ်လိုက်ခြင်းသည် ၂၀ ရာစုနှစ် မြန်မာ့သမိုင်းတွင် အရေးကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်ကို ငြင်းဆိုဖွယ်ရာ မရှိချေ။  ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှတို့ လက်အောက်မှ မြန်မာပြည် တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် လွတ်မြောက်မည်မှာ သေချာသလောက် ရှိခဲ့သည်။ သို့သော် ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သည် အိန္ဒိယပြည်မှ ခွဲမထွက်နိုင်ခဲ့လျှင် ၁၉၄၀...

အပြည့်အစုံ ဖတ်ရန်